Eleven Media Group

■ ပါတေးနေရာ အစားထိုးရန် ကစားသမား (၃)ဦးကို အာဆင်နယ် ပစ်မှတ်ထားနေ

Photo: X

အာဆင်နယ်အသင်းသည် လာမည့်နွေရာသီတွင် လမ်းခွဲရန် နီးစပ်နေသည့် ဂါနာကွင်းလယ်ကစားသမား ပါတေး၏နေရာ အစားထိုးရန်အတွက် ကစားသမား(၃)ဦးကို ပစ်မှတ်ထားနေကြောင်း သိရသည်။

ပါတေး(၃၁ နှစ်)သည် လာမည့်နွေရာသီတွင် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းမှထွက်ခွာရန် အလားအလာများနေသည်။

အာဆင်နယ်အသင်းသည် ပါတေးကို ၂၀၂၀ ပြည့်နှစ်က အက်သလက်တီကိုအသင်းမှ ပေါင် သန်း ၄၀ ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ပါတေးကို ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

ထို့ကြောင့် အာဆင်နယ်အသင်းက အစားထိုးရန် စီစဉ်နေရာ ဆိုစီဒက်မှ ဇူဘီမန်ဒီ၊ ဘိုင်ယန်မြူးနစ်မှ ကင်မစ်ချ် နှင့် ရိုစင်ဘော့မှ ဆဗာရီနီပန်တို့ကို ပစ်မှတ်ထားလျက်ရှိသည်။

ဇူဘီမန်ဒီသည် ပြီးခဲ့သည့်နှစ်နွေရာသီက လီဗာပူးလ်အသင်းမှ ခေါ်ယူရန် ကြိုးပမ်းခြင်းခံခဲ့ရသော်လည်း ဆိုစီဒက်အသင်းမှ ပယ်ချခဲ့သည်။

ကင်မစ်ချ်မှာ ဘိုင်ယန်အသင်းနှင့် ယခုရာသီကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အာဆင်နယ်၊ မန်စီးတီးအသင်းများနှင့် သတင်းထွက်နေသည်။

အခြားအာဆင်နယ်ကွင်းလယ်လူတစ်ဦးဖြစ်သည့် ဂျော်ဂျင်ဟိုမှာလည်း နွေရာသီတွင် အသင်းမှ ထွက်ခွာရန် နီးစပ်လျက်ရှိသည်။

ဘရာဇီးလ်ဖွား အီတလီကစားသမား ဂျော်ဂျင်ဟိုသည် ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group