Eleven Media Group

အင်္ဂလန်တစ်ဖက် ဂျာမန်တစ်ဖက် မြူးနစ်ခရီးစဉ်

Photo : X

နောက်ဆုံးအလေးပေးမှုတွေအရ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး ဘာစီလိုနာအသင်းက ဒုတိယနေရာ၊ လီဗာပူးလ်က တတိယနေရာ၊ အာဆင်နယ်က စတုတ္ထနေရာ၊ ဘိုင်ယန်မြူးနစ်က ပÍ္စမနေရာမှာ ရှိနေပါတယ်။ လာလီဂါထိပ်သီးနှစ်သင်းက ရေပန်းအစားဆုံးနေရာတွေကို သိမ်းပိုက်ထားတာဖြစ်ပြီး သူတို့နောက်မှာ ပရီးမီးယားလိဂ်ထိပ်သီးနှစ်သင်းနဲ့ ဂျာမန်ထိပ်သီးတစ်သင်း ရှိ နေတဲ့သဘောပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဥရောပဖလားအမည်နဲ့ ကျင်းပခဲ့စဉ်ကတည်းက စတွက်မယ်ဆိုရင် ဆုဖလားရယူနိုင်တဲ့အသင်း (၂၃)သင်းရှိပေမဲ့ နောက်ဆုံး(၁၄)ရာသီမှာတော့ စပိန်၊ အင်္ဂလန်နဲ့ ဂျာမန်ကလပ်တွေသာ ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။

နောက်ဆုံးအလေးပေးမှုတွေအရ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး ဘာစီလိုနာအသင်းက ဒုတိယနေရာ၊ လီဗာပူးလ်က တတိယနေရာ၊ အာဆင်နယ်က စတုတ္ထနေရာ၊ ဘိုင်ယန်မြူးနစ်က ပÍ္စမနေရာမှာ ရှိနေပါတယ်။ လာလီဂါထိပ်သီးနှစ်သင်းက ရေပန်းအစားဆုံးနေရာတွေကို သိမ်းပိုက်ထားတာဖြစ်ပြီး သူတို့နောက်မှာ ပရီးမီးယားလိဂ်ထိပ်သီးနှစ်သင်းနဲ့ ဂျာမန်ထိပ်သီးတစ်သင်း ရှိ နေတဲ့သဘောပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဥရောပဖလားအမည်နဲ့ ကျင်းပခဲ့စဉ်ကတည်းက စတွက်မယ်ဆိုရင် ဆုဖလားရယူနိုင်တဲ့အသင်း (၂၃)သင်းရှိပေမဲ့ နောက်ဆုံး(၁၄)ရာသီမှာတော့ စပိန်၊ အင်္ဂလန်နဲ့ ဂျာမန်ကလပ်တွေသာ ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။ အထူးသဖြင့် စပိန်တွေရဲ့ စိုးမိုးမှု အားအကောင်းဆုံးကာလလို့တောင် ဆိုနိုင်ပြီး (၈)ကြိမ် ဗိုလ်စွဲခဲ့ပါတယ်။ အင်္ဂလန်ကလပ်တွေက (၄)ကြိမ်နဲ့ ဂျာမန်ကလပ်တွေက (၂)ကြိမ်ပါ။ ဒါကြောင့်လည်း ဒီရာသီမှာလည်း စပိန်၊ အင်္ဂလန်နဲ့ ဂျာမန်ကလပ်တွေပဲ ချန်ပီယံဆုကို အပြိုင်လုရလိမ့်ဦးမယ်လို့ ထင်ကြေးပေးခံနေရတာပါ။ ပွဲစဉ်လမ်းကြောင်းအရ ကြည့်မယ်ဆိုရင်တော့ စပိန်ကလပ်တွေက ပြိုင်ဘက်တွေထက် အားသာချက်ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်္ဂလန်နဲ့ ဂျာမန်ကလပ်တွေက လမ်းကြောင်းတစ်ဖက်တစ်ချက်မှာ စုပြုံရောက်ရှိနေကြပြီး စပိန်ကလပ်တွေကတော့ နှစ်ဖက်စလုံးမှာ ရှိနေတာကြောင့်ပါပဲ။ အဓိပ္ပာယ်ကတော့ စပိန်ကလပ်နှစ်သင်း ဗိုလ်လုပွဲမှာ ဆုံတွေ့နိုင်တဲ့အလားအလာရှိပေမဲ့ အင်္ဂလန်နဲ့ ဂျာမန်ကလပ်တွေကတော့ ဗိုလ်လုပွဲကို တစ်သင်းထက်ပိုပြီး တက်ရောက်ခွင့်မရနိုင်တာပါပဲ။ ဒါကြောင့်လည်း ဗိုလ်လုပွဲမှာ All-spanish Final ကို ဖန်တီးခွင့်ရှိနေတဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ရေပန်းအစားဆုံးဖြစ်နေတာလို့ ဆိုနိုင်ပါတယ်။

