
ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက အက်သလက်တီကိုအသင်းနှင့် ကစားရမည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ယခုပွဲထက် ပိုခက်ခဲမည်ဖြစ်ကြောင်း အသင်းကစားသမားများကို သတိပေးပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် အင်္ဂါနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်၌ အိမ်ကွင်းတွင် အက်သလက်တီကိုအသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ရီးယဲလ်အသင်းသည် ဒုတိယအကျော့ပွဲစဉ်အဖြစ် မတ်လ (၁၂)ရက်တွင် အက်သလက်တီကိုကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ထို့ကြောင့် အန်ဆယ်လော့တီက ''ဥရောပရဲ့ထိပ်တန်း အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး အခုက ပြိုင်ပွဲမပြီးသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ နောက်တစ်ဆင့်တက်ဖို့ အားသာချက် ရှိနေပါတယ်။ ဒါက ကျွန်တော်တို့ကို ဒုတိယအကျော့အတွက် ယုံကြည်မှု ပိုရှိစေပါတယ်။ ဒုတိယအကျော့ပွဲက အခုပွဲထက် ပိုခက်မှာပါ''ဟု ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းမှ ဗင်နီရှပ်စ်၊ အမ်ဘာပေတို့ အပိုင်အခွင့်အရေးများ လွဲချော်ခဲ့သဖြင့် ဂိုးမပြတ်ခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်အသင်းသည် အက်သလက်တီကိုအသင်းနှင့် ဥရောပကလပ်ပြိုင်ပွဲတွေ့ဆုံမှု ၁၅ ပွဲတွင် သုံးပွဲသာ အရေးနိမ့်ခဲ့သည်။
ရီးယဲလ်အနေဖြင့် ၁၆ သင်းအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့လျှင် ကွာတားဖိုင်နယ်တွင် အာဆင်နယ်နှင့် တွေ့ဆုံရဖွယ်ရှိနေသည်။