Eleven Media Group

■ ယနေ့ည ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

■ စီးရီးအေပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက်
ကာဂလီယာရီ - ဂျီနိုအာ (မြန်မာစံတော်ချိန် မတ်လ ၈ ရက် နံနက် ၂:၁၅ နာရီ)
ကာဂလီယာရီက စီးရီးအေအိမ်ကွင်းနောက်ဆုံး (၆)ပွဲမှာ (၄)ပွဲအထိ ရှုံးခဲ့ပေမဲ့ သူတို့ရှုံးခဲ့တဲ့အသင်းတွေက ထိပ်သီးတွေပါ။ ဂျီနိုအာကလည်း အဝေးကွင်း (၆)ပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ ဂိုးနည်းသရေပွဲဖြစ်နိုင်တယ်။


■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက်
မိုချန်ဂလာဘတ် - မိန့်ဇ် (မြန်မာစံတော်ချိန် မတ်လ ၈ ရက် နံနက် ၂:၀၀ နာရီ)
မိန့်ဇ်အသင်းက (၃)ပွဲဆက်နိုင်ပြီး အဆင့်(၄)နေရာအထိ တက်လှမ်းလာခဲ့တယ်။ မိုချန်ကွင်းမှာ မိန့်ဇ်အသင်း အနိုင်မရလောက်ဘူး။


■ ပြင်သစ်လီဂူးပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက်
တူးလူး - မိုနာကို (မြန်မာစံတော်ချိန် မတ်လ ၈ ရက် နံနက် ၂:၁၅ နာရီ)
မိုနာကိုက နောက်ဆုံး (၂)ပွဲဆက် အနိုင်ကစားပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကို အသက်သွင်းနေတယ်။ ဒါပေမဲ့ တူးလူးကွင်းမှာတော့ မိုနာကို အမြင့်ဆုံးသရေပဲ ရမယ်။

မူရင်းသတင်း — Eleven Media Group