Eleven Media Group

တစ်ဦးချင်းလေ့ကျင့်မှု ပြန်လုပ်နိုင်ပြီဖြစ်သည့် ရိုဒရီ စောစီးစွာ ပြန်ကစားနိုင်ဖွယ်ရှိသည်ဟု ဂွါဒီယိုလာ ဆို

Photo: X

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဒူးအရွတ် (ACL) ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသည့် စပိန်ကွင်းလယ်လူ ရိုဒရီသည် တစ်ဦးချင်းလေ့ကျင့်မှု ပြန်လည်ပြုလုပ်နိုင်ပြီဖြစ်၍ စောစီးစွာပြန်ကစားနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ရိုဒရီသည်(၂၈ နှစ်) စက်တင်ဘာ (၂၂) ရက်က အာဆင်နယ်နှင့်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ယင်းဒဏ်ရာရရှိပြီး ကာလရှည်အနားယူနေရခြင်း ဖြစ်သည်။

၎င်းအနေဖြင့် ယခုရာသီကုန်အထိ အနားယူရနိုင်ကြောင်း ခန့်မှန်းထားသော်လည်း ဖေဖော်ဝါရီ (၂၈)ရက်က Etihad Campus ၌ တစ်ဦးချင်းလေ့ကျင့်မှု ပြုလုပ်နေသည့် ဗီဒီယိုဖိုင်ကို မန်စီးတီးအသင်းက ထုတ်ပြန်ခဲ့သည်။

သို့ဖြစ်ရာ ယခုရာသီမကုန်မီ ၎င်းပြန်ကစားနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်လာပြီး ဂွါဒီယိုလာကလည်း "အော်စကာဘော့ဘ်နဲ့ ရိုဒရီတို့ ပြန်ကစား နိုင်ဖို့ နီးစပ်လာပါပြီ။ ဒါပေမဲ့ အရေးအကြီးဆုံးက သေချာပြန်ကောင်းလာဖို့ပါပဲ"ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group