
Opta ရဲ့ စူပါကွန်ပျူတာကတော့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေအပြီးမှာ အာဆင်နယ်အသင်း ကွာတားဖိုင်နယ်တက်ရောက်ဖို့ (၁၀၀%) သေချာသွားပြီလို့ ခန့်မှန်းခဲ့ပါတယ်။ အာဆင်နယ်က အဝေးကွင်းမှာ ကစားရတဲ့ ပထမအကျော့ပွဲစဉ်မှာ PSV အသင်းကို (၇-၁)ဂိုး နဲ့ အနိုင်ယူခဲ့တာကြောင့် ဘယ်နည်းနဲ့မှ အတိမ်းအစောင်းမဖြစ်နိုင်တော့ဘူးလို့ စူပါကွန်ပျူတာက ခန့်မှန်းခဲ့တာပါ။ အာဆင်နယ်ပြီးရင် နောက်တစ်ဆင့်တက်ဖို့ အလားအလာအကောင်းဆုံးလို့ ခန့်မှန်းခံရတာက အင်တာမီလန်ဖြစ်ပြီး ကွာတားဖိုင်နယ်တက်ရောက်နိုင်ခြေ (၉၆.၈%)ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ အင်တာမီလန်က ပထမအကျော့တုန်းက ဖီယင်နုကို အဝေးကွင်းမှာ (၂-ဝ)ဂိုး နဲ့ အနိုင်ရထားတာကြောင့်ပါ။ တတိယအလားအလာအကောင်းဆုံးက ပထမအကျော့ အိမ်ကွင်းပွဲမှာ လေဗာကူဆင်ကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဖြစ်ပြီး (၉၅%) သတ်မှတ်ခံထားရပါတယ်။
Opta ရဲ့ စူပါကွန်ပျူတာကတော့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေအပြီးမှာ အာဆင်နယ်အသင်း ကွာတားဖိုင်နယ်တက်ရောက်ဖို့ (၁၀၀%) သေချာသွားပြီလို့ ခန့်မှန်းခဲ့ပါတယ်။ အာဆင်နယ်က အဝေးကွင်းမှာ ကစားရတဲ့ ပထမအကျော့ပွဲစဉ်မှာ PSV အသင်းကို (၇-၁)ဂိုး နဲ့ အနိုင်ယူခဲ့တာကြောင့် ဘယ်နည်းနဲ့မှ အတိမ်းအစောင်းမဖြစ်နိုင်တော့ဘူးလို့ စူပါကွန်ပျူတာက ခန့်မှန်းခဲ့တာပါ။ အာဆင်နယ်ပြီးရင် နောက်တစ်ဆင့်တက်ဖို့ အလားအလာအကောင်းဆုံးလို့ ခန့်မှန်းခံရတာက အင်တာမီလန်ဖြစ်ပြီး ကွာတားဖိုင်နယ်တက်ရောက်နိုင်ခြေ (၉၆.၈%)ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ အင်တာမီလန်က ပထမအကျော့တုန်းက ဖီယင်နုကို အဝေးကွင်းမှာ (၂-ဝ)ဂိုး နဲ့ အနိုင်ရထားတာကြောင့်ပါ။ တတိယအလားအလာအကောင်းဆုံးက ပထမအကျော့ အိမ်ကွင်းပွဲမှာ လေဗာကူဆင်ကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဖြစ်ပြီး (၉၅%) သတ်မှတ်ခံထားရပါတယ်။ (၃)ဂိုးပြတ် အနိုင်ရထားတဲ့အသင်းထက် (၂)ဂိုးပြတ်အနိုင်ရထားတဲ့အသင်းကို အလားအလာပိုကောင်းတယ်လို့ သတ်မှတ်ထားတာကတော့ အိမ်ကွင်း၊ အဝေးကွင်းခြားနားချက်နဲ့ ပြိုင်ဘက်ရဲ့ အနေအထားကြောင့်လို့ပဲ ဆိုရမှာပါ။ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပထမအကျော့မှာ သရေရလဒ်ထွက်ပေါ်တဲ့ပွဲ တစ်ပွဲသာရှိခဲ့ပြီး ကျန်(၇)ပွဲက အရှုံး၊ အနိုင်အဖြေထွက်ခဲ့ပါတယ်။ အဝေးကွင်းမှာ အနိုင်ရတဲ့အသင်း (၅)သင်းရှိပြီး အိမ်ကွင်းမှာ အနိုင်ရတဲ့အသင်း (၂)သင်းရှိပါတယ်။ အဝေးကွင်းမှာ အနိုင်ရထားတဲ့အသင်းတွေက အားသာချက်ပိုရှိနေတယ်လို့ ဆိုနိုင်ပေမဲ့ ကပ်နိုင်ရုံသာဖြစ်ခဲ့ရင်တော့ ဘာမှမသေချာသေးဘူးလို့ ဆိုရမှာပါ။ ရီးယဲလ်၊ ဘာစီလိုနာ၊ လီဗာပူးလ်တို့က ပထမအကျော့မှာ နိုင်ပွဲကိုယ်စီ ရယူနိုင်ခဲ့ကြပေမဲ့ မပြတ်သားတဲ့ ရလဒ်တွေသာဖြစ်ခဲ့တာကြောင့် ဒုတိယအကျော့မှာ သတိကြီးကြီးထားပြီး ယှဉ်ပြိုင်ကြရဦးမှာပါ။ ဒီအသင်းတွေ ရှေ့ဆက်ခွင့်ရနိုင်မလား ဆိုတာကလည်း (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ရဲ့ ရင်ခုန်စရာအကောင်းဆုံး အကြောင်းအရာလို့ သတ်မှတ်နိုင်ပါလိမ့်မယ်။
အလားအလာအကောင်းဆုံး
(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်အပြီးမှာ လောင်းကစားကုမ္ပဏီတွေက ချန်ပီယံဆုအတွက် ဘာစီလိုနာအသင်းကို အလေးပေးမှုအမြင့်ဆုံးအဖြစ် ကြေးဖွင့်ခဲ့ပါတယ်။ လီဗာပူးလ်ကို ဒုတိယရေပန်းအစားဆုံးအဖြစ်ပဲ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ Opta ကတော့ ချန်ပီယံဖြစ်ဖို့ လီဗာပူးလ်အသင်း အလားအလာအကောင်းဆုံးလို့ သတ်မှတ်ခဲ့ပါတယ်။ တကယ်တော့ နှစ်သင်းစလုံးက ပထမအကျော့မှာ ပြိုင်ဘက်တွေကို တစ်ဂိုးအသာနဲ့ ကပ်နိုင်ရုံသာ စွမ်းဆောင်နိုင်ခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့တောင် အမှားမခံတဲ့ အနေအထားမှာ ရှိနေကြတုန်းပါပဲ။ ဒါပေမဲ့ တစ်ဖက်က ကြည့်ရင်တော့ အဝေးကွင်းပွဲတွေမှာ အနိုင်ရခဲ့ခြင်းဖြစ်တာကြောင့် တန်ဖိုးကြီးပါတယ်။ ဘာစီလိုနာက ပေါ်တူဂီကလပ် ဘင်ဖီကာကို အနိုင်ရခဲ့တာဖြစ်ပြီး လီဗာပူးလ်က ပြင်သစ်ထိပ်သီး PSG ကို အနိုင်ရခဲ့တာပါ။ ဒါ ကြောင့် လီဗာပူးလ်ရဲ့နိုင်ပွဲက တန်ဖိုးပိုကြီးပါတယ်။ ဒါပေမဲ့ ဒုတိယအကျော့မှာ ပိုရုန်းကန်ရနိုင်ခြေလည်း ရှိနေပါတယ်။ ပထမအကျော့ပွဲမှာ လီဗာပူးလ်က ဂိုးသွင်းခွင့်(၂)ကြိမ်သာရရှိပြီး PSG က ဂိုးသွင်းခွင့် (၂၈)ကြိမ်အထိ ရရှိခဲ့တာပါ။ လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်က အဲဒီပွဲရဲ့ အ ကောင်းဆုံးကစားသမားဆုရရှိတဲ့အထိ လက်စွမ်းပြပြီး လီဗာပူးလ်အသင်း အနိုင်ရခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်နည်းပြ အာနယ်ဆလော့က