Eleven Media Group

■ စီးရီးအေပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

မွန်ဇာ - တိုရီနို (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၆:၀၀ နာရီ)
မွန်ဇာက တကယ်ကို စိတ်ပျက်စရာဖြစ်ပြီး အရမ်းညံ့လွန်းတယ်လို့ပဲ ဆိုရမယ်။ တိုရီနိုကတော့ နောက်ဆုံးပွဲမှာ အေစီမီလန်ကိုတောင် အနိုင်ကစားခဲ့တယ်။ ဒီပွဲလည်း မွန်ဇာ ရှုံးဦးမယ့်ပွဲပါပဲ။


ဘိုလော့ဂ်နာ - ကာဂလီယာရီ (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၈:၃၀ နာရီ)
ဘိုလော့ဂ်နာက ဥရောပဝင်ခွင့် ပစ်မှတ်ထားနေပြီး အေစီမီလန်နဲ့ပွဲမတိုင်မီ စီးရီးအေအိမ်ကွင်း (၃)ပွဲဆက် အနိုင်ရခဲ့တယ်။ ကာဂလီယာရီက အဝေးကွင်းကစားပုံ မကောင်းဘူး။ ဘိုလော့ဂ်နာ အနိုင်သေချာတယ်။


ဂျီနိုအာ - အမ်ပိုလီ (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၈:၃၀ နာရီ)
ဒီ (၂)သင်းတွေ့ဆုံတဲ့ စီးရီးအေနောက်ဆုံး (၅)ပွဲမှာ (၄) ပွဲက သရေပွဲတွေ ဖြစ်ခဲ့တယ်။ ဂျီနိုအာက ပိုကောင်းတဲ့အသင်းဖြစ်ပေမဲ့ အမ်ပိုလီ အမှတ်ရမယ်ထင်တယ်။ အမ်ပိုလီ အနည်းဆုံး သရေရမယ်။


ရိုးမား - ကိုမို (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၁၁:၃၀ နာရီ)
ရိုးမားက စီးရီးအေနောက်ဆုံး (၁၀)ပွဲဆက် ရှုံးပွဲမရှိကစားထားပြီး နောက်ဆုံး(၃)ပွဲဆက်ကိုလည်း ပေးဂိုးမဲ့ နိုင်ပွဲတွေ ရယူနိုင်ခဲ့တယ်။ ကိုမိုကို ပထမအကျော့က ရှုံးခဲ့ပေမဲ့ ဒီပွဲတော့ ရိုးမားအသင်း လက်စားချေလိမ့်မယ်။ (၂)သင်းပေါင်းသွင်းဂိုး များနိုင်ပါတယ်။


အေစီမီလန် - လာဇီယို (မြန်မာစံတော်ချိန် မတ်လ ၃ ရက် နံနက် ၂:၁၅ နာရီ)
နည်းပြ ကွန်ဆေးဆာအို လက်ထက်မှာ အေစီမီလန်အသင်းအနေနဲ့ ကွင်းတွင်းခြေစွမ်းတိုးတက်လာတယ်လို့ ဆိုနိုင်ပေမဲ့ ရလဒ်ပိုင်းကတော့ တည်ငြိမ်မှုကင်းမဲ့နေဆဲပါပဲ။ တိုရီနိုကို ရှုံးခဲ့တဲ့ပွဲမှာဆိုရင် အေစီမီလန်ရဲ့ ခံစစ်က အတော်လေးကို ဆိုးရွားခဲ့တယ်။ လာဇီယိုကလည်း နောက်ဆုံး (၄)ပွဲဆက် ရှုံးပွဲမရှိ ကစားထားပေမဲ့ အေစီမီလန်နဲ့ ရင်ဆိုင်ရတဲ့ပွဲတွေဆိုရင် ရုန်းကန်လာရတာ တွေ့ရတယ်။ အိမ်ကွင်းမှာ အေစီမီလန်အသင်း အနိုင်ရဖို့ ကြိုးစားလိမ့်မယ်။ (၂-ဝ၊ ၂-၁)ရလဒ်မျိုးတွေနဲ့ အေစီမီလန် နိုင်မယ်။

မူရင်းသတင်း — Eleven Media Group