ရီးယဲလ်မက်ဒရစ်နဲ့ အင်္ဂလန်
ချန်ပီယံလိဂ်(၁၆)သင်းအဆင့်ကို တက်ရောက်လာတဲ့အသင်းတွေက စပိန်ကလပ် (၃)သင်း၊ အင်္ဂလန်ကလပ် (၃)သင်း၊ ဂျာမန်ကလပ် (၃)သင်း၊ ပြင်သစ်ကလပ် (၂)သင်း၊ နယ်သာလန်ကလပ်(၂)သင်း၊ အီတလီ၊ ပေါ်တူဂီနဲ့ ဘယ်လ်ဂျီယံကလပ်တစ်သင်းစီ ဖြစ်ပါတယ်။ စပိန်၊ အင်္ဂလန်နဲ့ ဂျာမန်ကလပ်တွေက အစဉ်အလာအားဖြင့်ရော အရေအတွက်အားဖြင့်ပါ အသာစီးယူထားတာဖြစ်ပြီး အဲဒီထဲမှာမှ ပွဲစဉ်လမ်းကြောင်းအရ စပိန်က အားသာချက်အရှိဆုံးဖြစ်နေတာပါ။ အကြမ်းဖျင်း ပြောမယ်ဆိုရင် ရီးယဲလ်မက်ဒရစ်နဲ့ အင်္ဂလန်ကလပ်တွေက တစ်ဖက်၊ ဘာစီလိုနာနဲ့ ဂျာမန်ကလပ်တွေက တစ်ဖက် အားပြိုင်ကြရမယ့်အနေအထား ဖြစ်ပါတယ်။ ချန်ပီယံလိဂ်(၁၆)သင်းအဆင့်ရဲ့ ပွဲစဉ်အတွဲအဖက်တွေက အခုလိုရှိပါတယ်။

PSG - လီဗာပူးလ်
ကလပ်ဘရုဂေး - အက်စတွန်ဗီလာ
ရီးယဲလ်မက်ဒရစ် - အက်သလက်တီကို
PSV - အာဆင်နယ်
ဘင်ဖီကာ - ဘာစီလိုနာ
ဒေါ့မွန် - လိုင်လီ
ဘိုင်ယန်မြူးနစ် - လေဗာကူဆင်
ဖီယင်နု - အင်တာမီလန်

