Eleven Media Group

ယမားလ် ယခုထက် ဂိုးပိုသွင်းရန်လိုကြောင်း တော့တီ ဆို

Photo: Barca Universal

ရိုးမားဂန္ထဝင် တော့တီက ဘာစီလိုနာလူငယ်တိုက်စစ်ကစားသမား ယမားလ်အနေဖြင့် ယခုထက် ဂိုးပိုသွင်းရန် လိုအပ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
စပိန်လူငယ်တိုက်စစ်ကစားသမား ယမားလ် (၁၇ နှစ်)သည် ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း ဥရောပဘောလုံးလောကတွင် နာမည်ရလာပြီး အနာဂတ်တွင် Ballon d'Or ဆု ရယူမည့်သူအဖြစ် သတ်မှတ်ခံထားရသည်။
သို့သော် ယမားလ်သည် ထိပ်တန်းတိုက်စစ်မှူးများကဲ့သို့ ဂိုးသွင်းနိုင်ရန် ရုန်းကန်နေရပြီး ယခုရာသီ လာလီဂါ (၂၃) ပွဲတွင် (၅) ဂိုးသာ သွင်းယူထားနိုင်သေးသည်။
ထို့ကြောင့် တော့တီက ယမားလ်အနေဖြင့် ယခုထက်ပိုပြီး ဂိုးများသွင်းယူနိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တော့တီက ''ယမားလ်က အသက်အရွယ်နဲ့ မလိုက်အောင် သန်မာသူဖြစ်ပြီး ယူရို -၂၀၂၄ မှာ ခြေစွမ်းပြခဲ့ပါတယ်။ အဲဒီတုန်းက ယမားလ်ကိုကြည့်ရတာ ပျံတက်တော့မယ့်အတိုင်းပါပဲ။ ဒါပေမဲ့ သူ အနည်းငယ်ကျသွားတယ်။ ဒါက အဆင်ပြေပေမဲ့ သူ့အနေနဲ့ ဂိုးပိုသွင်းဖို့လိုပါတယ်''ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group