အသက်(၇၂)နှစ်ဆိုတာ ဒီခေတ်လူငယ်တွေရဲ့ အသုံးအနှုန်းနဲ့ဆိုရင် ဘွားတော်အရွယ်ပေါ့။ ဒါပေမဲ့ ဂရာစီယယ်လာအယ်လ်ဖာနိုဆိုတဲ့ အမျိုးသမီးကြီးကတော့ အဲဒီလို သုံးနှုန်းဖို့ နှုတ်တွန့်သွားစေနိုင်ပါတယ်။ သူက အရွယ်နဲ့ မလိုက်အောင် လန်းနေတုန်းမို့ပါ။ ဒါကြောင့်များ သူ့ရဲ့ ရေချိုးခန်း ဗီဒီယိုဖိုင်တစ်ခုက လူမှုကွန်ရက်နဲ့ အားကစားပရိသတ်တွေကြား ပြောစရာဖြစ်သွားခဲ့သလားပဲ။

ဂရာစီယယ်လာအယ်လ်ဖာနိုက ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ အသက်(၇၂)နှစ်ပြည့်ခဲ့သူပါ။ သူက ၁၉၇၀ နဲ့ ၁၉၈၀ ဝန်းကျင်ကာလတွေမှာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရတဲ့ အာဂျင်တီးနားရုပ်ရှင်သရုပ်ဆောင် မော်ဒယ်တစ်ယောက် ဖြစ်ပါတယ်။ အခုထိလည်း ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်နေတုန်းပါပဲ။ လှသွေးကြွယ်စဉ် အချိန်တုန်းကတော့ အာဂျင်တီးနားနိုင်ငံရဲ့ ဆွဲဆောင်မှုအရှိဆုံး မော်ဒယ်မင်းသမီးတစ်ယောက်အဖြစ် ဆယ်စုနှစ်(၂)ခုလောက် ရပ်တည်ခဲ့ဖူးပါတယ်။ Instagram မှာ ပရိသတ်(၁)သန်းကျော် ပိုင်ဆိုင်ထားဆဲဖြစ်တဲ့ အယ်လ်ဖာနိုက သူ ဂရုတစိုက် ထိန်းသိမ်းထားတဲ့ ခန္ဓာကိုယ်အလှအပကိုလည်း မကြာခဏ ထုတ်ဖော်ဝင့်ကြွားလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ အယ်လ်ဖာနိုက ဟိုတယ်ရေချိုးခန်း မှန်တံခါးနောက်မှာ ဝတ်လစ်စလစ်ရေချိုးနေတဲ့ ဗီဒီယိုဖိုင်ကို Instagram မှာ တင်ခဲ့ပါတယ်။ ပြဿနာက အဲဒီနေ့ အစောပိုင်းမှာပဲ အဲဒီဟိုတယ်ရှေ့မှာ ရော်နယ်လ်ဒင်ဟိုနဲ့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံကို Instagram မှာ တင်ခဲ့မိခြင်းပါပဲ။ ဒီတော့ ပရိသတ်တွေက အယ်လ်ဖာနိုရဲ့ ရေချိုးခန်းဗီဒီယိုဖိုင်နောက်ကွယ်မှာ ရော်နယ်လ်ဒင်ဟို ရှိနေနိုင်တယ်လို့ ထင်မှတ်သွားခဲ့ကြပါတယ်။ ရော်နယ်လ်ဒင်ဟိုအတွက်တော့ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်လို့ ဆိုရမလားပဲ။ မော်ဒယ်ဘွားဘွားက ရော်နယ်လ်ဒင်ဟိုနဲ့ ကြုံတုန်းဆုံခိုက် အမှတ်တရဓာတ်ပုံ ရိုက်ဖြစ်ခဲ့ရုံသာဖြစ်ကြောင်း ပြန်ဖြေရှင်းပေးခဲ့လို့သာပေါ့။