အဲဒီပွဲမှာ သရေကျခဲ့မယ်ဆိုရင်တောင် ကံကောင်းတယ်လို့ သတ်မှတ်နိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။ အခု ဒုတိယ အကျော့ကိုတော့ အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ရ တော့မှာပါ။ ပထမအကျော့ အဝေးကွင်းမှာ လီဗာ ပူးလ် အခက်တွေ့ခဲ့ရ၊ ရုန်းကန်ခဲ့ရတာမှန်ပေမဲ့ အန်ဖီးလ်ကွင်းမှာတော့ အဲဒီလို ထပ်ဖြစ်နိုင်ခြေနည်းပါတယ်။ ဒါပေမဲ့ PSG နည်းပြ အန်နရီကေးက တိုက်စစ်ဖွင့်ကစားမယ်လို့ ကြုံးဝါးထားတာကြောင့် အာနယ်ဆလော့ ဘယ်လိုဗျူဟာနဲ့ တုံ့ပြန်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ Opta ကတော့ ကွာတားဖိုင်နယ်တက်ရောက်ဖို့ လီဗာပူးလ်အသင်းရဲ့ ဖြစ်နိုင်ခြေက (၈၄.၆%)၊ PSG အသင်းရဲ့ ဖြစ်နိုင်ခြေက (၁၅.၄%)လို့ သတ်မှတ်ထားပါတယ်။ ဘာစီလိုနာနဲ့ ဘင်ဖီကာတို့အတွက် ခန့်မှန်း ချက်ကလည်း ဘာစီလိုနာရဲ့ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခြေက (၈၈.၆%)၊ ဘင်ဖီကာရဲ့ ကွာတားဖိုင်နယ်တက်ရောက်နိုင်ခြေက (၁၁. ၄%) လို့ သတ်မှတ်ထားပါတယ်။ ဘာစီလိုနာအ သင်းက ပထမအကျော့မှာ ဘင်ဖီကာကို ကပ်နိုင်ရုံသာ စွမ်းဆောင်နိုင်ခဲ့တယ်ဆိုပေမဲ့ ပွဲချိန်(၂၂)မိနစ်မှာကတည်းက လူငယ်နောက်ခံလူ ကူဘာဆီ ထုတ်ပယ်ခံခဲ့ရတာကြောင့် တစ်ယောက်လျော့နဲ့ ကစားပြီး အနိုင်ရခဲ့တာပါ။ ဒါကြောင့် ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်က ဘာစီလိုနာအသင်းအတွက် အခက်အခဲမရှိနိုင်ဘူးလို့ ပရိသတ်အများစု ကလည်း ယုံကြည်နေကြပါတယ်။ ပထမအကျော့ အနိုင်ရခဲ့တဲ့ (၇)သင်းထဲမှာ နောက်တစ်ဆင့်တက်ရောက်ဖို့ အလားအလာအနည်းဆုံးအဖြစ် သတ်မှတ်ခံထားရတာကတော့ ရီးယဲလ်မက်ဒရစ်ပါ။ ရီးယဲလ်က ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်း၊ လက်ရှိချန်ပီယံအသင်းဖြစ်ပေမဲ့ ပထမအကျော့ နိုင်ပွဲရအသင်းတွေထဲမှာ အလားအလာအနည်းဆုံး ဖြစ်နေတာကတော့ အိမ်ကွင်းမှာ အက်သလက်တီ ကိုအသင်းကို ကပ်နိုင်ရုံသာ စွမ်းဆောင်နိုင်ခဲ့တာ ကြောင့်ပါ။ ရီးယဲလ်က (၁၆)သင်းအဆင့်မှာ အ တောင့်တင်းဆုံးပြိုင်ဘက်တွေထဲက တစ်သင်းဖြစ်တဲ့ မြို့ခံပြိုင်ဘက်အသင်းနဲ့ ဆုံတွေ့ခဲ့ပြီး မက်ဒရစ်ဒါဘီပွဲ ဆင်နွှဲခဲ့ရပါတယ်။ မျှော်လင့်ထားတဲ့အတိုင်း နိုင်ပွဲရရှိခဲ့ပေမဲ့ (၂-၁)ဂိုး ဆိုတဲ့ရလဒ်က အက်သလက်တီကိုကွင်းမှာ အတိမ်းအစောင်းမခံဘူးဆိုတဲ့ အဓိပ္ပာယ်သက်ရောက်သွားစေခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ အခုနောက်ပိုင်း ဆုံတွေ့မှုတွေမှာ ဧည့်သည်အသင်း အနိုင်ရတယ်ဆိုတာ အတော်လေးရှားပါးလာပါတယ်။ အက်သလက်တီကိုကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲတွေမှာလည်း အနိုင်မ ရခဲ့ပါဘူး။ (၃)ပွဲယှဉ်ပြိုင်ခဲ့ရာမှာ အက်သလက်တီ ကိုအသင်းက (၂)ပွဲနိုင်၊ (၁)ပွဲသရေရလဒ် ရရှိခဲ့ တာပါ။ ဒါကြောင့် ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကွာ တားဖိုင်နယ်တက်ရောက်နိုင်ခြေ အလားအလာက (၇၂.၅%)သာရှိပြီး အက်သလက်တီကိုအသင်းရဲ့ အလားအလာက (၂၇.၅%)ရှိနေတာပါ။
မျှော်လင့်ခွင့်
အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ကစားရတဲ့ ပွဲစဉ်တွေမှာ ပထမအကျော့ဆိုတာ အဖြေတစ်ဝက်သာ ထွက်ပေါ်သေးတဲ့ အခြေအနေပါ။ အဆုံးအဖြတ်ပေးလို့ရတဲ့ နောက်ဆုံးအဖြေ မဟုတ်သေးပါဘူး။ ဒါကြောင့် ရှုံးနိမ့်ထားတဲ့အသင်းတွေမှာလည်း မျှော်လင့်ခွင့်ရှိနေသေးတယ်ဆိုပေမဲ့ အိမ်ကွင်းမှာ စံချိန်တင်ဂိုးအရေအတွက်နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ PSV အသင်းအတွက်တော့ မျှော်လင့်ခွင့်က အဆုံးသတ်သွားခဲ့ပါပြီ။ ချန်ပီယံလိဂ်မှာ ပထမအကျော့ ဂိုးပြတ်အရှုံးရလဒ်ကို ဒုတိယအကျော့မှာ ပြန်ချေဖျက်နိုင်တဲ့ အသင်းတချို့ ရှိဖူးပေမဲ့ အခုလောက် ပြတ်သားတဲ့ရလဒ်ကိုတော့ ချေဖျက်နိုင်တာမျိုး မရှိသေးပါဘူး။ ပြောမယ်ဆိုရင် ရှုံးထွက်အ ဆင့် အိမ်ကွင်းပွဲစဉ်မှာ အခုလိုရလဒ်မျိုးနဲ့ အရှုံးပေးခဲ့ရတဲ့ အသင်းမျိုးလည်း မရှိဖူးသေးပါဘူး။ ဒါကြောင့် PSV အသင်းရဲ့ နောက်တစ်ဆင့်တက်နိုင်ခြေအလားအလာကို သုညရာခိုင်နှုန်းလို့သာ စူပါကွန်ပျူတာက သတ်မှတ်ခဲ့တာပါ။ နောက်ထပ်အလားအလာအနည်းဆုံးအသင်းက (၃.၂%)သာရှိတဲ့ ဖီယင်နု ဖြစ်ပါတယ်။ ဒီတော့ နယ်သာလန် ကလပ်နှစ်သင်းစလုံး (၁၆)သင်းအဆင့်ကနေ လှည့်ပြန်ရဖို့ သေချာသလောက်ရှိသွားတဲ့ အနေအထားပါပဲ။ သူတို့နောက်မှာတော့ လေဗာကူဆင်အသင်းက (၅%)နဲ့ ရပ်တည်နေပါတယ်။ ပထမအကျော့ ထွက်ပေါ်ခဲ့တဲ့ ရလဒ်တွေထဲမှာ ဘိုင်ယန်မြူးနစ် ၃-၀ လေဗာကူဆင်ဆိုတဲ့ ရလဒ်ကလည်း အံ့ အားသင့်စရာဖြစ်ခဲ့ပါတယ်။ အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်အသင်း အနိုင်ရတာ မထူးဆန်းပါဘူး။ ဒါပေမဲ့ အခုနောက်ပိုင်း ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုမှာ လေဗာကူဆင်က အသာစီးရရှိနေခဲ့တာပါ။ လေဗာကူဆင်အသင်းကို စပိန်နည်းပြ ရှာဘီအလွန်ဆို ကိုင်တွယ်ချိန်ကစပြီး ဒီရာသီ (၁၆)သင်းအဆင့် ပထမအကျော့မတိုင်ခင်အထိ ဘိုင်ယန်မြူးနစ်ကို မရှုံးနိမ့်ခဲ့ပါဘူး။ ပြိုင်ပွဲစုံ(၆)ပွဲမှာ လေဗာကူဆင်က (၃)ပွဲနိုင်၊ (၃)ပွဲသရေ ကစားခဲ့တာပါ။ ရှာဘီအလွန် ဆိုက ဒီလို အသာစီးယူထားနိုင်ခဲ့ပြီးမှ ပထမအ ကျော့မှာ ဂိုးပြတ်အရှုံးပေးခဲ့ရတာပါ။ အလွန်ဆိုက အလွယ်တကူ လက်မြှောက်အရှုံးပေးမှာ မဟုတ် ဘူး၊ ဒုတိယအကျော့မှာ ဆက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ ဆိုထားပေမဲ့ မျှော်လင့်နိုင်စွမ်းကတော့ တကယ့်ကို နည်းပါးလွန်းနေခဲ့ပါပြီ။ အိမ်ကွင်းမှာ အနည်းဆုံး (၃-ဝ)ဂိုးနဲ့ ပြန်အနိုင်ရဖို့ လိုအပ်နေပြီး ဘိုင်ယန်မြူးနစ်လိုအသင်းကို ဒီလိုလုပ်နိုင်ဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။ ဒါပေမဲ့ အလွန်ဆို ဘယ်လိုဗျူဟာ ချမှတ်မလဲ၊ လေဗာကူဆင်အသင်း ဘယ်လောက်အထိ ရုန်းအားပြနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ကြရမှာပါ။ (၁၆)သင်းအဆင့်မှာပဲ ထိပ်သီးအသင်းတချို့ ထိပ်တိုက်ဆုံတွေ့ခဲ့ကြတာကြောင့် နှုတ်မဆက်သင့်သေးဘဲ နှုတ်ဆက်ရတော့မယ့်အသင်းတွေ ရှိလာခဲ့ပေမဲ့ ပထမအကျော့ ရလဒ်တွေအရတော့ ကွာတားဖိုင်နယ်ပွဲစဉ်တွေက ပရိသတ်တွေအတွက် ကျေနပ်စရာ ပွဲကြီးပွဲကောင်း တွေဖြစ်လာဖို့ အလားအလာများနေပါတယ်။ ပထမအကျော့မှာ အနိုင်ရခဲ့တဲ့အသင်းတိုင်း ရှေ့ဆက်နိုင်ခဲ့မယ်ဆိုရင် ကွာတားဖိုင်နယ်မှာ အာဆင်နယ်-ရီးယဲလ်မက်ဒရစ်၊ လီဗာပူးလ်-အက်စတွန်ဗီလာ၊ ဘိုင်ယန်မြူးနစ်-အင်တာမီလန်၊ ဘာစီလိုနာ - ဒေါ့မွန်/လိုင်လီပွဲတွေကို မြင်တွေ့ကြရမှာပါ။ ပထမအကျော့တုန်းက (၁-၁)ဂိုးနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ ဒေါ့မွန်-လိုင်လီ အတွဲအဖက်မှာတော့ ဒုတိယအကျော့ကို အိမ်ကွင်းကစားရမယ့် လိုင်လီအသင်းက အခွင့်အလမ်းသာနေတယ်လို့ ခန့်မှန်းခံထားရပါတယ်။ ပရိသတ်အများစုကတော့ ပြီးခဲ့တဲ့ရာသီတုန်းက ဗိုလ်လုပွဲရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဒေါ့မွန်အသင်း ကွာတားဖိုင်နယ်တစ်နေရာ ရယူနိုင်ဖို့ လိုလားနေကြပါတယ်။ ဒုတိယအကျော့မှာ မယုံနိုင်စရာ အလှည့်အပြောင်းတွေကို မြင်တွေ့ကြရဦးမလား၊ ထိပ်သီးအသင်းကြီးတွေပဲ အမှားအယွင်းမရှိ ရှေ့ဆက်နိုင်ကြမလား ဆိုတာကိုတော့ . . . ။