Eleven Media Group

ချယ်လ်ဆီးကစားသမား ပါလ်မာ ပရီးမီးယားလိဂ်၌ ပထမဆုံးပယ်နယ်တီလွဲချော်

Photo: Premier League

ချယ်လ်ဆီးအသင်း၏ တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာသည် လက်စတာနှင့်ပွဲတွင် ပရီးမီးယားလိဂ်၌ ပထမဆုံး ပယ်နယ်တီလွဲချော်ခဲ့ကြောင်း သိရသည်။
ပါလ်မာသည် ယခုပွဲမတိုင်မီ ပရီးမီးယားလိဂ်၌ ပယ်နယ်တီ(၁၂)ကြိမ် ကန်ခဲ့ရာတွင် ရာနှုန်းပြည့်ဂိုးဝင်အောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။
သို့သော် လက်စတာနှင့်ပွဲတွင်မူ ၎င်း၏ ပယ်နယ်တီကန်ချက်ကို ပြိုင်ဘက်ဂိုးသမား ဟာမန်ဆန်က ကာကွယ်နိုင်ခဲ့သည့်အတွက် ပါလ်မာအနေဖြင့် ပထမဆုံးပယ်နယ်တီလွဲချော်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
ပါလ်မာသည် ယင်းကဲ့သို့ ပယ်နယ်တီ မဝင်ခဲ့သည့်အတွက် ၎င်း၏ ဂိုးပေါက်ပျောက်ဆုံးမှုမှာလည်း (၉)ပွဲရှိသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
ချယ်လ်ဆီးနည်းပြ မာရက်စကာက ယင်းပွဲတွင် ပါလ်မာအနေဖြင့် ကြံ့ခိုင်မှုမပြည့်ဝဘဲ ကစားခဲ့ခြင်းဖြစ်သောကြောင့် ဒုတိယပိုင်းတွင် လူစားလဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group