Eleven Media Group

■ အာမိုရင်မ်နေရာ ဇာဗီကို အစားထိုးခန့်အပ်မည်ဟု သတင်းထွက်

Photo: Getty Images

မန်ယူအသင်းသည် လက်ရှိနည်းပြ အာမိုရင်မ်၏နေရာတွင် ဘာစီလိုနာနည်းပြဟောင်း ဇာဗီအား အစားထိုးခန့်အပ်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။

အာမိုရင်မ် (၄၀ နှစ်)သည် ၂၀၂၄ နိုဝင်ဘာ (၁၁) ရက်ကမှ မန်ယူအသင်းကို (၂) နှစ်ခွဲသက်တမ်းရှိ စာချုပ်တစ်ရပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

သို့သော် အာမိုရင်မ်လက်ထက်တွင် မန်ယူအသင်းမှာ အခြေအနေပိုဆိုးရွားနေပြီး ပရီးမီးယားလိဂ်တွင် အဆင့် (၁၄) အထိ ရောက်ရှိနေသလို၊ လိဂ်ဖလားနှင့် FA ဖလားပြိုင်ပွဲများမှလည်း ထွက်ခွာခဲ့ရသည်။

ထို့ကြောင့် မန်ယူအသင်းတာဝန်ရှိသူများသည် လက်ရှိနည်းပြ အာမိုရင်မ်၏ စွမ်းဆောင်မှုကို အားရကျေနပ်ခြင်းမရှိသည့်အတွက် လာမည့်နွေရာသီတွင် နည်းပြအပြောင်းအလဲပြုလုပ်ဖွယ်ရှိပြီး ဘာစီလိုနာနည်းပြဟောင်း ဇာဗီကို အစားထိုးခန့်အပ်ရန် ဆန္ဒရှိနေကြောင်း သတင်းထွက်လာခဲ့သည်။

မန်ယူအသင်းသည် (၂၁)ကြိမ်မြောက် အမှတ်ပေးချန်ပီယံဆု ရယူနိုင်ရန် ပစ်မှတ်ထားလျက်ရှိရာ ယခုရာသီတွင် အာမိုရင်မ်အနေဖြင့် ၎င်းတို့ မျှော်မှန်းထားသည့် စွမ်းဆောင်ရည်ကို ပြသနိုင်ခြင်းမရှိခဲ့ပါက ရာသီကုန်ချိန်၌ ရာထူးမှထုတ်ပယ်ခံရဖွယ် ရှိနေကြောင်း သုံးသပ်ခံနေရသည်။

အာမိုရင်မ်သည် မန်ယူအသင်းကို (၂၅) ပွဲ ကိုင်တွယ်ထားရာတွင် (၁၀) ပွဲသာ အနိုင်ရပြီး (၉) ပွဲအထိ ရှုံးနိမ့်ထားသည်။

မူရင်းသတင်း — Eleven Media Group