
စပိန်လက်ရွေးစင်အသင်း၏နည်းပြ ဒယ်လာဖွန်တေက မိမိ၏အတွေးထဲတွင် အစ္စကို အမြဲရှိသည်ဟု ပြောကြားခဲ့သည်။
ရီးယဲလ်အသင်း၏ကစားသမားဟောင်း အစ္စကို(၃၂ နှစ်)သည် လက်ရှိအချိန်တွင် ဘက်တစ်အသင်း၌ ခြေစွမ်းပြနေသည့်အတွက် ဒယ်လာဖွန်တေက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အစ္စကိုသည် စပိန်လက်ရွေးစင်အသင်းအတွက် (၃၈)ပွဲ ကစားထားသော်လည်း ၂၀၁၉ နောက်ပိုင်း ရွေးချယ်ခံရခြင်းမရှိတော့ပေ။
ယခုအခါ ဒယ်လာဖွန်တေက ''သူက ဒဏ်ရာရနေချိန်မှာတောင် ကျွန်တော့်အတွေးထဲ ရှိနေသူပါ။ အခု သူ ထိပ်တန်းခြေစွမ်းပြသနေပါတယ်။ ကစားသမားကောင်းတွေ များပြားပြီး ရွေးချယ်စရာတွေ များပြားတာက ကျွန်တော့်အတွက် အရမ်းလွယ်ကူ စေပါတယ်''ဟု ဆိုခဲ့သည်။
အစ္စကိုသည် ယခုရာသီ၌ ဘက်တစ်အသင်းတွင် ပြိုင်ပွဲစုံ ၁၅ ပွဲကစားထားပြီး ခြောက်ဂိုး သွင်းယူထားကြောင်း သိရသည်။
ဒယ်လာဖွန်တေအနေဖြင့် ဗီလာအသင်းတွင် ခြေစွမ်းပြနေသည့် အခြားရီးယဲလ်ကစားသမားဟောင်းဖြစ်သူ အဆန်စီယိုကိုလည်း ပြန်လည်ရွေးချယ်ဖွယ် ရှိနေသည်။