
လိုင်ယွန် - ဘရက်စ် (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၈:၃၀ နာရီ)
ဥရောပဝင်ခွင့်တိုက်ပွဲဖြစ်ပြီး ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်တယ်။ လိုင်ယွန်က အိမ်ကွင်းစွမ်းဆောင်ရည်ကောင်းတွေ ပြသနေပြီး ဘရက်စ်ကလည်း လီဂူးအဝေးကွင်း (၄)ပွဲဆက် မရှုံးခဲ့ဘူး။ ဒါပေမဲ့ လိုင်ယွန်ကိုပဲ ကြိုက်တယ်။
မောင့်ပယ်လီယာ - ရန်းစ် (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၁၀:၄၅ နာရီ)
မောင့်ပယ်လီယာက လီဂူးနောက်ဆုံး (၄)ပွဲဆက်ရှုံးပြီး အောက်ဆုံးပြန်ရောက်သွားတယ်။ ရန်းစ်ကလည်း အဝေးကွင်းဆို ရုန်းကန်ရတတ်တဲ့ အသင်းပါ။ သရေကျဖို့များတယ်။
အော်ဇေး - စထရာဘိုး (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၁၀:၄၅ နာရီ)
စထရာဘိုးက အော်ဇေးနဲ့တွေ့တဲ့ နောက်ဆုံး (၅)ပွဲမှာ (၄)ပွဲအထိ အနိုင်ရခဲ့တယ်။ ဒါပေမဲ့ အိမ်ကွင်းမာဂုဏ်မြင့်တဲ့ အော်ဇေးကို ရွေးချင်တယ်။
အန်ဂါစ် - တူးလူး (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၁၀:၄၅ နာရီ)
ဒီ (၂) သင်းတွေ့ဆုံတဲ့ လီဂူးနောက်ဆုံး (၈)ပွဲမှာ (၇)ပွဲက (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနဲ့အောက်ပဲ ရှိခဲ့တယ်။ ဂိုးနည်းသရေပွဲလို့ ထင်မိတယ်။
မာဆေးလ် - နန့်စ် (မြန်မာစံတော်ချိန် မတ်လ ၃ ရက် နံနက် ၂:၁၅ နာရီ)
မာဆေးလ်က နောက်ဆုံးပွဲမှာ အော်ဇေးကို အံ့အားသင့်ဖွယ် ဂိုးပြတ်ရှုံးခဲ့တယ်။ နန့်စ်ကလည်း အားနည်းချက်တွေ များပါတယ်။ မာဆေးလ်နိုင်ပွဲ ပြန်ရလိမ့်မယ်။