
အန်တိုနီနဲ့ပတ်သက်ရင် မန်ယူနိုက်တက်အဖြစ်က တွေးလေရင်နာလေ ဖြစ်နေလိမ့်မယ်။ ဘယ်လိုမှသုံးစားမရလို့ အန်တိုနီကို မန်ယူနိုက်တက် စွန့်ပစ်လိုက်တယ်။ မန်ယူနိုက်တက် ပရိသတ်အများစုကလည်း နှမြောမနေပါဘူး။ အန်တိုနီကို သူတို့ကိုယ်တိုင် အားရပါးရဆဲဆိုခဲ့ကြတာမဟုတ်လား။ ရပ်ရှိဖို့ဒ်ကို ဆုံးရှုံးမှာလောက် အန်တိုနီကိုဆုံးရှုံးရမှာ မကြောက်ခဲ့ပါဘူး။ အခု အန်တိုနီက မန်ယူနိုက်တက်အသိုင်းအဝန်းကို လာလီဂါရပ်ဝန်းကနေ လျှာထုတ်ပြနေတယ်။ "မင်းတို့ငါ့အကြောင်းသိပြီလား" ဆိုပြီး ခပ်မာမာ မေးနေသလိုပါပဲ။
အန်တိုနီနဲ့ပတ်သက်ရင် မန်ယူနိုက်တက်အဖြစ်က တွေးလေရင်နာလေ ဖြစ်နေလိမ့်မယ်။ ဘယ်လိုမှသုံးစားမရလို့ အန်တိုနီကို မန်ယူနိုက်တက် စွန့်ပစ်လိုက်တယ်။ မန်ယူနိုက်တက် ပရိသတ်အများစုကလည်း နှမြောမနေပါဘူး။ အန်တိုနီကို သူတို့ကိုယ်တိုင် အားရပါးရဆဲဆိုခဲ့ကြတာမဟုတ်လား။ ရပ်ရှိဖို့ဒ်ကို ဆုံးရှုံးမှာလောက် အန်တိုနီကိုဆုံးရှုံးရမှာ မကြောက်ခဲ့ပါဘူး။ အခု အန်တိုနီက မန်ယူနိုက်တက်အသိုင်းအဝန်းကို လာလီဂါရပ်ဝန်းကနေ လျှာထုတ်ပြနေတယ်။ "မင်းတို့ငါ့အကြောင်းသိပြီလား" ဆိုပြီး ခပ်မာမာ မေးနေသလိုပါပဲ။
လာလီဂါက ပရီးမီးယားလိဂ်ထက်တစ်ဆင့် နိမ့်တဲ့ပြိုင်ပွဲဖြစ်နေလို့လား။ ကျော်ကြားမှုပုံရိပ်အရလာလီဂါက ပရီးမီးယားလိဂ်ကိုမယှဉ်နိုင်ပေမဲ့ အောင်မြင်မှုအနှစ်သာရချင်းနှိုင်းယှဉ်ရင် လာလီဂါက ပိုတန်ဖိုးရှိပါတယ်။ လာလီဂါမှာ ဂန္ထဝင်အဆန်ဆုံး ရီးယဲလ်နဲ့ဘာစီလိုနာရှိနေတယ်။ အဲဒီနှစ်သင်းရဲ့တည်ရှိမှုဟာ ဒဏ္ဍာရီဆန်လွန်းပြီး ပရီးမီးယားလိဂ်က ဘယ်အသင်းမှတုပလို့မရဘူး။ ဘဏ္ဍာရေးအင်အားမှာ ပရီးမီးယားလိဂ်သာပေမဲ့
