
ကိုမို - ဗင်နီဇီယာ (မြန်မာစံတော်ချိန် မတ်လ ၈ ရက် ည ၈:၃၀ နာရီ)
ဖာဘရီဂတ်စ်ရဲ့ ကိုမိုက ရှုံးပွဲတွေ တွေ့လာပေမဲ့ ပုံစံကောင်းပြနိုင်ဆဲအသင်းပါ။ ဗင်နီဇီယာကလည်း နောက်ဆုံး (၂) ပွဲဆက် အတ္တလန်တာနဲ့ လာဇီယိုတို့ကို သရေကစားခဲ့တယ်။ ဒါပေမဲ့ ကိုမိုကိုပဲ ကြိုက်တယ်။
ပါးမား - တိုရီနို (မြန်မာစံတော်ချိန် မတ်လ ၈ ရက် ည ၁၁:၃၀ နာရီ)
ပါးမားက အိမ်ကွင်းနောက်ဆုံးပွဲမှာ ဘိုလော့ဂ်နာကို နိုင်ခဲ့ပေမဲ့ တည်ငြိမ်ဖို့ ရုန်းကန်နေရဆဲပဲ။ တိုရီနိုကလည်း အထက်မ ရောက် အောက်မရောက်အသင်းပါ။ ပါးမား သရေနဲ့ အနိုင်လို့ ထင်မိတယ်။
လက်ချီ - အေစီမီလန် (မြန်မာစံတော်ချိန် မတ်လ ၈ ရက် ည ၁၁:၃၀ နာရီ)
လက်ချီက နောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့လို့ တန်းဆင်းဇုန်နဲ့ (၃)မှတ်ပဲကွာတော့တယ်။ ဒါ့အပြင် လက်ချီက တိုက်စစ်အရမ်းအားနည်းပြီး စီးရီးအေနောက်ဆုံး (၄)ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့ဘူး။ အေစီမီလန်ကလည်း စီးရီးအေ (၃)ပွဲဆက် နိုင်ပွဲပျောက်နေပြီး နည်းပြ ကွန်ဆေးဆာအိုလက်ထက်မှာ ထင်သလောက် အလုပ်မဖြစ်သေးဘူး။ ဒါပေမဲ့ ဒီပွဲတော့ အေစီမီလန်နိုင်ပွဲပြန်ရသင့်ပါပြီ။ ဂိုးများနိုင်တယ်။
အင်တာမီလန် - မွန်ဇာ (မြန်မာစံတော်ချိန် မတ်လ ၉ ရက် နံနက် ၂:၁၅ နာရီ)
အင်တာမီလန်က ဖီယင်နုကို အနိုင်ကစားခဲ့လို့ ချန်ပီယံလိဂ်ဖိအားရှိတော့မှာ မဟုတ်ဘူး။ ဒါကြောင့်လည်း စီးရီးအေပြိုင် ပွဲကို ပြန်လည်အားရုံစိုက်ဖို့ရှိပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ခွင့်ရဖို့အတွက် နိုင်ပွဲတွေ ရှာဖွေဖို့ ကြိုးစားပါလိမ့်မယ်။ မွန်ဇာက တန်းဆင်းရမယ့်အသင်းဖြစ်ပြီး စိတ်ပျက်စရာအရမ်းကောင်းတယ်။ ပထမအကျော့ကမနိုင်ခဲ့ပေမဲ့ ဒီပွဲတော့ အင်တာမီလန် ဂိုးပြတ်နိုင်မယ်။