
ဆော်ဒီကလပ်အသင်းတစ်သင်းသည် ရီးယဲလ်အသင်းမှ မော်ရိုကိုလက်ရွေးစင်တိုက်စစ်ကစားသမား ဘရာဟင်မ်ဒီယက်ဇ်ကို ယူရိုသန်း(၈၀)ဝန်းကျင်ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။
ဆော်ဒီကလပ်အသင်းများသည် ဥရောပမှ ထိပ်တန်းကစားသမားများကို ခေါ်ယူရန် ကြိုးပမ်းလျက်ရှိရာ ဘရာဟင်မ်ဒီယက်ဇ်မှာလည်း ၎င်းတို့၏ ပစ်မှတ်ထဲ ပါဝင်လာခြင်းဖြစ်သည်။
အသက် (၂၅) နှစ်အရွယ်ရှိ ဘရာဟင်မ်ဒီယက်ဇ်သည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသူဖြစ်သည်။
၎င်းသည် ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ (၃၆) ပွဲတွင် (၆) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၇) ကြိမ်အထိ ပြုလုပ်ထားသည်။
ထို့ကြောင့် ရီးယဲလ်မက်ဒရစ်အသင်းသည် ဘရာဟင်မ်ဒီယက်ဇ်အား စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေသလို၊ ဥရောပထိပ်တန်းအသင်းများစွာကလည်း ၎င်းကို ခေါ်ယူလိုနေကြောင်း သိရသည်။
ထို့ပြင် ဘရာဟင်မ်ဒီယက်ဇ်ကိုယ်တိုင်ကလည်း ဥရောပထိပ်တန်းလိဂ်များတွင် ဆက်လက်ကစားနေပြီး ဆော်ဒီသို့ ပြောင်းရွှေ့ကစားဖွယ် မရှိကြောင်း သိရသည်။