
မန်ယူဂန္ထဝင် ဖာဒီနန်က နည်းပြ အာမိုရင်မ်လက်ထက်တွင် အသင်းတိုက်စစ်မှူး ဟွိုင်လန်းမှာ ဆိုးဆိုးရွားရွားကျဆင်းသွားခဲ့ကြောင်း ဝေဖန်ခဲ့သည်။
အသက် (၂၂) နှစ်အရွယ်ရှိ ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်လန်းသည် ၂၀၂၃ နွေရာသီတွင် အတ္တလန်တာအသင်းမှ မန်ယူအသင်းထံသို့ Add-ons ကြေးများ အပါအဝင် ပေါင် (၇၂)သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။ ဟွိုင်းလန်သည် မန်ယူကစားသမားဘ၀ ပွဲဦးရာသီဖြစ်သည့် ၂၀၂၃-၂၄ ရာသီက ပြိုင်ပွဲစုံ (၄၃) ပွဲတွင် (၁၆) ဂိုး သွင်းယူနိုင်ခဲ့သည်။
သို့သော် ၎င်းသည် လက်ရှိနည်းပြ အာမိုရင်မ်လက်ထက်တွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၁၈) ပွဲဆက် တိုက်ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေ။
ထို့ကြောင့် ဖာဒီနန်က မန်ယူတိုက်စစ်မှူး ဟွိုင်လန်းမှာ အာမိုရင်မ်လက်ထက်တွင် ကျဆင်းသွားခဲ့ပြီး ကွင်းအတွင်း အကြောက်တရားကြီးစိုးနေကြောင်း ပြောကြားခဲ့သည်။
ဖာဒီနန်က "မန်ယူတိုက်စစ်မှာ ဟွိုင်လန်းက ဘေးထွက်နေသလို၊ အခုတလော သူ့ရဲ့စွမ်းဆောင်မှုက အတော်လေး ဆိုးပါတယ်။ ဟွိုင်လန်းကို ကြည့်ရတာ ကွင်းအတွင်း ကြောက်နေသလိုပါပဲ။ သူဟာ အာမိုရင်မ်လက်ထက်မှာ ဆိုးဆိုးရွားရွားကို ကျဆင်းသွား ခဲ့တာပါ"ဟု ပြောကြားခဲ့သည်။
မန်ယူနည်းပြ အာမိုရင်မ်ကမူ ဟွိုင်လန်းအနေဖြင့် ဂိုးမိုးခေါင်နေခြင်းမှာ အသင်းဖော်များ၏ ပံ့ပို့မှုအားနည်းခြင်းကြောင့်ဟု ဆိုထားသည်။
ဟွိုင်လန်းသည် မန်ယူအသင်းအတွက် ယခုရာသီ ပရီးမီးယားလိဂ် (၂၂) ပွဲတွင် (၂) ဂိုးသာ သွင်းယူထားနိုင်သေးသည်။