
ရန်းစ် - PSG (မြန်မာစံတော်ချိန် မတ်လ ၈ ရက် ည ၁၀:၃၀ နာရီ)
PSG က ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးပုံစံပြနေပြီး အမှတ်ပေးဇယားကို ဦးဆောင်နေသလို၊ အနီးဆုံးပြိုင် ဘက်ကို (၁၃)မှတ်အထိ ဖြတ်ထားတယ်။ နောက်ဆုံးပွဲကို ပြန်ကြည့်ရင်လည်း လိုင်လီကို ခပ်လွယ်လွယ်ပဲ ဂိုးပြတ်အနိုင်ရခဲ့ တာတွေ့ရတယ်။ ဒါပေမဲ့ PSG က လက်ရှိအချိန်မှာ ပြည်တွင်းပြိုင်ပွဲထက် ချန်ပီယံလိဂ်ကို ပိုအာရုံစိုက်မယ့်အနေအထားမျိုးပါပဲ။ ရန်းစ်ကလည်း နောက်ပိုင်းပွဲတွေမှာ ကွင်းတွင်းခြေစွမ်းနဲ့ ရလဒ်ပိုင်းက အတော်လေးတက်လာခဲ့တယ်။အိမ်ကွင်းလည်း ဖြစ်တာကြောင့် ရန်းစ်နဲ့ စွန့်စားသင့်တယ်။ (၂)သင်းပေါင်းသွင်း ဂိုးနည်းနိုင်တယ်။
လိုင်လီ - မောင့်ပယ်လီယာ (မြန်မာစံတော်ချိန် မတ်လ ၉ ရက် နံနက် ၀၀:၃၀ နာရီ)
လိုင်လီက ချန်ပီယံလိဂ်ပြိုင်ပွဲကစားထားရလို့ ပွဲပန်းနေနိုင်ပြီး အဓိကကစားသမားတွေကို အနားပေးထားနိုင်တယ်။ ဒါပေမဲ့ လိုင်လီပဲ နိုင်လိမ့်မယ်။
မာဆေးလ် - လန်းစ် (မြန်မာစံတော်ချိန် မတ်လ ၉ ရက် နံနက် ၂:၃၅ နာရီ)
မာဆေးလ်က အဆင့်(၂)နေရာအတွက် ပွဲတိုင်းကို အားစိုက်ကစားနေတယ်။ လန်းစ်က ရှုံးပွဲဆက်နေတဲ့အသင်းပါ။ မာဆေးလ်ကိုပဲ ကြိုက်တယ်။