Eleven Media Group

အမ်ဘာပေရဲ့အတ္တနဲ့ အွန်နရီအရိပ်

Photo : Getty Images

ခေတ်ပေါ် ဘောလုံးကမ္ဘာထဲ အမ်ဘာပေရဲ့ နာမည်လင်းပလာချိန်ကစလို့ မက်ဆီလို၊ စီရော်နယ်လ်ဒိုလို ဖြစ်လာမယ့်သူဆိုပြီး နိမိတ်ဖတ်ခံရတယ်။ အာစင်ဝင်းဂါးက မိုနာကိုမှာ အမ်ဘာပေကို မြင်တော့ "ကျွန်တော်တို့မှာ ပီလီလက်သစ်ရှိနေပြီ" ဆိုပြီး ဂုဏ်ယူစွာပြောခဲ့ဖူးတယ်။ တကယ်လည်း အမ်ဘာပေက ပီလီဆန်ခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာပဲ ပီလီလိုမျိုး ကမ္ဘာ့ဖလားဖိုင်နယ်ဂိုး ပိုင်ဆိုင်ခဲ့တယ်။ ၁၉၅၈ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ဆယ်ကျော်သက် ပီလီ ဂိုးသွင်းပြီးနောက် နှစ်ပေါင်း (၆၀)အကြာ ၂၀၁၈ ကမ္ဘာ့ဖလားဖိုင်နယ်မှာ (၁၉) နှစ်အရွယ် အမ်ဘာပေက သွင်းဂိုး ပိုင်ဆိုင်ခဲ့တာပါပဲ။

ခေတ်ပေါ် ဘောလုံးကမ္ဘာထဲ အမ်ဘာပေရဲ့ နာမည်လင်းပလာချိန်ကစလို့ မက်ဆီလို၊ စီရော်နယ်လ်ဒိုလို ဖြစ်လာမယ့်သူဆိုပြီး နိမိတ်ဖတ်ခံရတယ်။ အာစင်ဝင်းဂါးက မိုနာကိုမှာ အမ်ဘာပေကို မြင်တော့ "ကျွန်တော်တို့မှာ ပီလီလက်သစ်ရှိနေပြီ" ဆိုပြီး ဂုဏ်ယူစွာပြောခဲ့ဖူးတယ်။ တကယ်လည်း အမ်ဘာပေက ပီလီဆန်ခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာပဲ ပီလီလိုမျိုး ကမ္ဘာ့ဖလားဖိုင်နယ်ဂိုး ပိုင်ဆိုင်ခဲ့တယ်။ ၁၉၅၈ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ဆယ်ကျော်သက် ပီလီ ဂိုးသွင်းပြီးနောက် နှစ်ပေါင်း (၆၀)အကြာ ၂၀၁၈ ကမ္ဘာ့ဖလားဖိုင်နယ်မှာ (၁၉) နှစ်အရွယ် အမ်ဘာပေက သွင်းဂိုး ပိုင်ဆိုင်ခဲ့တာပါပဲ။ ၂၀၂၂ ကမ္ဘာ့ဖလားဖိုင်နယ်မှာလည်း အမ်ဘာပေရဲ့ ထူးချွန်မှုဟာ တိတ်ဆိတ်မနေခဲ့ဘူး။ ဟက်ထရစ်သွင်းပြီး မက်ဆီနဲ့အပြိုင် ဖျော်ဖြေခဲ့ပါတယ်။ ချန်ပီယံလိဂ်ကလွဲပြီး PSG မှာ အမ်ဘာပေ အရာအားလုံး ပြည့်စုံခဲ့တယ်။ ပြည်တွင်းဖလားတွေ၊ သွင်းဂိုး(၂၅၆) ဂိုးနဲ့ PSG အသင်းသမိုင်းတစ်လျှောက်ဂိုးအများဆုံး စံချိန်တွေက အမ်ဘာပေကို ဝင့်ထည်စေတယ်။

