Eleven Media Group

အဲဗာတန်-မန်ယူပွဲစဉ်မှ ပယ်နယ်တီမပေးသည့် VAR ဆုံးဖြတ်ချက် မှန်ကန်ကြောင်း ထုတ်ပြန်

Photo: BBC

ဖေဖော်ဝါရီလအတွင်းကစားခဲ့သည့် အဲဗာတန်-မန်ယူ ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပယ်နယ်တီမပေးခဲ့သည့် VAR ဆုံးဖြတ်ချက် မှန်ကန်ကြောင်း ပရီးမီးယားလိဂ်၏ Key Match Incidents(KMI) အဖွဲ့က ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၂၂ ရက်က ဂူဒီဆင်ပါ့ခ်ကွင်း၌ ကစားခဲ့သည့် အဆိုပါပွဲစဉ်မှာ (၂-၂) ဂိုးဖြင့် သရေကျခဲ့ပြီး ပွဲပြီးခါနီး နာကျင်အချိန်ပို သုံးမိနစ်တွင် အဲဗာတန်အသင်း ၀ါရင့်ကစားသမား အက်ရှ်လေယန်းအား မန်ယူအသင်းနောက်ခံလူ မက်ဂွိုင်းရား၏ တားဆီးမှုကို ကွင်းလယ်ဒိုင် အန်ဒီမက်ဒ်လေက ပယ်နယ်တီသတ်မှတ်ပေးခဲ့သည်။
သို့သော် VAR ဒိုင်အဖွဲ့က စစ်ဆေးပြီးနောက် ကွင်းဘေးရှိ မော်နီတာသို့ သွားရောက်ကြည့်ရှုရန် အကြံပေးရာ မက်ဒ်လေက ၎င်း၏ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့သည်။
ယင်းဖြစ်ရပ်အပေါ် အဖွဲ့ဝင်ငါးဦးဖြင့် ဖွဲ့စည်းထားသည့် KMI က ပယ်နယ်တီပေးခဲ့သည့် မက်ဒ်လေ၏ ဆုံးဖြတ်ချက်မှားယွင်းကြောင်း (၅-၀) မဲပေးခဲ့သလို VAR က ဝင်ရောက်ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်မှာလည်း မှန်ကန်ကြောင်း (၄-၁) မဲဖြင့် မဲပေးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group