အရင် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပုံစံဟောင်းမှာဆိုရင်တော့ အုပ်စုအဆင့်ကျော်လွန်လို့ (၁၆)သင်းအဆင့်ရောက်ပြီဆိုရင် မဲခွဲတဲ့အခါ အုပ်စုအဆင့်မှာတုန်းက အတူတူကျရောက်ခဲ့တဲ့အသင်းတွေ၊ နိုင်ငံတူအသင်းတွေ ပြန်မဆုံတွေ့ရဘူးဆိုတဲ့ စည်းမျဉ်းကန့်သတ်ချက်ရှိပါတယ်။ အခုပုံစံသစ်မှာတော့ အဲဒီလိုသတ်မှတ်ထားတာ မရှိပါဘူး။ ဒါကြောင့် နိုင်ငံတူအသင်းအချင်းချင်း ဆုံတွေ့တဲ့ အတွဲအဖက်တွေ ရှိလာခဲ့ပါတယ်။ စပိန်ထိပ်သီးနှစ်သင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုတို့ ထိပ်တိုက်တွေ့တာ၊ ဂျာမန်ထိပ်သီးနှစ်သင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ လေဗာကူဆင်တို့ ထိပ်တိုက်တွေ့တာတွေပါ။ ဒီအချက်ကတော့ သူတို့ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ အင်္ဂလန်ကလပ်တွေအတွက် ကျေနပ်စရာလို့ ဆိုရမှာပါပဲ။ ပြိုင်ဘက်ကောင်းနှစ်သင်း (၁၆)သင်းအဆင့်မှာ စောစောစီးစီးပြုတ်ကျန်ခဲ့ရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေကို ပရိသတ်အများစုကတော့ မလိုလားကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြိုင်ပွဲရဲ့အဆင့်မြင့်လာလေ တစ်နည်းအားဖြင့် ဆုဖလားနဲ့ နီးကပ်လာလေ အင်အားအကောင်းဆုံး ထိပ်သီးအသင်းကြီးတွေရဲ့ အားပြိုင်မှုကို မြင်တွေ့ချင်ကြတာပါ။ အခုတော့ လာလီဂါ ထိပ်သီးနှစ်သင်းထဲက တစ်သင်း၊ ဂျာမန်ထိပ်သီး နှစ်သင်းထဲက တစ်သင်း ပြိုင်ပွဲကို စောစောစီးစီး ကျောခိုင်းရတော့မှာပါ။ ဒါပေမဲ့ အကောင်းဘက်က တွေးရင်တော့ ပွဲကြီးပွဲကောင်းတွေကို ပြိုင်ပွဲရဲ့ အဆင့်တိုင်းမှာ မြင်တွေ့ရင်ခုန်ခွင့်ရတယ်လို့လည်း သတ်မှတ်နိုင်ပါတယ်။ ဒီနေရာမှာတော့ အချင်းချင်းဆုံတွေ့ရတာမရှိတဲ့ အင်္ဂလန်ကလပ်တွေက အားသာသွားပါတယ်။ ဒါပေမဲ့ ဗိုလ်လုပွဲကိုတော့ အင်္ဂလန်ကလပ် သုံးသင်းထဲက တစ်သင်းသာ တက်ရောက်ခွင့်ရမှာပါ။ ရှေ့အဆင့်တွေမှာ တခြားနိုင်ငံက ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်ခဲ့ရင်လည်း ဗိုလ်လုပွဲကိုတော့ တစ်သင်းပဲ တက်ရောက်နိုင်မှာပါ။ အင်္ဂလန်ကလပ်တွေရဲ့ လမ်းကြောင်းမှာ ဗိုလ်လုပွဲမရောက်ခင် အဓိကကျော် ဖြတ်ရမယ့် ပြိုင်ဘက်တွေက ရီးယဲလ်မက်ဒရစ်၊ အက်သလက်တီကိုနဲ့ PSG တို့ပါ ပဲ။ လီဗာပူးလ်က (၁၆)သင်းအဆင့်မှာပဲ PSG နဲ့ ထိပ်တိုက်တွေ့နေပြီး အာဆင်နယ်ကတော့ ကွာတားဖိုင်နယ်အဆင့် မှာ မက်ဒရစ်တစ်သင်းသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါ တယ်။ ဒီဘက်လမ်းကြောင်းကနေ နောက်ဆုံး ဗိုလ်လုပွဲကျင်းပမယ့် မြူးနစ်အထိ ချီတက်လာမယ့် အသင်းက ဘယ်အသင်း ဖြစ်မလဲ။ လောင်းကစား ကုမ္ပဏီတွေကတော့ ရီးယဲလ်မက်ဒရစ်ကို တစ်ပေးထားပါတယ်။ ဒီဘက်လမ်းကြောင်းကနေ ရီးယဲလ်မက်ဒရစ်၊ ဟိုဘက်လမ်းကြောင်းကနေ ဘာစီလိုနာအသင်းတက်လာမယ်၊ ပြီးတော့ ဗိုလ်လုပွဲမှာ All-spanish Final ဖြစ်လာဖို့ အလားအလာအကောင်းဆုံးလို့ သတ်မှတ်ပြီး (ရး၁)လေးနဲ့ ကြေးဖွင့်ထားပါတယ်။

