Eleven Media Group

■ လာလီဂါပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

လီဟာနက်စ် - ဂီတာဖေး (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၇:၃၀ နာရီ)
လီဟာနက်စ်အိမ်ကွင်းကစားအား ကျသွားတဲ့အပြင် ခံစစ်ကစားပုံလည်း လျော့နေတယ်။ ဂီတာဖေးကလည်း အခုတလော အဝေးကွင်းမှာ ကစားပုံပိုကောင်းနေသလိုပဲ။ ဒီခြေစွမ်းနဲ့ဆို အခုအဝေးကွင်းမှာ အမှတ်ရအောင် ယူနိုင်စွမ်းရှိနေတယ်။ ဂီတာဖေးနဲ့ ဂိုးအနည်းပဲ ပိုကြိုက်နေမိတယ်။


ဘာစီလိုနာ - ဆိုစီဒက် (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၉:၄၅ နာရီ)
ဘာစီလိုနာ ရှုံးကြွေးပြန်ဆပ်ရမယ့် နောက်တစ်ပွဲပါ။ လက်စ်ပါမားစ်ကို ရှုံးကြွေးဆပ်ပြီးနောက် အခု ဆိုစီဒက်ကို အိမ်ကွင်းမှာ အကြွေးပြန်ဆပ်ရတော့မယ်။ လတ်တလောမှာ နှစ်သင်းလုံး ခြေမှန်နေကြပေမဲ့ ဆိုစီဒက်က ပွဲဆက်များပြီး ပွဲပန်းမှုဒဏ်ကို ပိုခံနေရနိုင်တယ်။ ဘာစီလိုနာက ဂိုးသမား ဆက်ဇ်စနီကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုပြီးနောက်မှာ ပေးဂိုးတွေ ပိုလျော့လာပြီး Clean Sheet တွေ ပိုရလာတယ်။ ဘာစီလိုနာတိုက်စစ်က အနည်းငယ်ကျလာပြီး ဆိုစီဒက်ကလည်း ခံစစ်အသားပေးကစားလာလို့ ဒီပွဲမှာ ဂိုးရရေးအတွက် ခက်ခဲနိုင်တယ်။ ဘာစီလိုနာနဲ့ ဂိုးအနည်းပဲ ရွေးထားရင် ကောင်းမယ်ထင်တယ်။


မာယော့ကာ - အလာဗတ်စ် (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၁၂:၀၀ နာရီ)
မာယော့ကာအိမ်ကွင်းကစားအား ပုံမှန်ဖြစ်လာတာကို တွေ့ရတယ်။ အလာဗတ်စ်အဝေးကွင်း ကစားပုံမဆိုးပေမဲ့ တိုက်စစ်က ဂိုးသွင်းနှုန်း ပုံမှန်မရှိလို့ ခံစစ်မာတဲ့ မာယော့ကာကို ဂိုးရဖို့ မလွယ်နိုင်ဘူး။ မာယော့ကာနဲ့ ဂိုးအနည်းပါပဲ။


အိုဆာဆူနာ - ဗလင်စီယာ (မြန်မာစံတော်ချိန် မတ်လ ၃ ရက် နံနက် ၂:၃၀ နာရီ)
အစဉ်အလာအရတော့ အိုဆာဆူနာကွင်းမှာ ဗလင်စီယာ ခြေစွမ်းပြလေ့ရှိတယ်။ လက်ရှိမှာလည်း ဗလင်စီယာ အမှတ်ရှာနေချိန်ဖြစ်လို့ အမှတ်ရအောင် ယူသွားမယ်ထင်တယ်။ ဂိုးနည်းမယ်။ သရေကျမယ်။

မူရင်းသတင်း — Eleven Media Group