
လေဗာကူဆင် - ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် မတ်လ ၈ ရက် ည ၉:၀၀ နာရီ)
လေဗာကူဆင်အသင်းအဖို့ ဘိုင်ယန်နဲ့ ချန်ပီယံလိဂ် နှစ်ကျော့ကြားမှာ ကစားရတာဖြစ်လို့ အာရုံစိုက်နိုင်ဖို့ မလွယ်ဘူး။ ဝါဒါဘရီမင်ကလည်း ရှုံးပွဲဆက်နေတဲ့အသင်းပါ။ ဝါဒါဘရီမင်နဲ့ပဲ စွန့်စားချင်တယ်။
ဘိုင်ယန်မြူးနစ် - ဘိုဟုမ် (မြန်မာစံတော်ချိန် မတ်လ ၈ ရက် ည ၉:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ အမှတ်ပေးပွဲ (၁၀)ပွဲမှာ လေဗာကူဆင်ကိုသာ သရေကျပြီး ကျန်ပွဲအားလုံး အနိုင်ကစားခဲ့တယ်။ ဘိုင်ယန်အသင်း ကြားရက်မှာ လေဗာကူဆင်နဲ့ ချန်ပီယံလိဂ်ကစားထားရပြီး ပွဲပန်းနေနိုင်တာကလွဲလို့ အခက်အခဲတွေ့ဖို့တော့ မရှိပါဘူး။ ဘိုဟုမ်အတွက် အမှတ်ပိုလိုအပ်တဲ့ အနေအထားဖြစ်ပေမဲ့ ဘိုင်ယန်ကိုပဲ ရွေးချယ်ချင်တယ်။
ဒေါ့မွန် - အော့စ်ဘတ် (မြန်မာစံတော်ချိန် မတ်လ ၈ ရက် ည ၉:၀၀ နာရီ)
ဒေါ့မွန်အသင်းက နောက်ဆုံးနှစ်ပွဲဆက်တိုက် အနိုင်ပြန်ကစားထားတယ်။ အော့စ်ဘတ်ကလည်း သရေပွဲတွေ များလာပေမဲ့ (၈)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ဒေါ့မွန် ဂိုးမပြတ်လောက်ဘူး။
ဝုလ်ဖ်ဘတ် - ဆန့်ပေါ်လီ(မြန်မာစံတော်ချိန် မတ်လ ၈ ရက် ည ၉:၀၀ နာရီ)
ဝုလ်ဖ်ဘတ်အသင်း ပွဲကျပ်ကာလ ဖြတ်သန်းခဲ့တာတောင် ရလဒ်ပိုင်း မဆိုးဘူးလို့ ပြောရမယ်။ ဝုလ်ဖ်ဘတ်ပဲ အနိုင်ရဖို့ များတယ်။
ဟော်စတိုင်ကီလ် - စတုဂတ် (မြန်မာစံတော်ချိန် မတ်လ ၈ ရက် ည ၉:၀၀ နာရီ)
စတုဂတ်အသင်း နောက်ဆုံး(၆)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့ပေမဲ့ အဝေးကွင်းရလဒ်က အတော်ကောင်းပါတယ်။ စတုဂတ် ဂိုးပြတ်၊ မပြတ်ပဲကြည့်ရမယ်။
ဖရိုင်းဘတ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် မတ်လ ၈ ရက် ည ၁၂:၀၀ နာရီ)
ဖရိုင်းဘတ်အသင်း နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့ပေမဲ့ Clean Sheet ရလဒ်တော့ ရယူထားဆဲပါပဲ။ အမှတ်ပေးဇယား အထက်အောက် အသင်းတွေဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အရေးပါနေချိန်ဖြစ်လို့ နှစ်သင်းစလုံး အမှားခံလို့ မရပါဘူး။ လိုက်ပ်ဇစ်ကတော့ ဥရောပပွဲတွေ မရှိတော့တဲ့အချိန်မှာတော့ ရလဒ်ပိုင်းက တက်မလာခဲ့ဘူး။ နောက်ဆုံးကစားခဲ့တဲ့ အမှတ်ပေးပွဲ (၈)ပွဲမှာလည်း တစ်ပွဲပဲ အနိုင်ရထားခဲ့တယ်။ ဒါ့အပြင် နောက်ဆုံးကစားထားတဲ့ အဝေးကွင်း(၅)ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တယ်။ ဖရိုင်းဘတ် အိမ်ကွင်းမှာ အမှတ်ရဦးမယ်။