
◘ ကလပ်ဘရုဂေး - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် မတ်လ ၅ ရက် နံနက် ၀၀:၁၅ နာရီ)
အုပ်စုအဆင့်ပွဲစဉ်မှာတုန်းက ဘရုဂေးက အိမ်ကွင်းမှာ အက်စတွန်ဗီလာအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ဖူးတယ်။ ဗီလာက ပထမပိုင်းမှာ ပိုကောင်းခဲ့ပေမဲ့ နောက်ပိုင်းမှာ ဘရုဂေးက အနိုင်ဂိုးသွင်းသွားတယ်။ အတ္တလန်တာကိုလည်း ကျော်ဖြတ်ခဲ့ တဲ့အတွေ့အကြုံအရဆို ဘရုဂေးကို လျှော့မတွက်သင့်ဘူး။ ဘရုဂေးကိုပဲ ကြိုက်တယ်။
◘ ရီးရဲလ်မက်ဒရစ် - အက်သလက်တီကို (မြန်မာစံတော်ချိန် မတ်လ ၅ ရက် နံနက် ၂:၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီကတော့ ဘက်တစ်ကို ရှုံးခဲ့တဲ့ပွဲအပြီးမှာ ဒီပွဲလို ခြေစွမ်းမျိုးနဲ့တော့ အက်သလက်တီကိုမက်ဒရစ်ကို နိုင်မှာမဟုတ်ဘူးလို့ ပြောသွားတယ်။ ဒီပွဲမှာ ကစားသွားတဲ့ ရီးယဲလ်မက်ဒရစ်ရဲ့ခြေစွမ်းက တော်တော်လေးလည်း အားနည်းပါတယ်။ စီဘယ်ယော့စ်၊ ဗယ်လ်ဗာဒီတို့လို ကစားသမားတွေ ဒဏ်ရာရနေချိန်မှာ ရီးယဲလ်မက်ဒရစ်ရဲ့အသင်းလိုက်မာကျောမှုနဲ့ ထိန်းချုပ်နိုင်စွမ်းတွေ လျော့ခဲ့တာကိုလည်း တွေ့ရတယ်။ ဒီပွဲက ရီးယဲလ်မက်ဒရစ်ကွင်းမှာ ဖြစ်လို့ အားသာပေမဲ့ သရေကျသွားနိုင်ခြေရှိပြီး အနိုင်ဆိုရင်တော့ ရီးယဲလ်ပါပဲ။
◘ PSV - အာဆင်နယ် (မြန်မာစံတော်ချိန် မတ်လ ၅ ရက် နံနက် ၂:၃၀ နာရီ)
အာဆင်နယ်အသင်းအနေနဲ့ လူစုံတက်စုံ ကစားနိုင်ချိန်မျိုးမှာ PSV ကို ကျော်ဖြတ်ဖို့ဆိုတာ အရမ်းခက်ခဲနေတာမျိုး မဟုတ်ပေမဲ့ လက်ရှိအခြေအနေအရတော့ တော်တော်ကို ခက်ခက်ခဲခဲ ကြိုးစားရလိမ့်မယ်။ အထူးသဖြင့် အခု PSVကွင်းမှာကစားတဲ့ ပွဲမျိုးမှာ နိုင်ပွဲရဖို့ ခက်ခဲနိုင်ပြီး နိုင်ပွဲကိုသာ ဦးတည်ကစားမယ်ဆိုရင်လည်း မထင်မှတ်တဲ့ ရှုံးပွဲမျိုးတောင် တွေ့သွားနိုင်တယ်။ ပွဲကို အေးအေးဆေးဆေး ထိန်းချုပ်ပြီး သရေရလဒ်လောက် ထိန်းကစားတာမျိုးက အာဆင်နယ်ရဲ့ လက်ရှိအခြေအနေနဲ့ ပိုသင့်တော် ပါတယ်။ အာဆင်နယ် သရေလောက်တော့ရနိုင်တယ်။
◘ ဒေါ့မွန် - လိုင်လီ (မြန်မာစံတော်ချိန် မတ်လ ၅ ရက် နံနက် ၂:၃၀ နာရီ)
လိုင်လီက ဒီရာသီ ချန်ပီယံလိဂ် ထိပ်ဆုံး ၈ သင်းထဲမှာ ရပ်တည်ခဲ့တဲ့အသင်းဖြစ်ပြီး ဒီလိုစွမ်းဆောင်ရည်မျိုးက လျှော့မတွက်သင့်ဘူး။ ဒေါ့မွန်က ပြီးခဲ့တဲ့ Play-offs အဆင့်မှာ ပုံစံကောင်းပြခဲ့ပြီး ပထမအကျော့ကတည်းက ပွဲကို အပြီးဖြတ်နိုင်ခဲ့တာ မှန်ပေမဲ့ လိုင်လီက ပိုမာကျောတဲ့အသင်းပါ။ ချန်ပီယံလိဂ် အုပ်စုအဆင့် ၈ ပွဲထဲမှာ ရီးယဲလ်၊ အက်သလက်တီကိုတို့လိုအသင်းတွေကို နိုင်ခဲ့ဖူးတဲ့အသင်းလည်း ဖြစ်တယ်။ ဒေါ့မွန်က အိမ်ကွင်းမှာ အားသာချက်ရှိသလို၊ ပိုအားကောင်းတဲ့အသင်း ဆိုပေမဲ့ အကြိတ်အနယ်ကစားရလိမ့်မယ်။ ဒေါ့မွန် ၂-၁ လောက်ပဲ ဖြစ်မယ်။