
ပရီးမီးယားလိဂ်က ပွဲစဉ်(၂၈)ကို ရောက်ရှိ လာပါပြီ။ ထိပ်ဆုံးက ဦးဆောင်နေတဲ့ လီဗာပူးလ်နဲ့ အဆင့်(၁၀)နေရာက အက်စတွန်ဗီလာတို့ တစ်ပွဲပိုကစားထားတာကလွဲရင် ကျန်အသင်းအားလုံးက (၂၇)ပွဲစီ ကစားထားကြပါတယ်။ ဒါကြောင့် အကြမ်းဖျင်းအားဖြင့် ရာသီအဆုံးသတ်ဖို့ (၁၁)ပွဲသာလိုတော့တဲ့ အချိန်ကာလကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီတော့ ဘယ်အသင်းတွေက ဘာအတွက် ဦးတည်တိုက်ပွဲဝင်ရမလဲဆိုတာ ခွဲခြားလို့ရတဲ့ အနေအထားကိုလည်း ရောက်လာခဲ့ပါပြီ။ အမှတ်ပေးဇယားအောက်ဆုံးက ဆောက်သမ်တန်အသင်းအတွက် တန်းဆင်းဇုန်ကလွတ်မြောက်ဖို့ လက်ကျန် (၁၁)ပွဲစလုံးကို အနိုင်ကစားရမယ်ဆိုတာကလွဲပြီး တခြားမရှိတော့သလိုမျိုး ကျန်တဲ့အသင်းတွေမှာလည်း ရည်မှန်းချက်ပန်းတိုင်တွေက ပြတ်ပြတ်သားသား ရှိလာကြပါပြီ။
ပရီးမီးယားလိဂ်က ပွဲစဉ်(၂၈)ကို ရောက်ရှိ လာပါပြီ။ ထိပ်ဆုံးက ဦးဆောင်နေတဲ့ လီဗာပူးလ်နဲ့ အဆင့်(၁၀)နေရာက အက်စတွန်ဗီလာတို့ တစ်ပွဲပိုကစားထားတာကလွဲရင် ကျန်အသင်းအားလုံးက (၂၇)ပွဲစီ ကစားထားကြပါတယ်။ ဒါကြောင့် အကြမ်းဖျင်းအားဖြင့် ရာသီအဆုံးသတ်ဖို့ (၁၁)ပွဲသာလိုတော့တဲ့ အချိန်ကာလကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီတော့ ဘယ်အသင်းတွေက ဘာအတွက် ဦးတည်တိုက်ပွဲဝင်ရမလဲဆိုတာ ခွဲခြားလို့ရတဲ့ အနေအထားကိုလည်း ရောက်လာခဲ့ပါပြီ။ အမှတ်ပေးဇယားအောက်ဆုံးက ဆောက်သမ်တန်အသင်းအတွက် တန်းဆင်းဇုန်ကလွတ်မြောက်ဖို့ လက်ကျန် (၁၁)ပွဲစလုံးကို အနိုင်ကစားရမယ်ဆိုတာကလွဲပြီး တခြားမရှိတော့သလိုမျိုး ကျန်တဲ့အသင်းတွေမှာလည်း ရည်မှန်းချက်ပန်းတိုင်တွေက ပြတ်ပြတ်သားသား ရှိလာကြပါပြီ။ အမှတ်ပေးဇယားရပ်တည်မှုအရ ဟိုမရောက် ဒီမရောက်ဖြစ်နေတဲ့ အသင်းတချို့ရှိပေမဲ့ ဒီအသင်းတွေမှာလည်း ရပ်တည်မှုအဆင့် မြင့်သထက်မြင့်အောင် စွမ်းဆောင်နိုင်ရေးဆိုတဲ့ ဦးတည်ချက်တော့ ရှိတာပါပဲ။ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ အစဉ်အလာထိပ်သီးအသင်းတွေဖြစ်တဲ့ မန်ယူနဲ့ စပါးတို့က အဲဒီလို ဦးတည်ချက်ထားရမယ့်အသင်းတွေ ဖြစ်နေပါတယ်။ သူတို့က တန်းဆင်းဇုန်ထဲက အသင်းတွေနဲ့ အနည်းဆုံး(၁၆) မှတ်ကွာဟနေတာကြောင့် ပြိုင်ဘက်ပရိသတ်တချို့ လှောင်ပြောင်နေကြသလို၊ တန်းဆင်းအန္တရာယ်အတွက် ရုန်းကန်ရလောက်တဲ့အထိတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အဆင့်(၆)နေရာကအသင်းနဲ့ တောင် (၁၁)မှတ် ပြတ်ကျန်ခဲ့ပြီဖြစ်တာကြောင့် ဥရောပဝင်ခွင့် မျှော်လင့်ဖို့ကလည်း အိပ်မက်ဆန်နေခဲ့ပါပြီ။ ဒါကြောင့် လက်တွေ့ကျကျမျှော်လင့်ရမှာက လက်ရှိရပ်တည်မှုထက် ပိုမြင့်အောင် စွမ်းဆောင်နိုင်ဖို့ပါပဲ။ ဒီနေရာမှာ Big Six စာရင်းဝင်အသင်းချင်းတူပေမဲ့ စပါးထက် မန်ယူက ဖိအားပိုကြီးမားပါတယ်။ တောင်းဆိုမှု ပိုမြင့်မားပါတယ်။ ဘာကြောင့်လဲဆိုတော့ မန်ယူက ပရီးမီးယားလိဂ်မှာ ဆုဖလားအများဆုံးရယူထားတဲ့ အအောင်မြင်ဆုံးအသင်း ဖြစ်ပြီး စပါးက ဆုဖလားတစ်ကြိမ်မှ မရဖူးသေးတဲ့ အသင်းဖြစ်တာကြောင့်ပါ။ ပြီးတော့ စပါးအသင်းအတွက် အဆင့်(၁၃)၊ (၁၄)နေရာတွေမှာ ရပ်တည်ရတာဟာ ထူးဆန်းသောအရာ မဟုတ်ပေမဲ့ မန်ယူအသင်းကတော့ ပရီးမီးယားလိဂ်ခေတ်တစ်လျှောက်လုံးမှာ အဆင့်(၁၀)အောက် မရောက်ခဲ့ဖူး ပါဘူး။ အခုတော့ အဆင့်(၁၄)နေရာ ရောက်နေတာကြောင့် လက်ကျန်(၁၁)ပွဲစလုံးက မန်ယူအသင်းအတွက် အသက်တမျှ အရေးကြီးနေပါတယ်။ ဒါပေမဲ့ နည်းပြ အာမိုရင်မ်လက်ထက် ယိုယွင်းနေဆဲဖြစ်တဲ့ အသင်းရဲ့ခြေစွမ်းကြောင့် မန်ယူပရိသတ်တွေကတော့ မှတ်တမ်းဆိုးတွေ ထပ်မတိုးဖို့သာ မျှော်လင့်နေကြပါတယ်။ ဒီလိုအခြေအနေမှာ အစဉ်အလာပြိုင်ဘက် အာဆင်နယ်နဲ့ ရင်ဆိုင်ရဖို့ရှိ လာတာကြောင့် မန်ယူပရိသတ်တွေရင်ထဲ နိုင်လိုစိတ်နဲ့ စိုးရိမ်စိတ်တွေ လွန်ဆွဲနေချိန်လို့လည်း ဆို နိုင်ပါတယ်။
အာတီတာရဲ့ Big Six မှတ်တမ်း
အာဆင်နယ်နဲ့ မန်ယူအသင်းက ပရီးမီးယား လိဂ်ခေတ်ဦးပိုင်းမှာ ချန်ပီယံဆု အပြိုင်လုခဲ့ကြတဲ့ အစဉ်အလာပြိုင်ဘက်တွေပါ။ နည်းပြဟောင်း နှစ်ဦးဖြစ်တဲ့ အာစင်ဝင်းဂါးနဲ့ ဖာဂူဆန်တို့က ဒီအသင်း နှစ်သင်းကို ကာလရှည်ကိုင်တွယ်ခဲ့တာကြောင့်လည်း ပြိုင်ဘက်အသွင်ဆောင်မှုက ပိုပြီးပီပြင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ နှစ်သင်းစလုံး ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ အလှမ်းဝေးနေကြပြီး နှစ်သင်းဆုံတွေ့တဲ့ပွဲတွေဟာ ချန်ပီယံပြေးလမ်းထက်မှာ မဟုတ်တော့သလိုဖြစ်လာခဲ့ပေမဲ့ တစ်သင်းကိုတစ်သင်း နိုင်လိုစိတ်တွေကတော့ လျော့ပါးမသွားခဲ့ပါဘူး။ ဘယ်အချိန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် နိုင်ပွဲရဲ့ အရသာဟာ ချိုမြနေဆဲလို့ပဲ ဆိုရမှာပါ။ အခု နောက်ပိုင်းမှာ နည်းပြ အာတီတာရဲ့ ဦးဆောင်မှုနဲ့ အတူ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို မျှော်မှန်းခွင့်ရှိတဲ့ အသင်းတစ်သင်းပြန် ဖြစ်လာပါတယ်။ နောက်ဆုံးနှစ်ရာသီဆက် ဒုတိယနေရာ ရယူနိုင်ခဲ့သလို၊ ဒီရာသီမှာလည်း အကောင်းဆုံးစိန်ခေါ်သူအဖြစ် ဆက်ရှိခဲ့ပါတယ်။ အာတီတာ လက်ထက် အာဆင်နယ်အသင်းရဲ့ တိုးတက်မှု တွေထဲမှာ Big Six ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရတဲ့ပွဲ တွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ခြင်းလည်း ပါ ဝင်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ Big Six ဆိုတာက မန်ချက်စတာမြို့ခံနှစ်သင်းဖြစ်တဲ့ မန်ယူနဲ့ မန်စီး တီး၊ လန်ဒန်မြို့ခံ(၃)သင်းဖြစ်တဲ့ အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ စပါး၊ လက်ရှိအချိန်မှာ ပြိုင်ပွဲကို ဦး ဆောင်နေတဲ့ လီဗာပူးလ်တို့ပါ။ သူတို့ဖြတ်သန်းခဲ့တဲ့ သမိုင်းအစဉ်အလာတွေကြောင့် ဒီလိုသတ်မှတ်ခံထားရတာဖြစ်ပြီး နယူးကာဆယ်ကိုတော့ Big Seven အဖြစ် အသွင်ပြောင်းပေးနိုင်ခြေရှိတဲ့အ သင်းအဖြစ် အခုနောက်ပိုင်းမှာ ထင်ကြေးပေးထားပါတယ်။ Big Six အသင်းတွေထဲမှာ ပရီးမီးယားလိဂ်ချန်ပီယံဆု မရဖူးသေးတဲ့ စပါးအသင်း ရှိနေပေမဲ့ ချန်ပီယံဆုကိုတော့ Big Six အသင်းတွေပဲ အဓိကအပြိုင်လုနေရတာပါ။ ဒါကြောင့် Big Six ပွဲတွေမှာ ရလဒ်ကောင်းဖို့ အရေးကြီးတယ်လို့ မန်ယူအသင်းရဲ့ ဂန္ထဝင်နည်းပြ ဖာဂူဆန်က မှတ်ချက် ပေးခဲ့ဖူးပါတယ်။ အာဆင်နယ်အသင်းက ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါးရဲ့ နှောင်းပိုင်းကာလတွေမှာ Big Six မှတ်တမ်းကျဆင်းလာခဲ့ပြီး အာတီတာရဲ့ အစောပိုင်းနေ့ရက်တွေမှာလည်း စိုးရိမ်ရေမှတ် ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အာတီတာက Big Six ကို အောင်နိုင်သူ ဖြစ်နေခဲ့ပါပြီ။ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ Big Six အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ (၁၀)ပွဲစလုံး ရှုံးပွဲမရှိခဲ့သလို၊ ဒီရာသီမှာလည်း လက်ရှိအချိန်အထိ မရှုံးသေးပါဘူး။ ၂၀၂၃ ဧပြီမှာ မန်စီးတီးကို (၁-၄)ဂိုးနဲ့ ရှုံးနိမ့် ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ Big Six ပြိုင်ဘက်တွေကို မရှုံးတော့တာပါ။ ဒီရာသီမှာ စပါးကို နှစ်ပွဲစလုံးနိုင်၊ မန်စီးတီးကို တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ မန်ယူကို တစ်ပွဲနိုင်၊ လီဗာပူးလ်နဲ့ ချယ်လ်ဆီးကို တစ်ပွဲစီ သရေကစားထားခဲ့တာပါ။ ဒီလိုမျိုး Big Six မှတ်တမ်းကောင်း ပိုင်ဆိုင်ထားတဲ့ အာတီတာအနေနဲ့ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲမှာ မန်ယူ၊ ချယ်လ်ဆီးတို့နဲ့ ဆက်တိုက်ရင်ဆိုင်သွားရမှာ ဖြစ်ပြီး မှတ်တမ်းကောင်းကို ဆက်ထိန်းထားနိုင်မ လားဆိုတာက လောလောဆယ် အာတီတာအတွက် အကောင်းဆုံးစမ်းသပ်မှုလို့ ဆိုရမှာပါပဲ။ အာဆင်နယ်အသင်းက လီဗာပူးလ်နဲ့ တစ်ပွဲလျော့ကစားပြီး (၁၃)မှတ်ပြတ်နေပြီဖြစ်ပေမဲ့ အာတီတာကတော့ မျှော်လင့်လို့ ရနေသေးသရွေ့ ပရီးမီးယား လိဂ်ချန်ပီယံဆုကို လက်မလျှော့သေးဘူးလို့ ကြွေးကြော်ထားပါတယ်။ ဒါပေမဲ့ လက်တွေ့အကျဆုံးကတော့ လက်ကျန်ပွဲတွေမှာ အမှားအယွင်းအနည်းဆုံးဖြစ်အောင် ဖြတ်သန်းပြီး ဂုဏ်သိက္ခာရှိသော စိန်ခေါ်သူအဖြစ် ရာသီကို ပိတ်သိမ်းနိုင်ဖို့ပါပဲ။ ဒီအတွက် Big Six မှတ်တမ်းကို တိုးမြှင့်နိုင်ဖို့ အရေးကြီးသလို၊ လာမယ့် အိုးလ်ထရက်ဖို့ဒ်ပွဲမှာ ရလဒ်ကောင်းဖို့လည်း အရေးကြီးပါတယ်။
အာမိုရင်မ်ရဲ့ အိုးလ်ထရက်ဖို့ဒ်
အိုးလ်ထရက်ဖို့ဒ်ကွင်းက အာဆင်နယ်အသင်းအတွက် အိပ်မက်ဆိုးတွေနဲ့ ပြည့်နှက်နေတဲ့ သတ်ကွင်းတစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ ပရီးမီးယားလိဂ်ခေတ်တစ်လျှောက် အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ အာဆင်နယ်အသင်း (၅)ပွဲသာ အနိုင်ရခဲ့ဖူးပါတယ်။ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ပြီးခဲ့တဲ့ရာသီအထိ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲပေါင်း (၃၂)ပွဲမှာ အာဆင်နယ်အသင်း (၅)ပွဲသာ အနိုင်ရခဲ့တာဖြစ်ပြီး (၁၈)ပွဲအထိ ရှုံးနိမ့်ခဲ့တာပါ။ ကျန်တဲ့(၉)ပွဲကတော့ သရေကျခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ အိုးလ်ထရက်ဖို့ဒ်နိုင်ပွဲတွေက ၁၉၉၇-၉၈၊ ၂၀၀၁-၀၂၊ ၂၀၀၆-၀၇၊ ၂၀၂၀-၂၁ နဲ့ ၂၀၂၃-၂၄ ရာသီတွေမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက အိုးလ်ထရက် ဖို့ဒ်ကွင်းမှာ ၂၀၀၇ နောက်ပိုင်း ပရီးမီးယားလိဂ်နိုင်ပွဲ ပြန်လည်ရယူနိုင်ဖို့ (၁၃)နှစ်လောက် စောင့်ခဲ့ရတာပါ။ ဒါပေမဲ့ အာတီတာက ပထမဆုံးအိုးလ်ထရက်ဖို့ဒ် အောင်ပွဲရယူနိုင်ခဲ့ပြီးတဲ့နောက် သိပ်မကြာခင်မှာ ပဲ နောက်ထပ်နိုင်ပွဲတစ်ပွဲ ထပ်ယူပေးနိုင်ခဲ့ပါတယ်။ အာစင်ဝင်းဂါးလက်ထက် ၂၀၀၆-၀၇ ရာသီမှာ မန်ယူအသင်းကို ပရီးမီးယားလိဂ်နှစ်ကျော့စလုံး အနိုင်ရခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ အာတီတာက အဲဒီလို ပြန်လည်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အခု