Eleven Media Group

■ စီးရီးအေပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

အတ္တလန်တာ - ဗင်နီဇီယာ (မြန်မာစံတော်ချိန် မတ်လ ၁ ရက် ည ၈:၃၀ နာရီ)
အတ္တလန်တာက စီးရီးအေအိမ်ကွင်းနောက်ဆုံး နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ရမှတ်လေလွင့်မှုတချို့ရှိခဲ့တယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခဲ့ရလို့ ပြည်တွင်းပြိုင်ပွဲတွေကို အတ္တလန်တာအသင်း အာရုံပြန်စိုက်လိမ့်မယ်။ ဗင်နီဇီယာကလည်း တန်းမဆင်းရဖို့ ရုန်းကန်နေတဲ့အသင်းပါ။ ဒါပေမဲ့ ဒီပွဲတော့ ဗင်နီဇီယာအသင်း အလုပ်ဖြစ်မှာမဟုတ်ဘူး။ အတ္တလန်တာရဲ့ အနိုင်က ပြတ်သားသွားဖို့တောင်ရှိတယ်။


နာပိုလီ - အင်တာမီလန် (မြန်မာစံတော်ချိန် မတ်လ ၁ ရက် ည ၁၁:၃၀ နာရီ)
နာပိုလီက နောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး အဆင့်(၂)နေရာကို ရောက်သွားတယ်။ နည်းပြ ကွန်တီရဲ့အသင်းက နောက်ပိုင်းမှာ အမှားအယွင်းတွေများလာတယ်။ တိုက်စစ်ကို ဦးဆောင်နေတဲ့ လူကာကူကိုယ်တိုင် နောက်ပိုင်းပွဲတွေမှာ သွင်းဂိုးတွေအတွက် ရုန်းကန်လာရတယ်။ လက်ရှိချန်ပီယံ အင်တာမီလန်ကလည်း အဝေးကွင်းနောက်ဆုံးပွဲတွေမှာ ရှုံးပွဲတွေ တွေ့ခဲတယ်။ ဒါပေမဲ့ လော်တာရိုမာတီနက်ဇ်ဦးဆောင်လာမယ့် တိုက်စစ်က ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံးနေရာအတွက် အင်တာမီလန် ရလဒ်ကောင်းယူလိမ့်မယ်။


အူဒီးနီးစ် - ပါးမား (မြန်မာစံတော်ချိန် မတ်လ ၂ ရက် နံနက် ၂:၁၅ နာရီ)
အူဒီးနီးစ်က စီးရီးအေနောက်ဆုံး (၄)ပွဲမှာ (၁၀)မှတ်အထိ ရခဲ့ပေမဲ့ အထက်မရောက်၊ အောက်မရောက်အသင်းလို့ ဆိုရမှာပါ။ တန်းဆင်းဇုန်နဲ့ ခပ်ဝေးဝေးကို ရောက်ဖို့ကြိုးစားနေတဲ့ ပါးမားကို ကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group