
ဆယ်လ်တာဗီဂို - လီဟာနက်စ် (မြန်မာစံတော်ချိန် မတ်လ ၈ ရက် ည ၇:၃၀ နာရီ)
လီဟာနက်စ်က အစဉ်အလာအရတော့ ဆယ်လ်တာကို ယှဉ်နိုင်ပေမဲ့ လက်ရှိခြေစွမ်းက အဝေးကွင်းကစားပုံလျော့နေတယ်။ ဆယ်လ်တာကလည်း ခြေမှန်နေတဲ့ အချိန်ဆိုတော့ အိမ်ရှင်နဲ့ ဂိုးအများပဲ ရွေးထားတာ ကောင်းမယ်။
အလာဗတ်စ် - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် မတ်လ ၈ ရက် ည ၉:၄၅ နာရီ)
အလာဗတ်စ်ကွင်းမှာ ဗီလာရီးယဲလ် အနိုင်ရဖို့ ခက်တတ်တယ်။ ဒါပေမဲ့ ခုနောက်ပိုင်း အလာဗတ်စ် အိမ်ကွင်းကစားပုံ လျော့နေလို့ ဗီလာရီးယဲလ်ကို နိုင်ဖို့ မလွယ်ဘူး။ ဂိုးအနည်းသရေပွဲလောက်ပဲ မှန်းထားချင်တယ်။
ဗလင်စီယာ - ဗယ်လာဒိုလစ် (မြန်မာစံတော်ချိန် မတ်လ ၈ ရက် ည ၁၂:၀၀ နာရီ)
လက်ရှိ ဗယ်လာဒိုလစ်ရဲ့ အဝေးကွင်းခြေစွမ်း၊ ခံစစ်အားနည်းမှုတွေအရတော့ တန်းဆင်းဇုန်ကလွတ်အောင် ရုန်းနေတဲ့ အိမ်ရှင် ဗလင်စီယာကို တောင့်ခံနိုင်ဖို့ မရှိဘူး။ ဗလင်စီယာနဲ့ ဂိုးအများပဲ ကောင်းမယ်။
ဘာစီလိုနာ - အိုဆာဆူနာ (မြန်မာစံတော်ချိန် မတ်လ ၉ ရက် နံနက် ၂:၃၀ နာရီ)
ဘာစီလိုနာကတော့ ပထမအကျော့ရှုံးကြွေးတွေကို ဆက်တိုက် ပြန်ဆပ်နေတယ်။ အခုလည်း ပထမအကျော့က ရှုံးထားတဲ့ အိုဆာဆူနာကို အိမ်ကွင်းမှာ အနိုင်ပြန်ယူပြီး ထိပ်ဆုံးမှာ ဆက်မြဲအောင် ဘာစီလိုနာ ကြိုးစားလိမ့်မယ်။ အိုဆာဆူနာကလည်း ခုတလော နိုင်ပွဲတွေပျောက်နေပြီး အဝေးကွင်းမှာလည်း ရုန်းကန်နေရတယ်။ ခံစစ်ကစားပုံလျော့နေလို့ ဘာစီလိုနာတိုက်စစ်ကိုလည်း တောင့်ခံနိုင်မယ့်ပုံ မရှိဘူး။ ချန်ပီယံလိဂ် ဘင်ဖီကာနဲ့ (၂) ပွဲကြားကစားရမယ့်ပွဲဖြစ်နေလို့ ဘာစီလိုနာ လူထုတ်ပုံနဲ့အင်အား ချွေတာနိုင်ကိုတော့ သတိထားရမယ်။ ဘာစီလိုနာ အနိုင်ရအောင် ကစားရမှာပါ။ ဂိုးနည်းနိုင်တယ်။