သမိုင်းကြောင်းအစဉ်အလာ ခမ်းနားအောင်ပွဲတွေမှာ လာလီဂါသာပါတယ်။ Ballon d'Or လိုချင်ရင် ရီးယဲလ်နဲ့ ဘာစီလိုနာတစ်သင်းသင်းမှာ ကစားပါဆိုတဲ့စကားက အလကားမဟုတ်ပါဘူး။ စီရော်နယ်လ်ဒိုဟာ ရီးယဲလ်ရောက်မှ ပြီးပြည့်စုံတဲ့ GOAT ဖြစ်ခဲ့တယ်။ မက်ဆီက ဘာစီလိုနာမှာ တစ်ခေတ်တစ်ယောက် အတုမရှိသူဖြစ်ခဲ့တယ်။ လက်ရှိအချိန်မှာလည်း ဘာပေ၊ ဗင်နီစီယပ်စ်၊ ယမားလ်တို့လို အနာဂတ် Ballon d'Or ပိုင်ရှင်တွေက လာလီဂါမှာကျင်လည်နေတာပါ။ ဒီတော့ ရီးယဲလ်ဘက်တစ်နဲ့အတူ အန်တိုနီ အစွမ်းပြနေတာဟာ လာလီဂါပြိုင်ပွဲကသိပ်လွယ်လွန်းလို့ မဟုတ်ပါဘူး။
အန်တိုနီအတွက် လာလီဂါရပ်ဝန်းဟာ နတ်ရေကန်ပါ။ သူ့ရဲ့မခံချင်စိတ်မီးတောင်က ချော်ရည်တွေ အစွမ်းကုန်ပေါက်ကွဲရာနယ်မြေပါ။ အန်တိုနီရဲ့ယုံကြည်စိတ်ဟာ ပရီးမီးယားလိဂ်မှာ နေလောင်ပန်းဖြစ်ခဲ့ပေမဲ့ လာလီဂါမှာ မညှိုးပန်း ဖြစ်လာခဲ့ပြီ။ ရီးယဲလ်ဘက်တစ်နဲ့ ပထမဆုံးပွဲမှာပဲ အကောင်းဆုံးကစားသမားဆုရလိုက်လို့ ယုံကြည်စိတ်ပိုမြင့်မားသွားတယ်။ ကစားသမားတစ်ဦးအတွက် ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ဟာ သိပ်ပြီး အရေးကြီးတယ်။ ပါရမီရှိပေမဲ့ ယုံကြည်စိတ် မခိုင်မာရင် အိုင်းစတိုင်းလည်း ဘာကောင်မှဖြစ်လာမှာ မဟုတ်ပါဘူး။
ရီးယဲလ်ဘက်တစ်က အန်တိုနီ ရောက်လာပြီးမှ ဂိုးတွေပိုရလာတယ်။ သူတို့ကစားပုံကပိုပြီး ဖျော်ဖြေရေးဆန်လာတယ်။ ပယ်လီဂရီနီလို ဝါရင့် နည်းပြနဲ့ ရေစက်ဆုံခွင့်ရတာလည်း အန်တိုနီအတွက် မင်္ဂလာတစ်ပါးပါပဲ။ ပယ်လီဂရီနီက ကစားသမားတွေဆီကနေ အကောင်းဆုံးစွမ်းရည်ထွက်လာအောင် လှုံ့ဆော်ပေးနိုင်သူပါ။ အန်တိုနီကို ပရီးမီးယားလိဂ်အသင်းတချို့နဲ့ ဆော်ဒီပရိုလိဂ် စိတ်ဝင်စားခဲ့ပါတယ်။ အန်တိုနီက ငွေမမက်ခဲ့သလို၊ သူ့ကိုလှောင်ပြောင်မဆုံးတဲ့ ပရီးမီးယားလိဂ်ရပ်ဝန်းမှာလည်း ဆက်မနေချင်ခဲ့ဘူး။ အန်တိုနီရဲ့ အေးဂျင့်ကလည်း ဘက်တစ်ဟာ အန်တိုနီအတွက် အကောင်းဆုံး ထွက်ပေါက်ဆိုပြီးယုံကြည်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ အန်တိုနီအသစ်ကို ခံစားခွင့်ရခဲ့ပြီ။