အမ်ဘာပေရဲ့ငယ်ဘဝအိပ်ခန်းနံရံမှာ စီရော်နယ်လ်ဒိုဓာတ်ပုံ များစွာရှိပါတယ်။ ပြီးတော့ ဇီဒန်းပါပဲ။ ၁၉၉၈ ကမ္ဘာ့ဖလားအောင်ပွဲကြောင့် ပြင်သစ် တစ်နိုင်ငံလုံး ဘောလုံးဗိုင်းရပ်စ် အပြင်းအထန် ကူးစက်ခံခဲ့ရတယ်။ တစ်ရက်မှာ အမ်ဘာပေက ဆံသဆရာကို "ဇီဒန်းလို ထိပ်ပြောင်ပုံစံ ညှပ်ပေးပါ"ဆိုပြီးတောင်းဆိုခဲ့ဖူးတယ်။ ဒါပေမဲ့ ဆံသဆရာက လက်မခံခဲ့ပါဘူး။ အမ်ဘာပေက ပါရီမြို့အရှေ့မြောက်ဘက်၊ ဆင်ခြေဖုံးအရပ် ဘွန်ဒေးလ်မှာ ရှင်သန်ကြီးပြင်းလာတယ်။ အဲဒီအရပ်ကနေ ဆာလီဘာလည်း ခေတ်ပေါ် ဘောလုံးကမ္ဘာဆီ ရောက်ခဲ့တာပါပဲ။ အမ်ဘာပေက သူ့အဖေ နည်းပြနေတဲ့ ဒေသခံကလပ် AS Bondy မှာ ဘောလုံးပညာဆည်းပူးခဲ့သေးတယ်။ အမ်ဘာပေရဲ့အဖေက သူ့သားကို အကြမ်းဆုံး နောက်ခံလူတွေနဲ့ ရင်ဆိုင်ခိုင်းပြီး စမ်းသပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အမ်ဘာပေက အလျင်အမြန်တိုးတက်လာတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ AS Bondy မှာ အမြန်ဆုံးကစားသမားက အမ်ဘာပေ မဟုတ်ပါဘူး။ သူ့ထက်မြန်တဲ့ ကစားသမားရှိတယ်လို့ အမ်ဘာပေရဲ့ လူငယ်အသင်းဖော်ဟောင်း ရာယန်ဗီယင်ဂါက ပြန်ပြောပြတယ်။

ပြင်သစ်ဘောလုံးအကယ်ဒမီ Clairefontaine က အွန်နရီ၊ အနယ်လ်ကာ၊ ဂါးလက်စ်၊ မာတွီဒီ၊ ဘင်အာဖာတို့လို ထိပ်တန်းကစားသမားတွေ မွေး ထုတ်ပေးခဲ့ဖူးတယ်။ အမ်ဘာပေကလည်း အဲဒီ အကယ်ဒမီကနေ ပြင်သစ် ဘောလုံးသူရဲကောင်း ဖြစ်လာခဲ့တာပါပဲ။ ဘောလုံးအကယ်ဒမီရောက်ပြီး ဒုတိယနှစ်မှာ အမ်ဘာပေရဲ့ပါရမီရနံ့ကို သဲလွန်စ ရသူများစွာ ရှိလာပါပြီ။ ရီးယဲလ်၊ အာဆင်နယ်နဲ့ မန်ယူနိုက်တက်တို့က အမ်ဘာပေကို အရင်ဆုံး ချဉ်းကပ်ခဲ့တဲ့ အသင်းတွေပါပဲ။ တကယ်တမ်း အမ်ဘာပေ ရောက်ဖို့နီးစပ်ခဲ့တာ ကိန်းအသင်းပါပဲ။ ကိန်းကစားသမားကင်းထောက် ဒေးဗစ်လာဆရီက အမ်ဘာပေရဲ့ပါရမီကို အထူးယုံကြည်ခဲ့ပါတယ်။ "အမ်ဘာပေက အနာဂတ် Ballon d'Or ပိုင်ရှင်"ဆိုပြီး ခပ်ရဲရဲနိမိတ်ဖတ်ခဲ့ပါတယ်။ အမ်ဘာပေရဲ့ အဖေကလည်း သူ့သားကို ကိန်းအသင်းဆီ စေ လွှတ်ချင်ခဲ့တယ်။ ဒါပေမဲ့ ကိန်းအသင်းက တန်းဆင်း သွားလို့ အပြောင်းအရွှေ့ ဖြစ်မလာခဲ့တာပါ။

