
အာဆင်နယ်အသင်း၏ နောက်ခံလူ ကာလာဖီအိုရီက ဖြစ်နိုင်လျှင်ခံစစ်နေရာစုံ၌ ကစားနိုင်ရန် ကြိုးစားသွားလိုသည်ဟု ပြောကြားခဲ့သည်။
အီတလီနောက်ခံလူ ကာလာဖီအိုရီ(၂၂ နှစ်)သည် ကစားသမားဘဝတွင် ဘယ်နောက်ခံလူအဖြစ် အများဆုံးကစားခဲ့သော်လည်း ဘိုလော့ဂ်နာအသင်းတွင် ခံစစ်အတွင်းလူအဖြစ် ကစားကာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သည့်အတွက် အာဆင်နယ်အသင်းက ခေါ်ယူခဲ့ခြင်းဖြစ်သည်။
သို့သော် အာဆင်နယ်အသင်းတွင် ဘယ်နောက်ခံလူအဖြစ် အဓိကကစားနေရပြီး ယင်းကဲ့သို့ မတူညီသည့်နေရာများ၌ ကစားရခြင်းကို သဘောကျသည်ဟု ၎င်းက ဆိုခဲ့သည့် အပြင် ဖြစ်နိုင်ပါက ခံစစ်နေရာစုံ၌ ကစားနိုင်ရန် ကြိုးစားသွားလိုသည်ဟုလည်း ပြောကြားခဲ့ခြင်းဖြစ်သည်။