Eleven Media Group

ကွန်းဖရန့်လိဂ် (၁၆)သင်းအဆင့် ပထမအကျော့ ပွဲကြိုသုံးသပ်ချက်

Photo: X

ဘက်တစ် နှင့် ဂီမာရေ့စ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ဘက်တစ်အသင်းကို အန်တိုနီ ရောက်လာပြီးကတည်းက သတိထားစောင့်ကြည့်ခဲ့ကာ ရလဒ်တွေ ပိုကောင်းလာခဲ့ပြီး နောက်ဆုံး ရီးယဲလ်လိုအသင်းကိုတောင် အနိုင်ကစားခဲ့တယ်။ ဒီနှစ်သင်းက ၂၀၁၃-၁၄ ယူရိုလိဂ်အုပ်စုအဆင့်မှာ တွေ့ဆုံခဲ့ဖူးပြီး ဆယ်စုနှစ်ကျော်ကြာမှ ပြန်လည်ရင်ဆိုင်ရတာပါ။ ခြေစွမ်းအရလည်း ဘက်တစ်ပဲ အနိုင်ရဖို့များတယ်။

ပါနာသီနေကော့စ် နှင့် ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ဖီအိုရင်တီးနားအသင်းက ကွန်းဖရန့်လိဂ် အဝေးကွင်းပွဲတွေမှာ မျှော်လင့်သလောက် ဖြစ်မလာသေးဘူး။ ချယ်လ်ဆီးကိုသာ အိမ်ကွင်းမှာ အရေးနိမ့်ထားတဲ့ ပါနာသီနေကော့စ်နဲ့ စွန့်စားတာပိုကောင်းမယ်။

FC ကိုပင်ဟေဂင် နှင့် ချယ်လ်ဆီး (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

FC ကိုပင်ဟေဂင်နဲ့ ချယ်လ်ဆီးအသင်းတို့ ဥရောပကလပ်ပြိုင်ပွဲသမိုင်းမှာ နှစ်ကြိမ်တွေ့ဆုံဖူးပြီး ချယ်လ်ဆီးအသင်းက နှစ်ကြိမ်စလုံး ကျော်ဖြတ်နိုင်ခဲ့တယ်။ အခုရာသီ ကွန်းဖရန့်လိဂ်ချန်ပီယံဆုက ချယ်လ်ဆီးအတွက် သေချာသလောက် ရှိနေတဲ့ဖလားလို့ ပြောနေကြပေမဲ့ ဘက်တစ်၊ ဖီအိုရင်တီးနားတို့လို ပြိုင်ဘက်အသင်းတွေ ရှိနေလို့ ချယ်လ်ဆီးအသင်းက ဖိဖိစီးစီးကစားထားမှ တော်ကာကျမယ်။ FC ကိုပင်ဟေဂင်အသင်းက ပြီးခဲ့တဲ့အဆင့်မှာ ဂျာမန်ကလပ် ဟိုင်းဟိုင်အသင်းကို ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်း အနိုင်ကစားဖို့ရှိတယ်။

အခြားပွဲစဉ်များ

မိုလ်ဒီ - လီဂီယာဝါဆော *
ယာဂယ်လိုနီယာ - ဆာကယ်ဘရုဂေး *
ဆယ်ရယ် - လူဂါနို *
* ဘိုရက် - ရက်ပစ်ဝီအန်
ပါဖိုးစ် - ယာဂါးဒန်း *

မူရင်းသတင်း — Eleven Media Group