Eleven Media Group

နှစ်ဦးသဘောတူလမ်းခွဲခြင်း (Life)

Photo : X

ဒီရက်ပိုင်းအတွင်း ဘောလုံးလောကမှာ လမ်းခွဲသတင်းတွေ ဆက်တိုက်လိုလို ကြားလာရပြန်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ဂျီးနပ်စ်၊ အခု တာစတီဂျန်။ ဂျာမန်ဂိုးသမား စတီဂျန်က ဒဏ်ရာပြဿနာကြောင့် အနားယူနေရချိန်မှာ ဇနီးသည်နဲ့ လမ်းခွဲရတဲ့အခြေအနေ ဖြစ်လာတာကြောင့် ကံကြမ္မာရဲ့ ဘက်ပေါင်းစုံက ထိုးနှက်မှုနဲ့ ရင်ဆိုင်ရချိန်လို့လည်း ဆိုနိုင်ပါတယ်။

ဒီရက်ပိုင်းအတွင်း ဘောလုံးလောကမှာ လမ်းခွဲသတင်းတွေ ဆက်တိုက်လိုလို ကြားလာရပြန်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ဂျီးနပ်စ်၊ အခု တာစတီဂျန်။ ဂျာမန်ဂိုးသမား စတီဂျန်က ဒဏ်ရာပြဿနာကြောင့် အနားယူနေရချိန်မှာ ဇနီးသည်နဲ့ လမ်းခွဲရတဲ့အခြေအနေ ဖြစ်လာတာကြောင့် ကံကြမ္မာရဲ့ ဘက်ပေါင်းစုံက ထိုးနှက်မှုနဲ့ ရင်ဆိုင်ရချိန်လို့လည်း ဆိုနိုင်ပါတယ်။

(၃၂)နှစ်ရှိပြီဖြစ်တဲ့ စတီဂျန်က ဒန်နီယယ်လာ နဲ့ ၂၀၁၂ ခုနှစ်မှာ စတင်ဆုံတွေ့ ချစ်ကျွမ်းဝင်ခဲ့ကြတာပါ။ စတီဂျန် မိုချန်ဂလာဘတ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့တော့ ဒန်နီယယ်လာက ချစ်သူနဲ့အတူ စပိန်ကို လိုက်ပါလာခဲ့ပါတယ်။ ၂၀၁၇ မှာ ဘာစီလိုနာမြို့နားက ဘုရားကျောင်းလေးတစ်ခုမှာ လက်ထပ်ပွဲ ကျင်းပခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဘန်လို့ အမည်ရတဲ့ (၅)နှစ်အရွယ်သားလေးနဲ့တွမ်လို့ အမည်ရတဲ့ အခါလည်ကျော်ခါစ သားလေးတစ်ယောက်ရှိပါတယ်။ စတီဂျန်က လောလောဆယ် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပေမဲ့ လှပကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားသူပါ။ ဘာစီလိုနာအသင်းမှာ ဆာဂျီရောဘတ်တို မရှိတော့တဲ့နောက် အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခံခဲ့ရသလို၊ ဂျာမနီလက်ရွေးစင်အသင်းမှာလည်း နော်ယာအနားယူသွားပြီဖြစ်တာကြောင့် နံပါတ်တစ်ဂိုးသမား အဖြစ် ခိုင်မာနေပါပြီ။ ဘာစီလိုနာအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး တစ်နှစ်လစာ ယူရို(၆)သန်းကျော် ရရှိနေပါတယ်။ ဒီတော့ ကွင်းတွင်းကွင်းပြင် သာယာချမ်းမြေ့တဲ့ဘဝကို ပိုင်ဆိုင်ထားတယ်လို့ ပရိသတ်တွေက ထင်မှတ်ခဲ့ကြပေမဲ့ အံ့အားသင့်ဖွယ်လမ်းခွဲသတင်း ထွက်ပေါ်လာခဲ့တာပါ။ နှစ်ဦးသဘောတူ ပူးတွဲထုတ်ပြန်ခဲ့တဲ့ လမ်းခွဲကြောင်း ကြေညာချက်မှာတော့ ရင်သွေးတွေအတွက် အကောင်းဆုံးဖြစ်စေမယ့် ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချမှတ်ခဲ့ရခြင်းဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ သူတို့ နှစ်ဦးအနေနဲ့ ဇနီးမောင်နှံအဖြစ် ဘယ်လိုမှ ဆက်လက်နေထိုင်ဖို့ မဖြစ်နိုင်တော့တာကြောင့် လမ်းခွဲလိုက်ရခြင်းဖြစ်တယ်လို့ အဓိပ္ပာယ်ကောက်ရမယ် ထင်ပါတယ်။ သူတို့နှစ်ဦး အတူနေပြီး ဆက်ဆံရေး အဆင်မပြေရင် ကလေးတွေ ပျော်ရွှင်နိုင်မှာ မဟုတ်ဘူးလေ။

ဒီလိုနဲ့ပဲ နောက်ဆုံးတော့ (၁၂)နှစ်ကျော် ကြာမြင့်ခဲ့တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်လမ်းခွဲခြင်း မှာ အဆုံးသတ်ခဲ့ရတာပါပဲ။ တစ်ယောက်ယောက်က ဖောက်ပြန်လို့၊ တစ်ယောက်ယောက်က အမှားအယွင်းလုပ်မိလို့ ဆိုတာမျိုးမဟုတ်ဘဲ ရုတ်တရက် လမ်းခွဲခဲ့ကြခြင်းဖြစ်တာကြောင့် ပရိသတ်တွေအတွက်တော့ မတင်မကျခံစားရတဲ့ လမ်းခွဲဇာတ်လမ်းလို့ပဲ ဆိုရမှာပါ။

မူရင်းသတင်း — Eleven Media Group