
ဝေါ်လ်ကာကတော့ ဝေါ်လ်ကာပါပဲ။ ဇနီးသည်နဲ့ ကလေးတွေ အင်္ဂလန်ပြန်သွားပြီး နောက်တစ်နေ့မှာပဲ အမျိုးသမီးနှစ်ဦးနဲ့ အတူရှိနေခဲ့တာကြောင့်ပါ။
ဝေါ်လ်ကာက ပြီးခဲ့သည့် ဇန်နဝါရီအပြောင်း အရွှေ့ကာလမှာ မန်စီးတီးကနေ အေစီမီလန်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့သူပါ။ တကယ်တော့ မန်စီးတီးနဲ့ စာချုပ်ကလည်း (၆)လသာကျန်ရှိတော့တာဖြစ်ပြီး အခုလို ရုတ်တရက်ပြောင်းရွှေ့ရတဲ့ အကြောင်းရင်းကတော့ ဇနီးသည်နဲ့ မီလန်မှာ ပြန်ပေါင်းထုပ်ဖို့ ဖြစ်ပါတယ်။
ဝေါ်လ်ကာကတော့ ဝေါ်လ်ကာပါပဲ။ ဇနီးသည်နဲ့ ကလေးတွေ အင်္ဂလန်ပြန်သွားပြီး နောက်တစ်နေ့မှာပဲ အမျိုးသမီးနှစ်ဦးနဲ့ အတူရှိနေခဲ့တာကြောင့်ပါ။
ဝေါ်လ်ကာက ပြီးခဲ့သည့် ဇန်နဝါရီအပြောင်း အရွှေ့ကာလမှာ မန်စီးတီးကနေ အေစီမီလန်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့သူပါ။ တကယ်တော့ မန်စီးတီးနဲ့ စာချုပ်ကလည်း (၆)လသာကျန်ရှိတော့တာဖြစ်ပြီး အခုလို ရုတ်တရက်ပြောင်းရွှေ့ရတဲ့ အကြောင်းရင်းကတော့ ဇနီးသည်နဲ့ မီလန်မှာ ပြန်ပေါင်းထုပ်ဖို့ ဖြစ်ပါတယ်။ လာမယ့်မေလမှာ (၃၅)နှစ်ပြည့်မယ့် အင်္ဂလန်နောက်ခံလူ ဝေါ်လ်ကာက ၂၀၂၂ မှာ အန်နီကီလ်နာနဲ့ လက်ထပ်ခဲ့ပါတယ်။ (၁၂)နှစ်ကြာတွဲပြီးမှ လက်ထပ်ခဲ့တာဖြစ်ပြီး သားသမီး(၄)ယောက် ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ဝေါ်လ်ကာက လော်ရင်းဂွတ်ဒ်မန်းဆိုတဲ့ မော်ဒယ်မလေးနဲ့လည်း သားတစ်ယောက်၊ သမီးတစ်ယောက်ရတဲ့အထိ ဇာတ်လမ်းရှုပ်ခဲ့ပါတယ်။ ဒီကြားထဲ ကိုဗစ်ကာလအတွင်း Lockdown စည်းမျဉ်းတွေ ချိုးဖောက်ပြီး ပြည့်တန်ဆာအမျိုးသမီးနှစ်ယောက်ကို အိမ်ခေါ်ခဲ့တာ၊ ညီမနဲ့ မိဘတွေအိမ်သွားလည်တာတွေ လုပ်ခဲ့ပါသေးတယ်။ ဇနီးသည် အန်နီကီလ်နာ စိတ်အနာဆုံးကတော့ သူ့အပေါ် သစ္စာမဲ့စွာပြုမူပြီး လော်ရင်း ဂွတ်ဒ်မန်းနဲ့ ဖောက်ပြန်ခဲ့ခြင်းပါပဲ။ ဒါကြောင့်၂၀၂၄ အောက်တိုဘာမှာတော့ ကွာရှင်းပြတ်စဲဖို့ တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ ရင်သွေး(၄)ယောက်ရဲ့အဖေကို မပြတ်နိုင်ခဲ့ပါဘူး။ ဝေါ်လ်ကာကတော့ သူ့ကိုရော လော်ရင်းဂွတ်ဒ်မန်းကိုပါ မပြတ်နိုင်သလိုဖြစ်နေပါတယ်။ ဒီတော့ အန်နီကီလ်နာက လှေနံနှစ်ဖက်နင်းသလိုဖြစ်နေတဲ့ ဝေါ်လ်ကာကို အင်္ဂလန်ကနေ ဆွဲထုတ်သွားမှဖြစ်တော့မယ်လို့ တွေးပါတယ်။ ဒီလိုနဲ့ ဝေါ်လ်ကာ မန်စီးတီးကနေ အေစီမီလန်၊ အင်္ဂလန်ကနေ အီတလီကို ပြောင်းရွှေ့ ဖြစ်ခဲ့တာပါ။ ဒီလိုနဲ့ မီလန်မှာ သူတို့ရဲ့ မိသားစုဘဝလေး ပြန်လည်သာယာစိုပြေတော့မလို ဖြစ်လာခဲ့တာပါ။ မီလန်မှာ မိသားစုတပျော်တပါး ဈေးဝယ်ထွက်နေကြတဲ့ပုံတွေကို မီဒီယာတွေက ဖော်ပြခဲ့တော့လည်း ပရိသတ်တွေက သူတို့အတွက် ကြည်နူးပျော်ရွှင်ခဲ့ရပါတယ်။ ဒါပေမဲ့ ကလေးတွေရဲ့ ကျောင်းကိစ္စအတွက် ကီလ်နာ အင်္ဂလန်ပြန်ရဖို့ ဖြစ်လာပါတယ်။ ဖေဖော်ဝါရီ(၂၄) တနင်္လာနေ့မှာ ကီလ်နာနဲ့ ကလေးတွေ အင်္ဂလန်ပြန်သွားခဲ့ကြပါတယ်။ ဒီတော့ ရရှိလာတဲ့ အခွင့်အရေးကို ဝေါ်လ်ကာက အမိအရအသုံးချတော့တာပေါ့။
ဖေဖော်ဝါရီ(၂၅) အင်္ဂါနေ့ညမှာပဲ ဝေါ်လ်ကာက ညလုံးပေါက်နီးပါး ထွက်ကဲခဲ့ပါတယ်။ ဝေါ်လ်ကာ အင်္ဂါည ၁၀း၄၅ နာရီလောက်မှာ မီလန်မြို့ရဲ့ နာမည်ကျော် Casa Cipriani ဟိုတယ်ကို ရောက်ရှိလာခဲ့ပြီး အမျိုးသမီးနှစ်ယောက်၊ အမျိုးသားတစ်ယောက်နဲ့အတူ ညစာစားခဲ့ကြပါတယ်။ အဲဒီနောက် မနက် (၂)နာရီလောက်မှာ ဟိုတယ်ကထွက်ပြီး Tocquevilla နိုက်ကလပ်ကို ခရီးဆက်ခဲ့ကြပါတယ်။ နိုက်ကလပ်မှာ သိပ်ကြာကြာမနေဘဲ ပြန်သွားခဲ့တယ်လို့ ဝေါ်လ်ကာနဲ့ နီးစပ်သူတွေက ဖွင့်ဟခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီညမှာ ဝေါ်လ်ကာက အယ်လ်ကိုဟောပါတာတွေ လုံးဝမသောက်ခဲ့ဘူးလို့လည်း ဆိုပါတယ်။ အမျိုးသမီးတွေနဲ့လည်း ဘာမှမဖြစ်ခဲ့ ဘူးလို့ ဆိုပါတယ်။ ဗြိတိန်မီဒီယာတွေကတော့ ဝေါ်လ်ကာနဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ ဆက်ဆံရေးက တရင်းတနှီးနိုင်လွန်းတယ်လို့ သုံးသပ်ခဲ့ပါတယ်။ ပြီးတော့ ဒီသတင်းက ပြန်လည်အဆင်ပြေခါစ ကီလ်နာနဲ့ ဆက်ဆံရေးအပေါ် ထိခိုက်မှုရှိနိုင်တယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။ ဘာတွေ ဆက်ဖြစ်လာမလဲ။ ဝေါ်လ်ကာက အရင်လို ဟော့ဟော့ရမ်းရမ်း မလုပ်တော့ဘူးဆိုရင်တောင် ခြေငြိမ်ဦးမှာ မဟုတ်ကြောင်းကိုတော့ တစွန်းတစပြသခဲ့ပြီလို့ပဲ ဆိုရမှာပါ။ ဝေါ်လ်ကာကတော့ ဝေါ်ကာပါပဲလေ။