
မန်ယူနည်းပြ အာမိုရင်မ်၏ ဇနီးဖြစ်သူ မာရီယာသည် မန်ချက်စတာမြို့တွင် မပျော်ရွှင်ကြောင်း သတင်းထွက်နေသည်။
မာရီယာသည် အာမိုရင်မ်နှင့် ၂၀၁၃ ခုနှစ်ကတည်းက လက်ထပ်ထားသူဖြစ်ပြီး လက်ရှိအချိန်၌ ရင်သွေးနှစ်ဦးနှင့်အတူ မန်ချက်စတာမြို့တွင် နေထိုင်လျက် ရှိသည်။
သို့သော် မန်ချက်စတာမြို့နှင့် အသားကျခြင်းမရှိသည့်အတွက် မပျော်မရွှင်ဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။
မာရီယာသည် အာမိုရင်မ်အား မန်ယူအသင်းက စတင်ကမ်းလှမ်းစဉ်ကတည်းကပင် မန်ချက်စတာမြို့တွင် မနေလိုဟု ပြောကြားခဲ့ဖူးကြောင်း သိရသည်။
မန်ယူနည်းပြ အာမိုရင်မ်မှာလည်း အသင်းကို ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်းမရှိသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
အာမိုရင်မ်သည် မန်ယူနည်းပြအဖြစ် ၂၀၂၄ နိုဝင်ဘာတွင် ခန့်အပ်ခံခဲ့ရပြီး ပြိုင်ပွဲစုံ (၂၅) ပွဲ ကိုင်တွယ်ရာတွင် (၁၀) ပွဲအနိုင်ရပြီး (၉) ပွဲအထိ ရှုံးနိမ့်ထားသည်။