၂၀၁၃ ခုနှစ်မှာ အမ်ဘာပေက မိုနာကိုလူငယ် အသင်းဆီ ရောက်ခဲ့ပါပြီ။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာမှာ မိုနာကိုအသင်းကြီးအတွက် ပထမဆုံးပွဲထွက်ပြီး အွန်နရီ (၂၁)နှစ်ကြာစံချိန်တင်ထားတဲ့ မိုနာကိုအသင်းရဲ့ အသက်အငယ်ဆုံးပွဲထွက်သူ စံချိန်ကို (၁၆ နှစ်၊ ၃၄၇)ရက်နဲ့ အမ်ဘာပေ ချိုးဖျက်ခဲ့တယ်။ ၂၀၁၆-၁၇ ရာသီမှာ အမ်ဘာပေရဲ့ဘုန်းတန်ခိုးက စတင်ထွန်းလင်းလာပါတယ်။ မိုနာကိုအတွက် လီဂူးမှာ (၁၅)ဂိုးသွင်းပြီး (၁၇)နှစ်အတွင်း ပထမဆုံး ချန်ပီယံဆုရအောင် ကူညီပေးခဲ့တယ်။ မိုနာကိုမှာ အမ်ဘာပေနဲ့ ရေစက်ဆုံသူ ဘာနာဒိုဆေးလ်ဗားက "အဲဒီကောင်လေးက လေ့ကျင့်ရေးကွင်းမှာ လူတိုင်းကို အနိုင်ယူပြနေကျ" လို့ ပြန်ပြောပြတယ်။ အဲဒီနှစ်မှာ မိုနာကိုက ရာသီမပြီးဆုံးခင် တစ်ပွဲအလိုနဲ့ ချန်ပီယံဆု သိမ်းပိုက်နိုင်ခဲ့တာပါ။ ချန်ပီယံအောင်ပွဲခံ အခမ်းအနား ပြီးဆုံးတဲ့အထိ အမ်ဘာပေမနေဘဲ အိမ်ကို အစောကြီးပြန်သွားခဲ့တယ်။ သူ့အကြောင်း ပြချက်က ရာသီပိတ်ပွဲမှာ အကောင်းဆုံးကစားပြချင်လို့ပါတဲ့။ ဘာနာဒိုဆေးလ်ဗားက "အမ်ဘာပေ ရဲ့ဘောလုံးအပေါ် ခံယူချက်ကြောင့် အခုလို အောင်မြင်နေတာ"ဆိုပြီး ချီးကျူးခဲ့တယ်။

အမ်ဘာပေကို အွန်နရီနဲ့ ခိုင်းနှိုင်းကြတယ်။ အွန်နရီဆိုတာ ဘောလုံးနဲ့မကင်းသူတိုင်း ကြားဖူးမယ့်နာမည်၊ အာဆင်နယ်ရဲ့ဂန္ထဝင်၊ ပရီးမီးယားလိဂ်ရဲ့ဂန္ထဝင်၊ ပြင်သစ်ရဲ့ဂန္ထဝင်၊ အနုပညာဆန်ပြီး လှပတဲ့ကစားဟန်နဲ့အတူ ဉာဏ်မြင့်မားတဲ့ တိုက်စစ်ကဝေပါပဲ။ ကျွန်တော်က အာဆင်နယ် ပရိသတ်မဟုတ်ဘူး၊ ကျွန်တော်က ပြင်သစ်အသင်း ပရိသတ် မဟုတ်ဘူး၊ ကျွန်တော်က ဉာဏ်နီဉာဏ်နက်များတဲ့ ကောင်တွေဆိုကြည့်မရဘူး။ ဒါပေမဲ့ အွန်နရီဟာ ခြွင်းချက်ပဲ။ အမ်ဘာပေက မြန်တယ်၊ တစ်ဦးချင်းတိုးအားကောင်းတယ်။ ဂိုးတွေသွင်းနိုင်တယ်။ ကမ္ဘာ့ဖလားရဖူးတယ်။ အနာဂတ် Ballon d'Or ဆုပိုင်ရှင်အဖြစ် ထင်ကြေးပေးခံထားရတယ်။ အမ် ဘာပေရဲ့ဖြစ်တည်မှုဟာ အွန်နရီနဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှမဟုတ်တော့ဘူး။ လမင်းကြီးနဲ့ ပိုးစုန်းကြူးလို ဖြစ်သွားတယ်။ အွန်နရီက လူလည်ကျတတ်ပေမဲ့ ခံယူချက်ရိုးရှင်းတယ်။ အာဆင်နယ်အတွက် သူ့ရဲ့ အကောင်းဆုံးအချိန်တွေ ပေးဆပ်ခဲ့တယ်။ လိုက်မီဖို့ခက်တဲ့ စံချိန်တင်ဂိုးတွေ သွင်းခဲ့တယ်။

