Eleven Media Group

ONE Fight Night 29 တွင် စိုးလင်းဦး-ဒီမီထရီကက်ချွန်းပွဲကို ပွဲစဉ် (၉) အဖြစ်ကျင်းပမည်

Photo: ONE

ONE Fight Night 29 ပြိုင်ပွဲကို မတ် (၈)ရက် မြန်မာစံတော်ချိန် နံနက် (၇)နာရီခွဲတွင် ထိုင်းနိုင်ငံ ကျင်းပမည်ဖြစ်ပြီး မြန်မာဖိုက်တာ စိုးလင်းဦးတွဲဆိုင်းကို ပွဲစဉ် (၉)အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ONE Fight Night 29 ပြိုင်ပွဲတွင် တွဲဆိုင်းစုစုပေါင်း (၁၁) ပွဲပါဝင်မည်ဖြစ်ပြီး စိုးလင်းဦးနှင့် ဒီမီထရီကက်ချွန်း တွဲဆိုင်းကို ပွဲစဉ် (၉) တွင် ကျင်းပမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် အမျိုးသမီး မွေထိုင်း အပ်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် ဘရာဇီးနိုင်ငံသူ ရိုဒရီဂွက်ဇ်နှင့် အိုင်ယာလန်/ဗြိတိန်နိုင်ငံသူ မက်မာနာမွန်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
စိုးလင်းဦးသည် ONE နှင့် လက်တွဲပြီးနောက် (၆)ပွဲမြောက် ထိုးသတ်ရခြင်းဖြစ်ပြီး ရှုံးပွဲဆက်နေမှုကို အဆုံးသတ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
စိုးလင်းဦးသည် ONE နှင့် ပြီးခဲ့သည့်နှစ်တွင် စတင်လက်တွဲခဲ့ပြီး ပထမ (၃)ပွဲဆက်တိုက် အလဲထိုးအနိုင်ရခဲ့သော်လည်း ဒေါ်လာ တစ်သိန်းတန် စာချုပ်ရရှိပြီးနောက် ထိုးသတ်သည့် နှစ်ပွဲစလုံး အရေးနိမ့်ထားသည်။
ထို့ကြောင့် စိုးလင်းဦးသည် ယခုပွဲတွင် မဖြစ်မနေအနိုင်ရရန် လိုအပ်နေပြီး ရလဒ်ကောင်းရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
စိုးလင်းဦးသည် ယခုနှစ်အတွင်း ဒုတိယမြောက်ပွဲ ထိုးသတ်ရခြင်းဖြစ်ပြီး ဇန်နဝါရီ (၂၄) ရက်က ထိုးသတ်သည့် ONE-170 ပြိုင်ပွဲတွင် နာမည်ကြီးထိုင်းဖိုက်တာ ဆက်ဆန်ကို အမှတ်ဖြင့် အရေးနိမ့်ထားသည်။
ဒီမီထရီကက်ချွန်းသည် ONE နှင့် (၄)ပွဲမြောက် ထိုးသတ်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် (၃)ပွဲတွင် (၂)ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည်။

မူရင်းသတင်း — Eleven Media Group