Eleven Media Group

လာမည့်ရာသီတွင် ဥရောပ၌ ပြန်ကစားရန် နေမာ ဆန္ဒရှိနေပြီး ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်တို့နှင့် ၎င်းင်း၏အေးဂျင့် ဇဟာဗီ ချိတ်ဆက်

Photo: X

နာမည်ကျော် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာသည် လာမည့် ၂၀၂၅-၂၆ ရာသီတွင် ဥရောပ၌ ပြန်ကစားရန် စီစဉ်နေပြီး ၎င်း၏အေးဂျင့်ဖြစ်သူ ဇဟာဗီသည် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အပါအဝင် ဥရောပထိပ်တန်းအသင်းများနှင့် ချိတ်ဆက်နေကြောင်း သိရသည်။

နေမာ (၃၃ နှစ်)သည် ဇန်နဝါရီတွင် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းနှင့် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပြီးနောက် လက်ရှိတွင် ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ စတင်ရာ ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းတွင် (၆)လစာချုပ်ဖြင့် ကစားနေသည်။

နေမာသည် ဆန်းတို့စ်အသင်းတွင် ခြေစွမ်းပြကစားနေသောကြောင့် ဘရာဇီးလ်လက်ရွေးစင်အသင်းတွင် ပြန်လည်ရွေးချယ်ခံထားရသည်။ နေမာသည် လာမည့်ရာသီတွင် ဥရောပ၌ ပြန်လည်ကစားရန် ဆန္ဒရှိနေပြီး ယခုအခါ ၎င်း၏အေးဂျင့်ဖြစ်သူ ဇဟာဗီသည် အသင်းဟောင်း ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အပါအဝင် ဥရောပထိပ်တန်းအသင်းများနှင့် ချိတ်ဆက်နေကြောင်း သိရသည်။

ဘာစီလိုနာအသင်းအနေဖြင့် နေမာအား ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားမှု နည်းပါးသော်လည်း ဘိုင်ယန်မြူးနစ်အသင်းကမူ ၎င်းကို ခေါ်ယူရန် စဉ်းစားနေကြောင်း သိရသည်။

နေမာ၏အေးဂျင့်ဖြစ်သူ ဇဟာဗီသည် ပရီးမီးယားလိဂ်ကလပ်များနှင့်ပါ ချိတ်ဆက်နေသော်လည်း ကစားသမားအနေဖြင့် အင်္ဂလန်သို့ ပြောင်းရွှေ့ကစားရန် စိတ်ဝင်စားမှု နည်းပါးကြောင်း သိရသည်။

နေမာအနေဖြင့် ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိနေပြီး လစာလျှော့ယူမည်ဟုပါ ကမ်းလှမ်းထားကြောင်း သိရသည်။ ဆန်းတို့စ်အသင်းကလည်း နေမာကို လက်လွှတ်လိုခြင်းမရှိဘဲ စာချုပ်သစ်ချုပ်ဆိုရန် အသင့်ရှိနေကြောင်း သိရှိရသည်။

မူရင်းသတင်း — Eleven Media Group