အနုပညာဆန်လွန်းတဲ့ကစားဟန်နဲ့ ဂန္ထဝင် တစ်ဦးကို ခံစားခွင့်ရခဲ့ပါတယ်။ အွန်နရီဟာ သိပ်ကို လှပတဲ့ဂိုးတွေ ဖန်ဆင်းပြခဲ့တယ်။ အွန်နရီဟာ သိပ်ကို ခမ်းနားတဲ့အောင်ပွဲတွေ ပိုင်ဆိုင်ခဲ့တယ်။ ဘောလုံးသမားတိုင်း လေးစားအားကျရတဲ့ ဘဝမျိုးပေါ့။ ဒါပေမဲ့ ဂန္ထဝင်တစ်ဦးမှာလည်း Traurna တွေ ရှိခဲ့ပါတယ်။ အွန်နရီဆီမှာလည်း စိတ်ဒဏ်ရာတွေ ရှိခဲ့ပါတယ်။ စိတ်ဒဏ်ရာတွေရဲ့အခြားတစ်ဖက်မှာ အွန်နရီက မှော်ဆရာတစ်ဦးဆိုတာ သေချာလွန်းခဲ့တယ်။ အမ်ဘာပေဆိုတာ အွန်နရီနဲ့နှိုင်းယှဉ်ရင် ပိုးစုန်းကြူးလေးပါ။ PSG မှာ မက်ဆီ၊ နေမာတို့ ရှိတုန်းက မအောင်မြင်ခဲ့တာ အတ္တချင်းပြိုင်ကြလို့ပါပဲ။ ဘာပေက တစ်ခါတလေမှာ သူ့အတ္တ သူ မထိန်းချုပ်နိုင်ဘူး။ PSG အသင်း Performance Director ဟောင်းက အမ်ဘာပေဟာ သူ့အတ္တကြောင့်ပဲ အောင်မြင်နေတာဆိုပြီး ကာကွယ်ပြောဆိုဖူးတယ်။ ပရီးမီးယားလိဂ်ရဲ့သွင်းဂိုးအများဆုံးစံချိန်ရှင် ဖြစ်သူ အလန်ရှီးယားကလည်း အကောင်းဆုံးကစားသ မားတွေ အတ္တကြီးတာဘာဆန်းလဲလို့ ပြောပါတယ်။ အခြားတစ်ဖက်မှာ အမ်ဘာပေရဲ့ခေါင်းဆောင်မှု စွမ်းရည်က အရွယ်နဲ့မလိုက်အောင် ထူးချွန်ထက် မြက်နေတယ်။ သူ့ကြောင့် အသင်းဖော်တွေ စိတ် အားထက်သန်ပြီး အောင်ပွဲဆာလောင်လာပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ပထမဆုံးပယ်နယ်တီ ကန်ဖို့ အများစုက တွေဝေနေချိန်၊ အမ်ဘာပေက ခပ်ရဲရဲတာဝန်ယူခဲ့ဖူးတယ်။ အမ်ဘာပေက GOAT ဖြစ်ချင်နေသူမဟုတ်လား။ သူ့ရဲ့ Idol ဖြစ်သူ စီရော် နယ်လ်ဒိုလမ်းစဉ်အတိုင်း လိုက်နေသူ အမ်ဘာပေက အတ္တကြီးတာ မဆန်းပါဘူး။

မူရင်းသတင်း — Eleven Media Group