
အက်စတွန်ဗီလာကွင်းလယ်လူ မစ်ဂင်က ဇန်နဝါရီတွင် အသင်းသို့အငှားဖြင့် လာရောက်ကစားနေသည့် အဆန်စီယိုနှင့် ရပ်ရှ်ဖို့ဒ်တို့ကို ချီးကျူးပြောကြားခဲ့သည်။
အက်စတွန်ဗီလာအသင်းသည် ပြီးခဲ့သည့်ဇန်နဝါရီတွင် မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်နှင့် PSG ကွင်းလယ်တိုက်စစ်ကစားသမား အဆန်စီယိုတို့ကို ရာသီဝက်အငှားဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
၎င်းတို့ (၂) ဦးစလုံးသည် အက်စတွန်ဗီလာတွင် ခြေစွမ်းပြနေပြီး အဓိကကစားသမားအဖြစ်ပါ ပွဲထွက်ခွင့်ရနေကြသည်။
မစ်ဂင်က ''သူတို့(အဆန်စီယိုနှင့် ရပ်ရှ်ဖို့ဒ်)က နာမည်ကြီးတွေပါ။ ဒါပေမဲ့ သူတို့ဟာ အောင်မြင်မှု ဆာလောင်နေကြပြီး အသင်းကို ကူညီဖို့ ကြိုးစားနေကြတယ်။ သူတို့ဟာ နာမည်ကြီးတွေဖြစ်ပေမဲ့ မာန်မတက်ကြပါဘူး''ဟု ဆိုခဲ့သည်။
အဆန်စီယိုသည် အက်စတွန်ဗီလာအသင်းအတွက် (၇)ပွဲကစားကာ (၅)ဂိုး သွင်းယူပေးထားပြီး ရပ်ရှ်ဖို့ဒ်သည် (၇)ပွဲကစားပြီး ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ပေးထားကြောင်း သိရသည်။