
စိန့်အက်တီယန် - နိုက်စ် (မြန်မာစံတော်ချိန် မတ်လ ၁ ရက် ည ၁၀:၃၀ နာရီ)
နိုက်စ်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပွဲတိုင်းကို အားစိုက်ကစားနေတယ်။ စိန့်အက်တီယန်က တန်းဆင်းဇုန်ကလွတ်ဖို့ ရုန်းကန်နေပေမဲ့ နိုက်စ်ကိုပဲ ကြိုက်တယ်။
လန်းစ် - လူအယ်ဗာ (မြန်မာစံတော်ချိန် မတ်လ ၂ ရက် နံနက် ၀၀:၃၀ နာရီ)
လန်းစ်က လီဂူး (၃)ပွဲဆက် ရှုံးပြီး အဆင့် (၈)အထိကျဆင်းသွားတယ်။ လီအယ်ဗာက အဝေးကွင်းနောက်ဆုံးပွဲမှာ လိုင်လီကို နိုင်ခဲ့တယ်။ လူအယ်ဗာနဲ့ အရဲစွန့်သင့်တယ်။
PSG - လိုင်လီ (မြန်မာစံတော်ချိန် မတ်လ ၂ ရက် နံနက် ၂:၃၅ နာရီ)
(၂)သင်းစလုံး ဒီပွဲပြီးရင် ချန်ပီယံလိဂ်အရေးကြီး ရှုံးထွက်ပွဲတွေ ကစားရမှာကြောင့် အရန်ကစားသမားအများစုနဲ့ ပွဲထွက်လာနိုင်တယ်။ PSG က ပိုကောင်းတဲ့အသင်းဖြစ်သလို၊ ပထမအကျော့တွေ့ဆုံမှုမှာ အနိုင်ရခဲ့ပေမဲ့ ဒီပွဲကိုတော့ ထင်သလောက်အားစိုက်မယ်မထင်ဘူး။ လိုင်လီက PSG နဲ့တွေ့ဆုံတဲ့ လီဂူးနောက်ဆုံး (၇)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ အသင်းဖြစ်ပြီး အဲဒီ (၇)ပွဲမှာ (၆)ပွဲအထိ ရှုံးခဲ့တယ်။ ဒါ့အပြင် လိုင်လီအသင်းအနေနဲ့လည်း သရေရလဒ်အတွက်ပဲ ဦးတည်ကစားသွားဖို့ များနေတယ်။ (၂)သင်းပေါင်းသွင်းဂိုးနည်းနိုင်ပြီး (ဝ-ဝ)၊ (၁-၁) ရလဒ်တွေ ဖြစ်နိုင်တယ်။