Eleven Media Group

ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်

Photo: X

ဝက်စ်ဟမ်း နှင့် နယူးကာဆယ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

ဂရေဟမ်ပေါ်တာရဲ့ ဝက်စ်ဟမ်းက ရလဒ်ပိုင်းရော ခြေစွမ်းပိုင်းမှာ တိုးတက်လာတာကို တွေ့ရတယ်။ နယူးကာဆယ်အသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားနေတဲ့ အသင်းဖြစ်ပါတယ်။ နယူးကာဆယ်အသင်း ရလဒ်ကောင်းဖို့ ရှိပေမဲ့ သရေလည်းကျသွားနိုင်တယ်။

လာဇီယို နှင့် အူဒီးနီးစ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)

လာဇီယိုက ကိုပါအီတာလီယာရီပြိုင်ပွဲက ထွက်ခဲ့ရပေမဲ့ စီးရီးအေမှာ အတော်လေး အားရစရာကောင်းတဲ့ ပုံစံကို ပြနေတယ်။ အူဒီးနီးစ်ကလည်း နိုင်ပွဲတွေ ပြန်ရပြီး အဆင့် (၁၀)နေရာအထိ တက်လာတယ်။ ဒါပေမဲ့ အဆင့်(၄)က ဂျူဗင်တပ်စ် ပွဲကျပ်နေချိန်မှာ လာဇီယို အနိုင်ကစားမှာပါ။

အက်စ်ပန်ညို နှင့် ဂျီရိုနာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

ဂျီရိုနာ နိုင်ပွဲပျောက်နေတာ (၄) ပွဲရှိပါပြီ။ ဒီခြေစွမ်းနဲ့တော့ အိမ်ကွင်းမှာ ခြေစွမ်းပြနေတဲ့ အက်စ်ပန်ညိုကိုလည်း အနိုင်ရဖို့ ခက်ခဲနေဦးမှာပါ။ အက်စ်ပန်ညိုနဲ့ ဂိုးအများကိုပဲ ရွေးထားလိုက်တယ်။

မူရင်းသတင်း — Eleven Media Group