Eleven Media Group

■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ချယ်လ်ဆီး - လက်စတာ (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၈:၃၀ နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် (၄၈)မှတ်ရထားတဲ့အသင်း နဲ့ (၄၇) မှတ်ရထားတဲ့အသင်းတွေ ထိပ်တိုက်တွေ့နေတဲ့ပွဲမှာ (၄၆)မှတ်ရထားတဲ့ ချယ်လ်ဆီးအသင်းအတွက်တော့ နိုင်ပွဲသာ ယူထားရင် သေချာပေါက် အဆင့်တက်မယ့် ပွဲစဉ်ဖြစ်နေတယ်။ နော်တင်ဟမ်နဲ့ မန်စီးတီးသာ သရေကျခဲ့ရင် နိုင်ပွဲက အဆင့် (၃) နေရာအထိတောင် ရောက်သွားစေမယ့် အခြေအနေဖြစ်ပြီး ဒီအခြေအနေမျိုးကို အသုံးမချနိုင်ရင် တော်တော်စိတ်ပျက်စရာဖြစ်လိမ့်မယ်။ ချယ်လ်ဆီး ဂိုးပြတ်ပါပဲ။


စပါး - ဘုန်းမောက် (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၈:၃၀ နာရီ)
စပါးအသင်းက နောက်ဆုံးကစားခဲ့တဲ့ ပွဲတွေမှာ ရလဒ်ပိုင်း သိသိသာသာတိုးတက်လာတယ်။ တိုက်စစ်ပိုင်းမှာ လူပြန်စုံလာခြင်းနဲ့ ခံစစ်ပိုင်းမှာ ကစားသမားသစ် ဒန်ဆို အားကောင်းလာခြင်းတွေက စပါးအသင်းကို တိုးတက်လာစေတယ်လို့ ပြောရမှာဖြစ်တယ်။ ဘုန်းမောက်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော် လင့်ချက်ရှိနေတဲ့အသင်းဖြစ်ပြီး နိုင်ပွဲရဖို့အတွက် ကြိုးစားလိမ့်မယ်။ ဒါပေမဲ့ စပါးကို ပိုကြိုက်တယ်။


မန်ယူ - အာဆင်နယ် (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၁၁:၀၀ နာရီ)
အာဆင်နယ်အသင်းက နောက်ဆုံးကစားခဲဲ့တဲ့ အဝေးကွင်းပွဲစဉ်အဖြစ် PSV နဲ့ ကစားခဲ့တဲ့ပွဲမှာ (၁-၇)ဂိုးနဲ့ အနိုင်ရခဲ့ပြီး တိုက်စစ်ပိုင်းက ရုန်းကန်နေရတဲ့ အခြေအနေကို အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တယ်။ အာဆင်နယ်မှာ ခိုင်မာတဲ့ ကစားကွက်နဲ့ ခိုင်မာတဲ့ ကွင်းလယ်၊ ခံစစ်ပိုင်းတွေရှိနေပြီး တော်ရုံအသင်းက ကျော်ဖြတ်ဖို့ ခက်ခဲပါတယ်။ ဒီဘက်ပိုင်းပွဲစဉ်တွေမှာ တိုက်စစ်ပို်င်း ပြဿနာရှိခဲ့တာမှန်ပေမဲ့ ပွဲကျပ်တွေကို သူ့ အတိုင်းအတာနဲ့သူ ကျော်ဖြတ်နိုင်ခဲ့တာလည်း တွေ့ရတယ်။ မန်ယူနိုက်တက်ကတော့ တိုက်စစ်ပိုင်းရော၊ ကွင်းလယ်ရော၊ ခံစစ်ရောကနေ ဂိုးသမားအထိ စိတ်မချရတဲ့ အနေအထားဖြစ်နေတာကိုတွေ့ရတယ်။ ပဲလေ့စ်၊ စပါးနဲ့ အဲဗာတန်တို့ ကစားခဲ့တဲ့ပွဲတွေမှာ ကစားပုံ အရမ်းမဆိုးခဲ့ဘူး။ ဒါပေမဲ့ ရလဒ်ပိုင်းကတော့ တော်တော် လေး အခြေအနေဆိုးပါတယ်။ ဒီပွဲက အစဉ်အလာပြိုင်ဘက်အသင်းနှစ်သင်းရဲ့ ပွဲဖြစ်ပြီး ကစားရမှာက အိုးလ်ထရက်ဖို့ဒ်မှာပါ။ ဒါပေမဲ့ အာဆင်နယ်ကိုပဲ ကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group