Eleven Media Group

■ ပြင်သစ်လီဂူးပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ဘရက်စ် - အန်ဂါစ် (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၈:၃၀ နာရီ)
ဘရက်စ်က အန်ဂါစ်နဲ့တွေ့တဲ့ နောက်ဆုံး (၄)ပွဲမှာ (၃) ပွဲနိုင်ခဲ့တယ်။ ဒါပေမဲ့ လက်ရှိခြေစွမ်းအရ သရေကျသွားနိုင်တဲ့ ပွဲမျိုးပါပဲ။


လူအယ်ဗာ - စိန့်အက်တီယန် (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၁၀:၄၅ နာရီ)
တန်းဆင်းဇုန်တိုက်ပွဲဖြစ်ပြီး လူအယ်ဗာက လိုင်လီ၊ လန်းစ်တို့လိုအသင်းတွေကိုတောင် အနိုင်ရခဲ့တယ်။ လူအယ်ဗာပဲ နိုင်ပွဲဆက်လိမ့်မယ်။


Reims - အော်ဇေး (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၁၀:၄၅ နာရီ)
အော်ဇေးက အဝေးကွင်းနောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲ ပျောက်ထားပြီး (၄)ပွဲရှုံးခဲ့တယ်။ အမှတ်လိုအပ်ချက်ပိုရှိတဲ့ Reims ကို ကြိုက်တယ်။


နန့်စ် - စထရာဘိုး (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၁၀:၄၅ နာရီ)
နန့်စ်က တန်းဆင်းအန္တရာယ်ရှိသေးတယ်။ စထရာဘိုးကလည်း ဥရောပဝင်ခွင့်အတွက် နိုင်ပွဲတွေ ရှာဖွေနေတယ်။ စထရာဘိုး ရလဒ်ကောင်းမယ်။


နိုက်စ် - လိုင်ယွန် (မြန်မာစံတော်ချိန် မတ်လ ၁၀ ရက် နံနက် ၂:၁၅ နာရီ)
နိုက်စ်က နောက်ပိုင်းပွဲတွေမှာ နိုင်သင့်တဲ့ပွဲတွေကို အနိုင်ကစားပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကို အသက်သွင်းနေတယ်။ လိုင်ယွန်ကတော့ အဝေးကွင်းနောက်ပိုင်းပွဲတွေမှာ ရမှတ်အလေအလွင့်များခဲ့တယ်။ သရေကျဖို့များတယ်။

မူရင်းသတင်း — Eleven Media Group