ဘာစီလိုနာနဲ့ ဂျာမန်
ဗိုလ်လုပွဲမှာ ဆုံတွေ့နိုင်ခြေအရှိဆုံး နောက်ထပ်အတွဲအဖက်အဖြစ်တော့ လီဗာပူးလ်-ဘာစီလိုနာက (၉း၁)လေး သတ်မှတ်ခံထားရပြီး အာဆင်နယ်-ဘာစီလိုနာက (၁၀း၁)လေး၊ လီဗာပူးလ်-ဘိုင်ယန်မြူးနစ်က (၁၂း၁)လေး သတ်မှတ်ခံထားရပါတယ်။ ဒီတော့ ဘာစီလိုနာအသင်းက ဟိုဘက်လမ်းကြောင်းကနေ ဗိုလ်လုပွဲတက်ဖို့ အလားအလာအကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ သဘောပါပဲ။ တကယ်တော့ အလေးပေးမှုဆိုတာ ထင်ကြေးပေးခန့်မှန်းမှုသာဖြစ်လို့ သေချာပေါက် ဖြစ်လာဖို့ အာမခံချက်မရှိပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေအချက်အလက်တွေအပေါ် အခြေပြုတွက်ချက်ပြီးမှ အလေးပေးမှုတွေ ထုတ်ပြန်တာဖြစ်လို့ စိတ်ထင်ရာမှန်းဆမှု မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်ထိပ်သီးတွေကို ကျော်ဖြတ်ရမယ့် ရီးယဲလ်မက်ဒရစ်အသင်းထက် ဘွန်ဒစ်လီဂါထိပ်သီးတွေကို ကျော်ဖြတ်ရမယ့် ဘာစီလိုနာအသင်းက ပိုပြီးလွယ်ကူနိုင်တယ်ဆိုတာကိုတော့ ပရိသတ်တွေလည်း လက်ခံကြမှာပါ။ ဘာစီလိုနာရဲ့လမ်းကြောင်းမှာ အီတလီ ထိပ်သီးအင်တာမီလန်ကိုလည်း လျှော့တွက်လို့ မရပေမဲ့ တစ်ဖက်လမ်းကြောင်းက PSG လိုပဲ သိပ်ပြီးအထင်ကြီးမခံရပါဘူး။ ပွဲစဉ်အနေအထား အရ ရီးယဲလ်မက်ဒရစ်နဲ့ အင်္ဂလန်ကလပ်တွေရဲ့ အားပြိုင်မှုကြား PSG အသင်း မှေးမှိန်နေခဲ့သလို၊ အင်တာမီလန်ကလည်း ဘာစီလိုနာနဲ့ ဂျာမန်ကလပ်တွေရဲ့ အားပြိုင်မှုကြားမှာ မထင်ရှားသလို ဖြစ်နေခဲ့တာပါ။ တကယ်တော့ စပိန်ကလပ်တွေ All-spanish Final ကို မျှော်လင့်ခွင့်ရှိသလို၊ ပြင်သစ်ကလပ်တွေနဲ့ နယ်သာလန်ကလပ်တွေကလည်း နိုင်ငံတူနှစ်သင်း ဗိုလ်လုပွဲမှာ ဆုံတွေ့ဖို့ မျှော်လင့်ခွင့်ရှိနေတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ပြင်သစ်ကလပ် PSG နဲ့ လိုင်လီတို့ လမ်းကြောင်း တစ်ဖက်စီမှာ ရှိနေကြသလို၊ နယ်သာလန်ကလပ် PSV နဲ့ ဖီယင်နုတို့ကလည်း လမ်းကြောင်းတစ်ဖက်စီမှာ ရှိနေကြတာကြောင့်ပါ။ ဒါပေမဲ့ ဖီယင်နု၊ PSV နဲ့ လိုင်လီတို့က ဗိုလ်လုပွဲရောက်ဖို့ အလားအလာအနည်းဆုံးအသင်းတွေ ဖြစ်တာကြောင့် သူတို့ရဲ့ ပရိသတ်တွေတောင် စိတ်ကူးယဉ်ကြမယ် မထင်ပါဘူး။ လောင်းကစားကုမ္ပဏီတွေက ဖြစ်နိုင်ခြေအလားအလာ သိပ်အများကြီးမရှိတဲ့ အက်စတွန်ဗီလာနဲ့ ဒေါ့မွန်တို့ ဗိုလ်လုပွဲမှာ ဆုံတွေ့ဖို့ကိုတောင် (၂၀၀း၁)လေးနဲ့ ကြေးဖွင့် ပေးထားပါတယ်။ PSG - အင်တာမီလန် ဗိုလ်လုပွဲကိုလည်း (၄၀း၁)လေး ကြေးဖွင့်ထားပါတယ်။ ဒါပေမဲ့ ကျန်တဲ့ကြေးဖွင့်မှု အားလုံးကတော့ ဗိုလ်လုပွဲမှာ စပိန်၊ အင်္ဂလန်နဲ့ ဂျာမနီကလပ် တစ်သင်းမဟုတ်တစ်သင်း ပါဝင်နေတာချည်းပါပဲ။ ပွဲစဉ်လမ်းကြောင်းမှာ ရီးယဲလ်မက်ဒရစ်နဲ့ အင်္ဂလန်ကလပ်တွေက တစ်ဖက်၊ ဘာစီလိုနာနဲ့ ဂျာမန်ကလပ်တွေက တစ်ဖက်ဖြစ်နေတာက တမင်ရည်ရွယ်ပြီး အကွက်ဆင်ထားသလားလို့တောင် ထင်ချင်စရာ ကောင်းနေပါတယ်။ ပိုကောင်းတဲ့အသင်းသာ အနိုင်ရစတမ်းဆိုရင် ရှေ့ဆက်မယ့်အဆင့်တိုင်းမှာ ရင်ခုန်စရာပွဲ ကြီးပွဲကောင်းတွေကို မြင်တွေ့သွားရမှာပါ။ ဒါပေမဲ့ မက်ဒရစ်ဒါဘီမှာ ရီးယဲလ်က အက်သလက်တီကိုကို ကျော်ဖြတ်နိုင်ပါ့မလား၊ ဂျာမန်ဒါဘီလို့ တင်စားရမယ့် ဘိုင်ယန်မြူးနစ်-လေဗာကူဆင် အားပြိုင်မှုမှာ ချန်ပီယံလိဂ် အစဉ်အလာကြီးမားတဲ့ ဘိုင်ယန်မြူးနစ် အခွင့်အရေးယူနိုင်ပါ့မလား ဆိုတာကိုတော့ တွေးရ၊ ရွေးရခက်ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဘိုင်ယန်မြူးနစ်အသင်း ရဲ့ အိမ်ကွင်းဖြစ်တဲ့ မြူးနစ်မြို့က Allianz Arena မှာ ကျင်းပမှာဖြစ်တာကြောင့် ဘိုင်ယန်မြူးနစ်နဲ့ ဂျာမန်ကလပ်တွေရဲ့ အာရုံစိုက်မှုက တခြားရာသီတွေထက် ပိုနေနိုင်ပါတယ်။ ဂျာမန်ကလပ်တွေ ဘယ်လောက်အထိ အမြင့်ပျံနိုင်မလဲ။ စပိန်နဲ့ အင်္ဂလန်ကလပ်တွေပဲ ဆက်ပြီးစိုးမိုးနိုင်ဦးမှာလား။ လောလောဆယ်တော့ (၁၆)သင်းအဆင့်ရဲ့ ပွဲကြီး ပွဲကောင်းတွေမှာ ဘယ်သူတွေ ခြေစွမ်းပြအနိုင်ရ မလဲဆိုတာ အရင်ဆုံးစောင့်ကြည့်ရမှာပါ။ (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေကို အခု တစ်ပတ်အင်္ဂါ၊ ဗုဒ္ဓဟူးမှာ ယှဉ်ပြိုင်ပြီး ဒုတိယအကျော့ကို လာမယ့်မတ်(၁၁၊ ၁၂)မှာ ဆက်လက် ယှဉ်ပြိုင်သွားမှာပါ။

မူရင်းသတင်း — Eleven Media Group