
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူုး ဟာရီကိန်းက ဘိုဟုမ်အား ရှုံးနိမ့်ပြီးနောက် ပွဲချိန်ပြည့်အာရုံစိုက်ကစားရန် လိုအပ်ကြောင်း အသင်းဖော်များကို သတိပေးခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် စနေနေ့က ကစားခဲ့သည့် ဘွန်ဒစ်လီဂါ ပွဲစဉ်တွင် ဘိုဟုမ်ကို (၂-ဝ) ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပယ်လ်ဟင်ညာ အနီကတ်ဖြင့် အထုတ်ခံရခဲ့ပြီး ပွဲအပြီးတွင် (၂-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ထို့ကြောင့် အဆိုပါပွဲစဉ်အပြီးတွင် ဟာရီကိန်းက ပွဲစဉ်တိုင်း တစ်ပွဲလုံးအာရုံစိုက်ရန်လိုအပ်ကြောင်းနှင့် ပွဲချိန်ပြည့်အာရုံမစိုက်နိုင်ပါက ပြိုင်ဘက်၏အပြစ်ပေးခြင်းကို ခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ချန်ပီယံလိဂ် (၁၆)သင်းရှုံးထွက်အဆင့် (ဒုတိယအကျော့)ပွဲစဉ်အဖြစ် လေဗာကူဆင်အသင်းနှင့်ကစားရမည့်ပွဲအတွက်လည်း မိမိတို့အနေဖြင့် အမှားကင်းအောင် ကစားရမည်ဖြစ်ကြောင်း ဆိုခဲ့သည်။
ဟာရီကိန်းသည် ဘိုင်ယန်မြူးနစ်အသင်း၏ အဓိကအားထားရာ ကြယ်ပွင့်တိုက်စစ်မှူးဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် (၂)ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ(၈၀)ကစားကာ (၇၅)ဂိုးသွင်းယူထားသည်။