
လိုက်ပ်ဇစ် - မိန့်ဇ် (မြန်မာစံတော်ချိန် မတ်လ ၁ ရက် ည ၉:၀၀ နာရီ)
အမှတ်ပေးဇယားမှာ အထက်အောက်နဲ့ ရမှတ်တူနှစ်သင်း တွေ့ဆုံကြတာပါ။ လိုက်ပ်ဇစ်အသင်း ခြောက်ပွဲဆက်တိုက် ရှုံးပွဲမရှိပေမဲ့ ငါးပွဲအထိ သရေကျခဲ့တယ်။ လိုက်ပ်ဇစ် သရေထပ်ကျရင် အံ့ဩစရာမရှိပါဘူး။
ဟိုင်းဟိုင် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် မတ်လ ၁ ရက် ည ၉:၀၀ နာရီ)
ဟိုင်းဟိုင်အသင်း လိုက်ပ်ဇစ်ကို သရေကစားပြီး ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့တယ်။ ဒီပွဲလည်း ဟိုင်းဟိုင်အသင်း သရေရနိုင်တယ်။
၀ါဒါဘရီမင် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် မတ်လ ၁ ရက် ည ၉:၀၀ နာရီ)
ဝုလ်ဖ်ဘတ်အသင်း (၅)ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ပေမဲ့ သရေပွဲတွေ များနေတယ်။ ဒီပွဲလည်း ဝုလ်ဖ်ဘတ်အနေနဲ့ ရှုံးဖို့တော့ မရှိပါဘူး။
ဘိုဟုမ် - ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် မတ်လ ၁ ရက် ည ၉:၀၀ နာရီ)
ဘိုဟုမ်အသင်း သုံးပွဲဆက်တိုက် အမှတ်ယူခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ ရလဒ်ပြန်ကောင်းလာတဲ့ ဟော်ဖန်ဟင်မ် အမှတ်ရဦးမယ်။
ဆန့်ပေါ်လီ - ဒေါ့မွန် (မြန်မာစံတော်ချိန် မတ်လ ၁ ရက် ည ၉:၀၀ နာရီ)
ဒေါ့မွန်အသင်းက အူန်ယွန်းဘာလင်ကို ဂိုးပြတ်သွင်းခဲ့ပြီး နည်းပြသစ်လက်ထက် ပထမဆုံး ဘွန်ဒစ်လီဂါနိုင်ပွဲ ရရှိခဲ့တယ်။ ဆန့်ပေါ်လီအသင်း ရှုံးပွဲဆက်နေလို့ ဒေါ့မွန်ပဲ ရွေးချယ်တာ ပို ကောင်းမယ်။
ဖရန့်ဖတ် - လေဗာကူဆင် (မြန်မာစံတော်ချိန် မတ်လ ၁ ရက် ည ၁၂:၀၀ နာရီ)
လေဗာကူဆင်အသင်းက အခုအခြေအနေအတိုင်းဆိုရင် ထိပ်ဆုံးက ဘိုင်ယန်ကို လိုက်မီဖို့ အတော်ခက်ခဲသွားပြီ။ ဒီပွဲပြီးရင်လည်း ဘိုင်ယန်အသင်းနဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ပွဲ ကစားရဖို့ရှိတာကလည်း လေဗာကူဆင်ကို ယုံကြည်ဖို့တော့ ခက်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဖရန့်ဖတ်ကွင်းမှာ လေဗာကူဆင် အနိုင်ကစားခဲ့ပေမဲ့ အဲဒီမတိုင်ခင် (၅)ပွဲဆက်တိုက် အရေးနိမ့်ခဲ့တာဖြစ်တယ်။ ဖရန့်ဖတ်ကလည်း ကြားရက်မှာ အေဂျက်စ်အသင်းနဲ့ ယူရိုပါလိဂ်အဝေးကွင်းပွဲ ကစားဖို့ ရှိနေပါတယ်။ အဝေးကွင်းမှာ လေဗာကူဆင်အသင်း အနိုင်ရဖို့ မလွယ်ပါဘူး။