Eleven Media Group

တိုက်စစ်မှူး တီမိုဗာနာကို အပြီးသတ်ခေါ်ယူခြင်းမပြုတော့ရန် စပါးအသင်း ဆုံးဖြတ်

Photo: X

စပါးအသင်းသည် ဂျာမန်တိုက်စစ်မှူး တီမိုဗာနာကို အပြီးသတ်ခေါ်ယူခြင်းမပြုတော့ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

စပါးအသင်းသည် တီမိုဗာနာ(၂၈ နှစ်)ကို ၂၀၂၄ ဇန်နဝါရီတွင် ရာသီဝက်အငှားဖြင့်ခေါ်ယူခဲ့ပြီးနောက် ယခုရာသီတွင်လည်း အငှားဖြင့် ထပ်မံခေါ်ယူထားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ခေါ်ယူရာတွင် ရာသီကုန်ချိန်၌ ပေါင်(၈.၅)သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်မည့် သဘောတူညီမှု ရယူထားခဲ့သော်လည်း ယခုအခါ လိုက်ပ်ဇစ်အသင်းထံ ပြန်ပို့ရန်သာ ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

နည်းပြ ပိုစတီကိုဂလူးက ကစားသမားသစ်များခေါ်ယူပြီး အပြောင်းအလဲပြုလုပ်ရန် ဆန္ဒရှိနေသောကြောင့် အသင်းတာဝန်ရှိသူများက တီမိုဗာနာကို အပြီးသတ်မခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group