
နယူးကာဆယ် - ဘရိုက်တန် (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၈:၁၅ နာရီ)
မနှစ်က FA ဖလား ဗိုလ်လုပွဲအထိတက်ခဲ့တဲ့ နယူးကာဆယ်အသင်းက ဒီရာသီမှာလည်း ဘရွမ်လေနဲ့ ဘာမင်ဂမ်တို့ ကို အနိုင်ယူပြီး ဒီအဆင့်အထိ တက်လာတယ်။ အခု ဒီပွဲမှာနိုင်ရင် FA ဖလား ကွာတားဖိုင်နယ်အဆင့်အထိ တက်နိုင်မှာဖြစ်တယ်။ ဘရိုက်တန်အသင်းကတော့ ပြီးခဲ့တဲ့အဆင့်တွေမှာ နောဝစ်ချ်ကို အဝေးကွင်းမှာ ဂိုးပြတ်နိုင်၊ ချယ်လ်ဆီးကို အိမ်ကွင်းမှာ အနိုင်ယူပြီး ဒီအဆင့်အထိရောက်လာခြင်းဖြစ်တယ်။ နှစ်သင်းစလုံးပုံစံကောင်းပြနေကြပြီး ဘရိုက်တန်ကတော့ နောက်ဆုံး (၄) ပွဲဆက်နိုင်ထားတာကိုတွေ့ရတယ်။ ဒီပွဲက မိနစ် (၉၀) သရေကျပြီး အချိန်ပို၊ ပယ်နယ်တီအထိ ရောက်သွားနိုင်တယ်။
မန်ယူ - ဖူလ်ဟမ် (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၁၁:၀၀ နာရီ)
မန်ယူနိုက်တက်အသင်းက အစ်ဝစ်ချ်တောင်းနဲ့ ပွဲမတိုင်ခင် နောက်ဆုံးနှစ်ပွဲမှာတော့ စပါးကိုရှုံးပြီး အဲဗာတန်နဲ့ သရေကျ ခဲ့တယ်။ ရလဒ်တွေ အရမ်းမကောင်းသေးပေမယ့် တိုက်စစ်ပိုင်းကတော့ ဂိုးတွေပုံမှန်ရလာတာ တွေ့ရတယ်။ အသင်းလိုက်ကစားဟန်ပိုင်းမှာ တိုးတက်မှုလိုအပ်နေသေးပြီး ကွင်းလယ်မှာတော့ လုပ်အားနှုန်းတိုးတက်လာခဲ့တယ်။ ဖူလ်ဟမ်က မန်ယူနိုက်တက်အတွက် လူစုံထုတ်ကစားမယ်ဆိုရင်တောင် အန္တရာယ်များတဲ့အသင်းပါ။ ပေါ်တူဂီလူမျိုးနည်းပြနှစ်ဦး ထိပ်တိုက်တွေ့တဲ့ ပွဲဖြစ်ပြီး မာကိုဆေးလ်ဗားရဲ့အသင်းက ပိုကောင်းနေပါတယ်။ ဖူလ်ဟမ်ကို ကြိုက်တယ်။