Eleven Media Group

ဆောက်သမ်တန်နည်းပြ ဂျူရစ် ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိနေ

Photo: X

ဆောက်သမ်တန်နည်းပြ ဂျူရစ်သည် ယခုတစ်ပတ်ကစားမည့် လီဗာပူးလ်နှင့်ပွဲအပြီးတွင် ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိကြောင်း သိရသည်။
ဆောက်သမ်တန်အသင်းသည် ယခုရာသီတွင် ရလဒ်များဆိုးရွားမှုကြောင့် အသင်းနည်းပြ ရပ်ဆဲလ်မာတင်အား ရာထူးမှထုတ်ပယ်ပြီး ၂၀၂၄ ဒီဇင်ဘာ (၂၁) ရက်ကမှ ဂျူရစ်ကို (၁၈) လစာချုပ်ဖြင့်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ဂျူရစ်လက်ထက်တွင်လည်း ဆောက်သမ်တန်အသင်းမှာ ရလဒ်များဆက်လက်ဆိုးရွားနေကာ ပရီးမီးယားလိဂ်ပွဲစဉ် (၂၇)အပြီးတွင် (၉)မှတ်သာ ရရှိထားပြီး တန်းဆင်းရရန်သေချာသလောက် ရှိနေသည်။
ထို့ပြင် ဂျူရစ်မှာ ကစားသမားများနှင့်ဆက်ဆံရေးအဆင်မပြေသဖြင့် အသင်းတာဝန်ရှိသူများက ၎င်းကိုရာထူးမှထုတ်ပယ်ရန်စီစဉ်နေခြင်းဖြစ်သည်။
ဂျူရစ်သည် ဆောက်သမ်တန်အသင်းကို (၁၂)ပွဲကိုင်တွယ်ရာတွင် (၂)ပွဲသာ အနိုင်ရရှိပြီး (၁၀)ပွဲရှုံးနိမ့်ထားကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group