Eleven Media Group

■ စီးရီးအေပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ဗီရိုနာ - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၆:၀၀ နာရီ)
ပထမအကျော့တွေ့ဆုံမှုကိုကြည့်ရင် ဘိုလော့ဂ်နာကွင်းမှာ ဗီရိုနာက အပြန်အလှန်ဂိုးတွေနဲ့ နိုင်ခဲ့တယ်။ ဒါပေမဲ့ ဥရောပဝင်ခွင့်မျှော်လင့်ချက်ကို အသက်သွင်းမယ့် ဘိုလော့ဂ်နာကို ကြိုက်တယ်။


နာပိုလီ - ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၈:၃၀ နာရီ)
နာပိုလီက စီးရီးအေနောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပေမဲ့ အင်တာနဲ့ကစားတဲ့ နောက်ဆုံးပွဲမှာ သူ့တို့ရဲ့ ပုံစံကောင်း တစ်ခုကို ပြနိုင်ခဲ့တယ်။ ပိုလီတာနို၊ ရပ်စ်ပါဒိုရီ၊ လူကာကူတို့ကိုလည်း နာပိုလီတိုက်စစ်မှာ နားလည်မှုပိုကောင်းတဲ့ ပုံစံတစ်ခုနဲ့ မြင်လာရတယ်။ ဖီအိုရင်တီးနားက အသင်းကောင်းဆိုပေမဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ အတော်လေးကျဆင်းလာတယ်။ ဗီရို နာ၊ ကိုမိုတို့ကို ရှုံးခဲ့တာကတော့ ဖီအိုရင်တီးနားအသင်းအတွက် တကယ်ကို စိတ်ပျက်စရာပါပဲ။ နာပိုလီ နိုင်ပွဲပြန်ယူလိမ့်မယ်။


အမ်ပိုလီ - ရိုးမား (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၁၁:၃၀ နာရီ)
အမ်ပိုလီက တကယ်ကို ဆိုးရွားလွန်းနေပြီး တန်းဆင်းဇုန်ထဲရောက်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံး (၅)ပွဲမှာ ထိပ်သီးတွေနဲရင် ဆိုင်ခဲ့ရတာကြောင့်လည်းပါပါတယ်။ ရိုးမားကလည်း ဥရောပဝင်ခွင့်မျှော်လင့်ချက်ပြန်အားကောင်းလာတယ်။ ဒါပေမဲ့ တန်းဆင်းဇုန်က ရုန်းထွက်ဖို့ကြိုးစားမယ့် အမ်ပိုလီကို ကြိုက်တယ်။


ဂျူဗင်တပ်စ် - အတ္တလန်တာ (မြန်မာစံတော်ချိန် မတ်လ ၁၀ ရက် နံနက် ၂:၁၅ နာရီ)
နည်းပြ မော့တာရဲ့ ဂျူဗင်တပ်စ်က စီးရီးအေမှာ နိုင်ပွဲတွေကို ခပ်မှန်မှန်ယူနေတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီး ဖြစ်တာကြောင့်လည်း ဂျူဗင်တပ်စ်အသင်းအနေနဲ့ စီးရီးအေကို ပိုအာရုံစိုက်လာဖို့ရှိတယ်။ အတ္တလန်တာကတော့ နောက်ပိုင်းပွဲတွေမှာ ထူးထူးခြားခြား အိမ်ကွင်းထက် အဝေးကွင်းပွဲတွေက ပိုရလဒ်ကောင်းနေတယ်။ စီးရီးအေအဝေးကွင်းနောက်ဆုံး (၃)ပွဲမှာ (၁၂)ဂိုးသွင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ တူရင်မှာတော့ အတ္တလန်တာအတွက် လွယ်ကူဖို့မရှိပါဘူး။ ဂျူဗင်တပ်စ်အသင်း သရေနဲ့ အနိုင်ပဲလို့ ထင်မိတယ်။

မူရင်းသတင်း — Eleven Media Group