Eleven Media Group

ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Photo: X

ဖီယင်နု နှင့် အင်တာမီလန် (၆-၃-၂၀၂၅ မြန်မာစံတော်ချိန် နံနက် ၀၀း၁၅ နာရီ)
အေစီမီလန်အသင်းကို ကစားခဲ့တဲ့ နှစ်ကျော့စလုံးမှာ ဖီယင်နုအသင်းကစားသွားတာ အထင်ကြီးစရာကောင်းပါတယ်။ အုပ်စုအဆင့်တုန်းကလည်း ဟီရိုနာ၊ ဘင်ဖီကာတို့ကိုအဝေးကွင်းတွေမှာ နိုင်ခဲ့တာ၊ မန်စီးတီးကို အဝေးကွင်းမှာ သရေကစားပြီး အိမ်ကွင်းမှာ ဘိုင်ယန်ကို ဂိုးပြတ်သွင်းခဲ့တာတွေက တော်တော်အားကောင်းတဲ့ စွမ်းဆောင်ရည်ဖြစ်တယ်။ ဒါပေမဲ့ အင်တာမီလန်အသင်းက ဥရောပမှာ အင်အားကြီးအသင်း၊ အတွေ့အကြုံရင့်အသင်းဖြစ်သလို၊ ကစားပုံလည်းကောင်းတယ်။ အေစီမီလန်ထက်လည်း ပိုမာကျောပါတယ်။ အင်တာမီလန်ကို ကြိုက်တယ်။

PSG နှင့် လီဗာပူးလ် (၆-၃-၂၀၂၅ မြန်မာစံတော်ချိန် နံနက် ၂း၃၀ နာရီ)
PSG က ဒီရာသီ ချန်ပီယံလိဂ်မှာ မန်စီးတီးကို အိမ်ကွင်းမှာ အနိုင်ရခဲ့ပြီး အာဆင်နယ်ကို အဝေးကွင်းမှာ ရှုံးခဲ့တယ်။ ဒါကြောင့် အင်္ဂလိပ်ထိပ်သီးအသင်းတွေနဲ့ ရလဒ်ပိုင်းက သိပ်မကွာဘူးလို့ ပြောလို့ရပြီး ဒီပွဲကတော့ နှစ်ကျော့ကစားရမယ့်ပွဲလည်း ဖြစ်တယ်။ လက်ရှိ အန်နရီကေးရဲ့ PSG အသင်းက လီဗာပူးလ်အတွက် လျှော့တွက်လို့မရတဲ့အနေအထားဖြစ်ပြီး တောင်ပံကစားသမားတွေသာ အလုပ်လုပ်ပုံကောင်းခဲ့ရင်လီဗာပူးလ်ခံစစ်ရုန်းကန်ရနိုင်တယ်။ ဒါပေမဲ့ လီဗာပူးလ်တိုက်စစ်ကလည်း လုပ်ရည်ကိုင်ရည်မြင့်ပါတယ်။ သရေလောက်တော့ လီဗာပူးလ်ကစားနိုင်မယ်ထင်တယ်။

ဘိုင်ယန်မြူးနစ် နှင့် လေဗာကူဆင် (၆-၃-၂၀၂၅ မြန်မာစံတော်ချိန် နံနက် ၂း၃၀ နာရီ)
ဂျာမန်ထိပ်တန်း အသင်းကြီးနှစ်သင်းထိပ်တိုက်တွေ့ကြတဲ့ပွဲဖြစ်ပြီး မကြာသေးခင်ကမှ လေဗာကူဆင်အသင်းရဲ့ကွင်းမှာ ကစားခဲ့တုန်းကတော့ သရေကျခဲ့တာကို တွေ့ရတယ်။ တစ်ချိန်က ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ဂန္ထဝင်ကစားသမားတွေဖြစ်ခဲ့ဖူးပြီး အခု ဘွန်ဒစ်လီဂါဘီလူးကြီး နှစ်သင်းမှာ ပြိုင်ဘက်အဖြစ်ဆုံတွေ့နေတဲ့ ကွန်ပနီနဲ့ အလွန်ဆိုတို့ ကြားမှာ အားပြိုင်မှုက ပြင်းထန်ပါဦးမယ်။ အလွန်ဆိုကတော့ ပိုကောင်းတဲ့အရည်အသွေးတွေကို သက်သေပြထားတယ်။ ဒီနှစ်သင်းက ဘွန်ဒစ်လီဂါမှာ ဘိုင်ယန်က ပိုသာပေမယ့် ထိပ်တိုက်တွေ့တဲ့ပွဲတွေမှာ လေဗာကူဆင်ကိုပိုကြိုက်တယ်။

ဘင်ဖီကာ နှင့် ဘာစီလိုနာ (၆-၃-၂၀၂၅ မြန်မာစံတော်ချိန် နံနက် ၂း၃၀ နာရီ)
ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်တွေမှာ ဒီနှစ်သင်း ယှဉ်ပြိုင်ကစားခဲ့ကြတုန်းက ဘာစီလိုနာအသင်းက အဝေးကွင်းမှာ ၄-၅ ဂိုးနဲ့ အကြိတ်အနယ်ကစားပြီး အနိုင်ရခဲ့တယ်။ တကယ်တော့ ဘင်ဖီကာက ဒီဘက်နှစ်တွေမှာ အရမ်းအားကောင်းတဲ့ ပုံစံကို ပြသနိုင်တဲ့အသင်းမျိုးမဟုတ်ဘူး။ ရှေ့ရာသီ ဥရောပပွဲတွေမှာလည်း သာမန်အဆင့်သာ ကစားနိုင်ခဲ့ပြီး အခုအချိန်မှာလည်း ဒီအဆင့်အထိ လိမ်ဖယ်ဖယ်နဲ့ ရောက်လာတာလို့ပြောလို့ရတယ်။ လက်ရှိ ခြေစွမ်းအရဖြစ်စေ၊ တစ်ရာသီလုံးပြသနေတဲ့ ခြေစွမ်းအရဖြစ်စေ ဘာစီလိုနာအများကြီး ပိုကောင်းတယ်။ ဘာစီလိုနာကိုပဲ ကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group