အန်တိုနီက မန်ယူနိုက်တက်နဲ့ နည်းပြအာမိုရင်မ်ကို လေးစားတန်ဖိုးထားဆဲပါ။ မန်ယူနိုက်တက်ဘက်ကသာ အလိုရှိရင် ပြန်လာဖို့အသင့်ပါပဲ။ အခြားတစ်ဖက်မှာ ဘက်တစ်က အန်တိုနီကို ပိုပြီးတပ်မက်နေပြီ။ အန်တိုနီကို အပြီးသတ်သိမ်းပိုက်ချင်နေပါပြီ။ ဘက်တစ်အသင်း ဥက္ကဋ္ဌ အယ်လ်ကာရွန်က "အန်တိုနီကို အပြီးသတ် ခေါ် ယူချင်ပါတယ်။ မန်ယူနိုက်တက် စီအီးအိုနဲ့လည်း အဲဒီအကြောင်း အရိပ်အမြွက်ပြောဖူးတယ်။ အန်တိုနီနဲ့ရော မန်ယူနိုက်တက်အသင်းနဲ့ပါ ဆက်ဆံရေးကောင်းတွေပိုင်ဆိုင်ထားလို့ အပြောင်းအရွှေ့က ဖြစ်လာနိုင်ပါတယ်"လို့ ပြောပါတယ်။
အန်တိုနီက ဘဝနာခဲ့တယ်၊ အန်တိုနီက ဆင်းရဲဖူးပါတယ်။ အန်တိုနီက ဘရာဇီးလ်နိုင်ငံ၊ ဆော်ပေါ် လိုက ဆင်ခြေဖုံးရပ်ကွက် (Favela) မှာရှင်သန်ခဲ့ရသူပါ။ Favela ဆိုတာ လူနေထူထပ်ပြီး ဆင်းရဲနွမ်းပါးတဲ့ ရပ်ကွက်တွေပါ။ အဲဒီမှာ နေထိုင်သူအများစုဟာ မျှော်လင့်ချက်ကင်းမဲ့၊ အကျင့်စာရိတ္တပျက်ပြားပြီး ပညာမတတ်သူတွေပါ၊ မူးယစ်ဆေးဝါးရောင်းချနေတဲ့ လူငယ်တွေ၊ လူသတ်ဖို့ဝန်မလေးတဲ့ ဂိုဏ်းသားတွေလည်း ရှိနေ ပါတယ်။ အန်တိုနီရဲ့ငယ်သူငယ်ချင်းတချို့ဟာ Favela ကနေ လွတ်မြောက်လမ်း ရှာမတွေ့ခဲ့ဘူး။ မူးယစ်ဆေးနဲ့ ဒုစရိုက်ဂိုဏ်းတွေရဲ့သားကောင် ဖြစ်ခဲ့ရှာတယ်။
အန်တိုနီက "ကျွန်တော့်ရဲ့နောက်ကြောင်းကို ပြန်ပြောရတာခက်ခဲပါတယ်။ ကျွန်တော် ရှင်သန်ခဲ့ရာ Favela ပုံရိပ်ကို ကျောမှာ တက်တူးထိုးထားပါတယ်။ ပြီးတော့ ကျွန်တော့်ဖိနပ်မှာ Favela စာလုံးရေးပြီး ပွဲကစားပါတယ်။ Favela ဆိုတဲ့စကားလုံးဟာ ကျွန်တော်နဲ့အတူ အမြဲတမ်းရှိနေတာပါ။ တစ်ချိန်တုန်းက ဘောလုံးကန် ဖိနပ်မရှိခဲ့ဘူး။ အစားဝအောင် မစားရဘူး။ အိပ်ခန်းမရှိလို့ ဧည့်ခန်းထဲကဆိုဖာမှာ အိပ်ခဲ့ရဖူးတယ်။ မိုးကြီးတဲ့အခါ အဲဒီဧည့်ခန်းထဲမှာ ရေတွေပြည့်နေတတ်တယ်။ ကျွန်တော့်သူငယ်ချင်းတချို့က မတူညီတဲ့လမ်းကြောင်း ရွေးချယ်ခဲ့ပြီး တချို့က အသက်ပေးခဲ့ရပါတယ်။ ကျွန်တော့်အတွက်တော့ မိသားစုက အတူရှိပေးခဲ့ပြီး နာကျင်စရာကို ကျော်ဖြတ်ခဲ့ပါတယ်"လို့ ပြန်ပြောပြတယ်။ Favela က နာကျင်စရာအတိတ်ကို အန်တိုနီ မမေ့နိုင်ပါဘူး။ စိတ်နာစရာကောင်းပေမဲ့ အဲဒီကာလတွေပြန်တွေးတိုင်း စွမ်းအင်အသစ် အန်တိုနီ ပြန်လည် ပိုင်ဆိုင်ပါတယ်။
မန်ချက်စတာက ဆိုးရွားတဲ့အတွေ့အကြုံ ကို အန်တိုနီ မေ့ပစ်နိုင်ခဲ့ပါပြီး။ သွင်းဂိုးတွေ၊ ဂိုးဖန် တီးမှုတွေ၊ အကောင်းဆုံးကစားသမားဆုတွေနဲ့ ခမ်းနားနေခဲ့ပြီ။ ဘာပေ၊ ဗင်နီစီယပ်စ်တို့ထက် ပိုကောင်းတဲ့ လာလီဂါကစားသမားဘဝအစကို အန်တိုနီ ဖန်ဆင်းပြလိုက်တယ်။ ရီးယဲလ်နဲ့ ထိပ် တိုက်တွေ့ချိန်မှာလည်း အန်တိုနီက ကိုယ်စွမ်း ကိုယ်စပြနိုင်ခဲ့တာပါ။ ပွဲပယ်ပြစ်ဒဏ်ကြောင့် ရီးယဲလ်နဲ့ပွဲကို လွဲမလိုဖြစ်ပြီးမှ အန်တိုနီက ကစား ခွင့်ရခဲ့တာပါ။ အဲဒီပွဲမှာ အန်တိုနီ အစွမ်းပြနိုင် သလို၊ ဘက်တစ်လည်းနိုင်ခဲ့လို့ အပျော်နှစ်ထပ် ဖြစ်ခဲ့ရပါပြီ။\
လူတစ်ယောက်အတွက် ယုံကြည်စိတ်ခိုင်မာနေရုံနဲ့မရဘူး။ ကိုယ့်ကိုတန်ဖိုးထားမယ့် ရပ်ဝန်းတစ်ခု လိုအပ်ပါတယ်။ ဘက်တစ်က အဆဲဆိုခံဘ၀ ရောက်နေတဲ့ အန်တိုနီကို တန်ဖိုးထား ယုံကြည်ခဲ့တယ်။ အဲဒီယုံကြည်စိတ်ကို အန်တိုနီ အလွဲသုံးစားမလုပ်ခဲ့ဘူး။ သံချေးတက်နေတဲ့ သူ့ သိက္ခာကို ဆေးရောင်လှလှခြယ်နေတယ်။ အန်တိုနီရဲ့ကစားပုံကို ရော်ဘင်နဲ့ ခိုင်းနှိုင်းတယ်။ ညာတောင်ပံကနေ အတွင်းကို Cut Inside လုပ်မယ်၊ ဘယ်ခြေနဲ့ ကန်သွင်းမယ်။ ရော်ဘင်ရဲ့ အကောင်းဆုံး အချိန်တုန်းက ဟန်ပန်မျိုးပေါ့။ အခု ဘက်တစ်မှာ ရော်ဘင်စတိုင် အန်တိုနီကို မြင်နေရပြီ။ မခံချင်စိတ်၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်တွေနဲ့ အန်တိုနီက တိမ်တွေနေတဲ့အရပ်ဆီပျံသန်းနေပါတယ်။