ဒီရာသီမှာလည်း ပထမအကျော့အနိုင်ရထားခဲ့ပြီဖြစ်တာကြောင့် နှစ်ကျော့စလုံးအနိုင်ရအောင် အာတီတာ စွမ်းဆောင်ပေးနိုင်ဦးမလား။ ဒါဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၂၈)မှာ စောင့်ကြည့်ချင်စရာအကောင်းဆုံး အကြောင်းအရာတစ်ခုပါပဲ။ ဒါပေမဲ့ မန်ယူပရိသတ်တွေအတွက်တော့ ပူပန်စရာဖြစ်နေပါတယ်။ တကယ်တော့ အိုးလ်ထရက်ဖို့ဒ်ဆိုတာ ပြိုင်ဘက်တွေကို ခြိမ်းခြောက်နိုင်စွမ်းအပြည့်ရှိတဲ့ ကွင်းဖြစ်တာကြောင့် ပုံမှန်အတိုင်းဆိုရင် အစဉ်အလာပြိုင်ဘက်ကို မန်ယူပရိသတ်တွေ ရင်ကော့ကြိုဆိုနေရမှာပါ။ အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်မှာ အိုးလ်ထရက်ဖို့ဒ်ရှုံးပွဲ (၅)ပွဲသာရှိပြီး (၁၈)ပွဲ အနိုင်ရခဲ့တယ်ဆိုတဲ့ မှတ်တမ်းကလည်း မာန်ဝင့်ချင်စရာကောင်းပါတယ်။ ဒါပေမဲ့ နည်းပြသစ် အာမိုရင်မ်လက်ထက်ရင်ဆိုင်နေရတဲ့ အိုးလ်ထရက်ဖို့ဒ်မှတ်တမ်းက ဆိုးရွားလွန်းနေတာကြောင့် မန်ယူပရိသတ်တွေ လာမယ့်ပွဲအတွက် ပူပန်နေရတာပါ။ အာမိုရင်မ်လက်ထက် အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ပရီးမီးယားလိဂ်ပွဲ စဉ်(၁၄)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာ မန်ယူအသင်း ရှုံးပွဲ(၇)ပွဲ ရှိခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်ခေတ်မှာ မန်ယူအသင်း ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ဖူးတဲ့ မှတ်တမ်းဆိုးဖြစ်ပါတယ်။ အဲဒီလိုရှုံးခဲ့ဖူးတာ (၁၉) ရာစုတုန်းကပဲ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် အိပ်မက် ကဇာတ်ရုံဆိုတဲ့ တင်စားမှုက မန်ယူအသင်းအ တွက် မဟုတ်တော့ဘဲ ပြိုင်ဘက်အသင်းတွေအတွက် ဖြစ်နေပြီလို့တောင် လှောင်ပြောင်မှုတွေ ရှိလာခဲ့တာပါ။ အာမိုရင်မ်က အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ပွဲအရေအတွက် အနည်းဆုံးနဲ့ ရှုံးပွဲ(၅)ပွဲ ပြည့်မြောက်ခဲ့တဲ့ မန်ယူနည်းပြအဖြစ်လည်း ရှက်ဖွယ်မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဒါကြောင့် လာမယ့်ပွဲမှာ မှတ်တမ်းဆိုးတွေ ထပ်ပြီး မပိုင်ဆိုင်ရဖို့၊ ဖိအားတွေ ထပ်မတိုးဖို့ အာမိုရင်မ်အတွက် အရေးတကြီးလိုအပ်နေပြီလို့ ဆိုနိုင်ပါတယ်။ သေချာတာကတော့ ဆန့်ကျင်ဘက်မှတ်တမ်းတွေ ပိုင်ဆိုင်ထားကြတဲ့ နည်းပြနှစ်ယောက် ထိပ်တိုက်ရင်ဆိုင် အားပြိုင်ကြရမယ့် ရင်ခုန်စရာ ပွဲစဉ်တစ်ပွဲကို အိုးလ်ထရက်ဖို့ဒ်မှာ မြင်တွေ့ကြရတော့မှာပါ။