Eleven Media Group

စီးရီးအေ၊ လာလီဂါနှင့် FA ဖလား ပွဲကြိုသုံးသပ်ချက်

Photo: X

ဂျူဗင်တပ်စ် နှင့် ဗီရိုနာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)

ဂျူဗင်တပ်က စီးရီးအေနောက်ဆုံး (၄)ပွဲဆက် အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့် အဆင့်(၄)နေရာကို ရောက်လာတယ်။ မူအာနီရောက်လာခြင်းက ဂျူဗင်တပ်စ်အတွက် တကယ်ကို အကျိုးရှိခဲ့တယ်။ ဗီရိုနာက ဂျူဗင်တပ်စ်နဲ့တွေ့ရင် ရုန်းကန်ရလေ့ရှိတဲ့အသင်းဖြစ်ပြီး သူတို့ရဲ့ နောက်ဆုံး (၃)ပွဲကိုကြည့်ရင်လည်း အတ္တလန်တာ၊ အေစီမီလန်တို့လိုအသင်းတွေကို ရှုံးခဲ့တယ်။ ဂျူဗင်တပ်စ် ဂိုးပြတ်နိုင်မယ်။

ဗီလာရီးယဲလ် နှင့် အက်စ်ပန်ညို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

အက်စ်ပန်ညိုအိမ်ကွင်းကစားပုံ တက်လာသလို တွေ့နေရပေမဲ့ အစဉ်အလာအရရော လက်ရှိခြေစွမ်းအရပါ ဗီလာရီးယဲလ်ကို မယှဉ်နိုင်ဘူး။ အိမ်ရှင် ဗီလာရီးယဲလ်နဲ့ ဂိုးအနည်းပဲ ရွေးထားတာ ကောင်းမယ်။

နော်တင်ဟမ် နှင့် အစ်ဝစ်ချ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂းဝ၀ နာရီ)

နော်တင်ဟမ်ဖောရက်စ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲမှာ ဖူလ်ဟမ်နဲ့ နယူးကာဆယ်တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တာတွေ့ရတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၃ နေရာမှာ ရပ်တည်နေပေမဲ့ နောက်က အသင်းတွေရဲ့ဖိအားပေးခြင်းကိုခံနေရပြီး စွမ်းရည်ပိုင်းအနည်းငယ် ကျဆင်းနေတယ်။ အစ်ဝစ်ချ်အသင်းကတော့ ဗီလာကို သရေခံကစားခဲ့ပေမဲ့ နောက်ဆုံးပွဲမှာ စပါးအသင်းကို အိမ်ကွင်းမှာပဲ ဘယ်လိုမှ မယှဉ်နိုင်ပဲ ဂိုးပြတ်အရှုံးပေးခဲ့ရတယ်။ နော်တင်ဟမ်နဲ့ အစ်ဝစ်ချ်တို့က အရင်က လိဂ်ချန်ပီယံရှစ်မှာ ရင်ဆိုင်နေကျအသင်းတွေဆိုပေမဲ့ အခုအချိန်မှာတော့ နော်တင်ဟမ်က အများကြီးပိုကောင်းနေပါပြီ။ အိမ်ကွင်းလည်းဖြစ်နေလို့ နော်တင်ဟမ်ပဲ နိုင်မယ်။

မူရင်းသတင်း — Eleven Media Group