Eleven Media Group

ကင်မစ်ချ်အား ခေါ်ယူရန် PSG အသင်း ကမ်းလှမ်း

Photo: Getty Images

PSG အသင်းသည် ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား ကင်မစ်ချ်အား လာမည့်နွေတွင် ခေါ်ယူရန်ကမ်းလှမ်းခဲ့ကြောင်း Sky Sports ကဖော်ပြခဲ့သည်။
ဂျာမန်ကွင်းလယ်ကစားသမား ကင်မစ်ချ်(၃၀ နှစ်)သည် ယခုရာသီကုန်တွင် ဘိုင်ယန်မြူးနစ်အသင်း နှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှုမှာလည်း အဆင်မပြေဖြစ်နေကြောင်း သိရသည်။
ယင်းအနေအထားတွင် ကင်မစ်ချ်အား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြပြီး ယခုအခါ PSG အသင်းက လက်ဦးမှုရယူကာ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
Sky Sports ၏ဖော်ပြချက်အရ PSG အသင်းသည် လာမည့်နွေတွင် ကင်မစ်ချ်အား ခေါ်ယူရန်အတွက် (၃) နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
ကင်မစ်ချ်ဘက်ကမူ PSG အသင်း၏ကမ်းလှမ်းမှုကို တုံ့ပြန်မှုမရှိသေးကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group