Eleven Media Group

■ လာလီဂါပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ဂျီရိုနာ - ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် မတ်လ ၁ ရက် ည ၇:၃၀ နာရီ)
ဂျီရိုနာ ရှုံးပွဲတွေဆက်နေချိန်မှာ ဆယ်လ်တာကတော့ ကစားအား ပြန်တက်လာသလို တွေ့ရတယ်။ ဒါပေမဲ့ အဝေးကွင်းမှာတော့ ဆယ်လ်တာ အနိုင်ရအောင် ကစားနိုင်တဲ့ ခြေစွမ်းမျိုး မတွေ့ ရသေးဘူး။ အိမ်ကွင်းဆိုရင် အမှတ်ရအောင် ကစားလေ့ရှိတဲ့ ဂျီရိုနာနဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။


ဗယ်လက်ကာနို - ဆီဗီလာ (မြန်မာစံတော်ချိန် မတ်လ ၁ ရက် ည ၉:၄၅ နာရီ)
အခုနောက်ပိုင်း ဗယ်လက်ကာနိုအသင်း ခံစစ်ကစားပုံကောင်းပေမဲ့ တိုက်စစ်ပိုင်းကတော့ ဂိုးရဖို့ ခက်လာတာ တွေ့ရတယ်၊ ဆီဗီလာကတော့ အခုတလော အဝေးကွင်းကစားအား သိသိသာသာ တက်လာတာကို တွေ့ရတယ်။ ဒါပေမဲ့ ဆီဗီလာအသင်းရဲ့ တိုက်စစ်ပိုင်းကတော့ ခံစစ်အားကောင်းတဲ့ အသင်း တွေနဲ့ဆိုရင် ဂိုးရဖို့ ခက်နေတတ်သေးတယ်။ ဂိုးအနည်းသရေပွဲလောက်ပဲ မှန်းထားချင်တယ်။


ဘက်တစ် - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် မတ်လ ၁ ရက် ည ၁၂:၀၀ နာရီ)
ရီးယဲလ်အတွက် ခက်ခဲမယ့်ပွဲပါ။ ရီးယဲလ်ရဲ့ အဝေးကွင်းခြေစွမ်းက စိတ်မရသေးဘူး။ ဘက်တစ်ကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ (၂) ပွဲစလုံး သရေကျထားလို့ ဒီပွဲမှာလည်း ရီးယဲလ်တို့ အနိုင်ရဖို့ ရုန်းကန်ရလိမ့်မယ်။ ဘက်တစ်ကတော့ အန်တိုနီ ရောက်လာပြီးနောက်ပိုင်း ကစားပုံပြန်တက်လာပေမဲ့ တိုက်စစ်ပိုင်းက တော့ အဝေးကွင်းမှာဆိုရင် ရုန်းကန်ရလေ့ရှိတယ်။ ဒါပေမဲ့ ဘက်တစ်က ရီးယဲလ်နဲ့ ရင်ဆိုင်ရတိုင်း သတိထားကစားလို့ ဒီပွဲမှာလည်း အိမ်ကွင်းမှာ အမှတ်ရအောင် ယူနိုင်မယ်ထင်တယ်။ ဂိုးအနည်း သရေပွဲဖြစ်သွားနိုင်တယ်။


အက်သလက်တီကို - ဘီလ်ဘာအို (မြန်မာစံတော်ချိန် မတ်လ ၂ ရက် နံနက် ၂:၃၀ နာရီ)
အဆင့်အထက်အောက် နှစ်သင်းရဲ့ပွဲဆိုတော့ အကြိတ်အနယ်ရှိမှာ သေချာတယ်။ အက်သလက်တီကိုက ဘာစီလိုနာနဲ့ စပိန်ဘုရင့်ဖလားပွဲ ကစားခဲ့လို့ ပွဲပန်းနိုင်ပေမဲ့ အိမ်ကွင်းမှာကစားရမှာဆိုတော့ သိပ်ပြီးစိုးရိမ်စရာ မရှိဘူးထင်တယ်။ ဘီလ်ဘာအို ကစားပုံကောင်းပေမဲ့ အဝေးကွင်းဆို ရုန်းကန်ရလေ့ရှိတယ်။ အ ခုပွဲမှာ ဘီလ်ဘာအို အလွန်ဆုံးကစားနိုင်မှ သရေလို့ပဲ ထင်တယ်။ ဂိုးများနိုင်တယ်။

မူရင်းသတင်း — Eleven Media Group