Eleven Media Group

■ မိန်နူးအား စာချုပ်သစ် ချုပ်ဆိုရန် မန်ယူ ဆွေးနွေး

Photo: Facebook

မန်ယူအသင်းသည် အသင်းလူငယ်ကွင်းလယ်ကစားသမား မိန်နူးအား နှစ်ရှည်စာချုပ်ချုပ်ဆိုရန် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း သိရသည်။

မိန်နူး(၁၉ နှစ်)သည် မန်ယူအကယ်ဒမီထွက်ဖြစ်ပြီး အသင်းနှင့်ချုပ်ဆိုထားသည့် လက်ရှိစာချုပ်မှာ ၂၀၂၇ ခုနှစ် တွင်ကုန်ဆုံးမည်ဖြစ်သည်။

မိန်နူးသည် ပြီးခဲ့သည့်ဇန်နဝါရီက အသင်းပြောင်းရွှေ့မည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ယခုအခါ မန်ယူအသင်းက ၎င်းကို နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေခြင်းဖြစ်သည်။

မိန်နူးသည် လက်ရှိတွင် မန်ယူ၌ တစ်ပတ်လစာ ပေါင်(၂၀၀၀၀) ရရှိနေပြီး စာချုပ်သစ်အတွက် တစ်ပတ်လစာ ပေါင် (၁၈၀၀၀၀) တောင်းဆိုထားကြောင်း သိရသည်။

၎င်းအနေဖြင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ချယ်လ်ဆီးအသင်းနှင့် သတင်းများ ထွက်ခဲ့သူဖြစ်သည်။

လက်ရှိတွင် ခြေသလုံးကြွက်သားဒဏ်ရာကြောင့် တစ်လခန့် အနားယူနေရလျက်ရှိသည်။

မိန်နူး(၁၉ နှစ်)အနေဖြင့် လွန်ခဲ့သည့်နှစ်နှစ်က မန်ယူနိုက်တက်အသင်းအတွက် ပွဲထွက်ခဲ့ပြီးကတည်းက ပြိုင်ပွဲစုံ ပွဲ ၆၀ ကစားကာ ခြောက်ဂိုး သွင်းယူထားသည်။

ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် သုံးဂိုး သွင်းယူခဲ့ပြီး FAဖလား ဗိုလ်လုပွဲတွင် အဆုံးအဖြတ်အနိုင်ဂိုး သွင်းနိုင်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group