Eleven Media Group

သူ့ဆံပင် ဘယ်တော့ညှပ်ခွင့် ရရှာမလဲ (Life)

Photo : The Sun

ဖရန့်ခ်အီလက်ဆိုတဲ့ မန်ယူပရိသတ်တစ်ယောက်ကတော့ ကြံကြံဖန်ဖန်စိန်ခေါ်မိတာကြောင့် ဒုက္ခများနေခဲ့ပါပြီ။ သူက မန်ယူအသင်း (၅)ပွဲဆက် အနိုင်ရမှ ဆံပင်ညှပ်မယ်လို့ စိန်ခေါ်ခဲ့တာပါ။ အခု ဆိုရင် ဖရန့်ခ်အီလက်ဆံပင်မညှပ်ရတာ ရက်ပေါင်း (၁၅၀) ကျော်သွားခဲ့ပါပြီ။

ဖရန့်ခ်အီလက်ဆိုတဲ့ မန်ယူပရိသတ်တစ်ယောက်ကတော့ ကြံကြံဖန်ဖန်စိန်ခေါ်မိတာကြောင့် ဒုက္ခများနေခဲ့ပါပြီ။ သူက မန်ယူအသင်း (၅)ပွဲဆက် အနိုင်ရမှ ဆံပင်ညှပ်မယ်လို့ စိန်ခေါ်ခဲ့တာပါ။ အခု ဆိုရင် ဖရန့်ခ်အီလက်ဆံပင်မညှပ်ရတာ ရက်ပေါင်း (၁၅၀) ကျော်သွားခဲ့ပါပြီ။

ဖရန့်ခ်အီလက်က စပိန်မှာ နေထိုင်တဲ့ မန်ယူပရိသတ်ပါ။ သူက လူမှုကွန်ရက်မှာ ထင်ရှားကျော် ကြားဖို့ ရည်မှန်းကြိုးစားနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုတော့ မန်ယူအသင်းရဲ့ ကျေးဇူးနဲ့ လူသိများသူတစ်ယောက်ဖြစ်လာခဲ့ပြီး Instagram က သူပို့စ်တွေကို ဝင်ရောက်ကြည့်ရှုတဲ့ပရိသတ် (၃၅)သန်းကျော်သွားပြီလို့လည်း သိရပါတယ်။ ဒါပေမဲ့ ဆံပင်ညှပ်စိန်ခေါ်မှုကို ပြုလုပ်ရတဲ့ သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နာကျင်စရာအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ မန်ယူပရိသတ်တွေကို ပျော်ရွှင်စေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဖရန့်ခ်အီလက်က ၂၀၂၄ အောက်တိုဘာ(၅)မှာ The United Strand ဆိုတဲ့ Channel တစ်ခု ဖန်တီးပြီး အခု Challenge ကို စတင်ပြုလုပ်ခဲ့တာပါ။ အဲဒီနေ့မှာ ဖရန့်ခ်အီလက်က ဆံပင်ကို အတိုဆုံးဖြစ်အောင် ညှပ်ခဲ့ပြီးတဲ့နောက် မန်ယူအသင်း ပြိုင်ပွဲစုံမှာ (၅)ပွဲဆက် အနိုင်ရတော့မှ နောက်တစ်ကြိမ်ပြန်ညှပ်တော့မယ်လို့ စိန်ခေါ်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့ကစပြီး သူက နေ့စဉ် ပို့စ်တင်ပြီး ဘယ်နှရက်ရှိသွားပြီလဲဆိုတာ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ မန်ယူအသင်းကတော့ သူ စိန်ခေါ်မှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း (၃)ပွဲဆက် ထက်ပိုပြီး အနိုင်မရခဲ့ပါဘူး။ ဒီတော့ ဖရန့်ခ်အီလက်ရဲ့ ဆံပင်က တစ်နေ့တခြား ရှည်လျားလာခဲ့ပါတယ်။ ရက်ပေါင်း (၁၅၀)ကျော်လာတဲ့အခါမှာတော့ ဆံပင်ရှည်ဘုတ်သိုက်နဲ့ လူတစ်ယောက်အဖြစ် အသွင်ပြောင်းနေခဲ့ပါပြီ။

မန်ယူအသင်းက နည်းပြ အာမိုရင်မ်ရဲ့ ဦးဆောင်မှုအောက်မှာ ရုန်းကန်နေရဆဲဖြစ်တာကြောင့် သူ ဆံပင်ညှပ်ခွင့်ရဖို့ ဒီရာသီမှာ အလားအလာနည်းပါးနေပြီဖြစ်ပေမဲ့ အခြားတစ်ဖက်မှာတော့ သူ့အတွက် အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေ ဖြစ်ထွန်းလာခဲ့ပါတယ်။ သူက Instagram မှာ ၂၀၂၅ မကုန်ခင် Followers (၁၀၀၀၀)ရရှိဖို့ မျှော်မှန်းခဲ့ပေမဲ့ ၂၀၂၄ ဒီဇင်ဘာလအတွင်းမှာပဲ အဲဒီအရေအတွက်ကို ကျော်ဖြတ်ခဲ့ပါတယ်။ အခုဆိုရင် Followers (၈၀၀၀၀)နီးပါးရှိနေခဲ့ပါပြီ။ မန်ယူပ ရိသတ်တွေသာမက ပြိုင်ဘက်ပရိသတ်တွေပါ ဝင်ရောက်ကြည့်ရှုကြတဲ့ Channel တစ်ခုလည်း ဖြစ်နေခဲ့ပါပြီ။ ပရိသတ်တစ်ယောက်က သူ့ကို ဒီရာသီမှာ (၅)ပွဲဆက်မနိုင်ခဲ့ရင် နောက်ရာသီအထိ ဆက်သွားဦးမှာလားလို့ မေးတော့ ဖရန့်ခ်အီလက်က ဟုတ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ပရိသတ်တစ်ယောက်ကတော့ (၅)ပွဲဆက်ရှုံးခဲ့ရင်လို့ Challenge လုပ်ခဲ့ရင်မှ ပိုဖြစ်နိုင်ဦးမယ်လို့ လှောင်ပြောင်ခဲ့ပါတယ်။ မန်ယူအသင်းက ၂၀၂၄ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း (၅)ပွဲဆက်နိုင်ခဲ့တာ နောက်ဆုံးဖြစ်တာကြောင့် ဒီလိုလှောင်ပြောင်တာကို အဆိုးတော့ မဆိုသာပါဘူး။ မန်ယူပရိသတ်တွေကတော့ ဖရန့်ခ် အီလက်ဆံပင်အမြန်ဆုံးညှပ်ခွင့်ရဖို့ တိုးတိုးလေး ဆုတောင်းနေကြမှာပါ။

မူရင်းသတင်း — Eleven Media Group